စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြားက ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာနရဲ့ ကော်သူးလေ အစိုးရ ပညာသင်ကျောင်းမှာ ကော်သူးလေ အစိုးရစစ် စာမေးပွဲ ဖြေဆိုပြီးစီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး – KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ကော်သူးလေ အစိုးရစစ် စာမေးပွဲကို KNU တာဝန်ရှိခေါင်းဆောင်တွေနဲ့ ကျောင်းဆရာ၊ ဆရာမတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့ မတ်လ ၁၄ ရက်မှာ သစ်ပင် ဝါးပင်တွေအကြား အောင်မြင်စွာ ဖြေဆိုပြီးစီးခဲ့တယ်လို့ သိရပါတယ်။

ကော့ကရိတ်မြို့နယ် ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာနရဲ့ ကော်သူးလေ အစိုးရ ပညာသင်ကျောင်းမှာ ကလေးလူငယ်တွေအနေနဲ့  အနာဂါတ်ဘဝနဲ့ ပညာရေးအတွက် စစ်ဘေးစစ်ဒဏ်တွေအကြား ခက်ခဲစွာ သင်ယူလေ့လာခဲ့ရတယ်လို့ ဆိုပါတယ်။

ကော့ကရိတ် မြို့နယ်အတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ အာရှလမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ အကြမ်းဖက် စစ်ကောင်စီတပ်က လူအင်အား၊ လက်နက်အင်အား များစွာဖြည့်တင်းကာ မြေပြင်ကနေ လက်နက်ကြီးတွေ၊ ဝေဟင်ကနေ အဆင့်မြင့် ဒရုန်းတွေ၊ လေယာဥ်တွေနဲ့ နေရာအနှံ့ နေစဥ်နဲ့အမျှ ပစ်ခတ်နေတယ်လို့ KNU က ဆိုပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့အရပ်သား ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေထိုင်နေရသလို KNU ထိန်းချုပ်နယ်မြေတွေမှာ အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ နေရာအနှံ့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

စစ်ဘေးစစ်ဒဏ်နှင့် လေကြောင်းရန်ကြောင့် သစ်ပင် ဝါးပင်အောက်မှာ စာမေးပွဲဖြေဆိုနေရသည့် ကျောင်းသူကျောင်းသားများ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

လျှပ်စစ်မီးလိုင်းပြင်ရန်လာသည့် စစ်ကောင်စီနှင့် ကာကွယ်ရေးတပ်တို့ ထိတွေ့မှုဖြစ်၊ စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးပြီး ၂၀ခန့် ဒဏ်ရာရ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တောင်သာမြို့ကနေ သံမဏိစက်ရုံကိုသွားတဲ့ လျှပ်စစ်မီးလိုင်းကို ပြင်ဖို့လာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၃) တပ်ရင်းထံက သိရပါတယ်။
Read More

မြင်းခြံမှာ အကြမ်းဖက် သီတာယုမွန်လက်အောက်ခံ စစ်အုပ်စုတွေက ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ယောက်ကို ဓားပြတိုက်သတ်ဖြတ်ခဲ့

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သီတာယုမွန် လက်အောက်ခံပျူစောထီးတွေက ကုန်စုံဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ယောက်ကို ဓားပြတိုက်သတ်ဖြတ်ပြီး လက်ဝတ်ရတနာတွေ ယူဆောင်သွားတယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီဆီက သိရပါတယ်။
Read More

မြင်းခြံမြို့နယ်၊ စွန်းလွန်းစစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်တွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ အကြမ်းဖက်စစ်သားတွေရှိနေတဲ့ စွန်းလွန်းဂိတ်ကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၂ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း Natogyi Regional Defence Force- NRDF က သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီအနေဖြင့် ၎င်းတို့လုပ်ဆောင်နေသော လေကြောင်းတိုက်ခိုက်မှုများအတွက် တာဝန်ခံရမည်ဟု NRFF ထုတ်ပြန်

စစ်ကောင်စီအနေနဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ ၄င်းတို့ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုများအတွက် တာဝန်ယူရမယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) က ထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်မှုတိုက်ဖျက်ရေး အထူးတပ်ဖွဲ့ (SOS) ဦးစီးပြုလုပ်သည့် အထူးတပ်ဖွဲ့ အပတ်စဉ် (၃) သင်တန်းဆင်းပွဲနှင့် လက်နက်အပ်နှင်းခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနလက်အောက်ရှိ အကြမ်းဖက်မှုတိုက်ဖျက်ရေး အထူးတပ်ဖွဲ့(SOS) က ပြုလုပ်တဲ့ အပတ်စဉ် (၃) သင်တန်းဆင်းပွဲအခမ်းအနားနဲ့ လက်နက်အပ်နှင်းခြင်းအခမ်းနားကို စက်တင်ဘာလ (၂၆) ရက်က စစ်ကိုင်းတိုင်း၊ NUG စိုးမိုးနယ်မြေအတွင်း တစ်နေရာမှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ အဆိုပါဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
Read More

KNU ထိန်းချုပ်ဒေသများတွင် စစ်ကောင်စီ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် အရပ်သား ၂ ဦး သေဆုံး

KNU ထိန်းချုပ်ရာဒေသတွေမှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ၂၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။