မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ မိုးကုတ်ခရိုင် အုပ်ချုပ်ရေးဌာနက ဦးဆောင်ပြီး ပြည်သူလူထုနဲ့ တွေ့ဆုံပွဲ ပြုလုပ်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ (၁၅)ရက်ကနေ မတ်လ (၁၂)ရက်ထိ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲမှာ PSLF/TNLAတွဲဖက်အထွေထွေအတွင်းရေးမှူး (၂)ဗိုလ်မှုကြီး တားပါင်လ၊ မိုးကုတ်ခရိုင် အတွင်းရေးမှုး ဗိုလ်ကြီးလိုမ်ထွန်း၊ တအာင်းပြည်ရဲတပ်ဖွဲ့က မိုးကုတ်ခရိုင်မှူး တားတိုင်ငမ်၊ တရားစီရင်ရေးဌာနက တာဝန်ရှိသူတွေနဲ့ ကျောက်မြတ်ကော်မတီတို့က တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူလူထုအနေနဲ့ TNLA ရဲ့ လက်ရှိအုပ်ချုပ်စုဖွဲ့မှု  ယန္တရားတွေကို သိရှိစေဖို့၊ မိုးကုတ်မြို့နယ်အတွင်း တရားဥပဒေစိုးမိုးမှု ပိုမိုကောင်းမွန်လာစေဖို့၊ တအာင်း ရဲတပ်ဖွဲ့နဲ့ ပြည်သူလူထု ချိတ်ဆက်ကာ ပိုမိုလုပ်ဆောင်နိုင်ဖို့တို့အတွက် အခုလို တွေ့ဆုံပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မိုးကုတ်ခရိုင် ဌာနဆိုင်ရာအသီးသီးနဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က တာဝန်ရှိသူတွေက ကျေးရွာပေါင်း (၁၅)ရွာကို ရက်ပေါင်း (၂၅)ရက်ကြာ သွားရောက်ပြီး ပြည်သူလူထုနဲ့ တွေ့ဆုံခဲ့တာဖြစ်တယ်လို့ TNLA က ဆိုပါတယ်။

အဆိုပါတွေ့ဆုံပွဲကို မိုးကုတ်ခရိုင် ဌာနဆိုင်ရာအသီးသီးရှိ ခေါင်းဆောင် (၁၆) ယောက်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ အုပ်စုအုပ်ချုပ်ရေးမှူးတွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ပြည်သူလူထု​ စုစုပေါင်း (၁၉၂၅) ယောက် တက်ရောက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပေါက်မြို့နယ်တွင် စစ်ဘေးရှောင်များရှိရာကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၂နှစ်ကျော်အရွယ် ကလေးငယ်အပါအဝင် ၅ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ဘေးရှောင်တွေ နေထိုင်ရာနေရာကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ၂ နှစ်ကျော်အရွယ် ကလေးငယ်တစ်ယောက်အပါအဝင် လူ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

မုံရွာ-မန္တလေး လမ်းပိုင်းပေါ်က စစ်ကောင်စီရဲ့ မြပုလဲစစ်ဆေးရေးဂိတ်ကို နှစ်ရက်ဆက်တိုက် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေး လမ်းပိုင်းပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ မြပုလဲစစ်ဆေးရေးဂိတ်ကို နှစ်ရက်ဆက်တိုက် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း (၄) တပ်ခွဲ (၂) - 5/ Commando Force က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကြာအင်းဆိပ်ကြီးမှာ စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး ၊ သံဃာတော်များနှင့် ကလေးငယ်များ ဒဏ်ရာရ…

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်အရုံး - KNU တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးပြီး သံဃာတော်တွေနဲ့ ကလေးငယ်တွေ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဒူးပလာယာခရိုင် သတင်းပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်ရှိ စစ်ကောင်စီ၏ ကမာရွတ် ရဲစခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်…

“နောက်ဆက်တွဲအသေးစိတ်ကတော့ စုံစမ်းဆဲပါ.....ရန်သူ့ဘက်က ထိခိုက်သေဆုံးမူကတော့ ရှိနိုင်ပါတယ်။ လက်ပစ်ဗုံး ၂ လုံးစလုံး ကွဲပါတယ်ဗျ...အသံလည်းအတော်ကျယ်တယ်၊ ပြင်းအားလည်း အတော်ပြင်းတယ်”
Read More

ထား၀ယ်ခရိုင်ထဲက PDF တပ်ဖွဲ့ ၆ဖွဲ့ ပေါင်းစုပြီး ခရိုင်တပ်ပေါင်းစုအဖြစ် စစ်ရေးတွေလှုပ်ရှားမယ်

ထားဝယ်ခရိုင်ရှိ PDFနဲ့ ပကဖ တပ်ဖွဲ့ ၆ခုပူးပေါင်းပြီး ခရိုင်တပ်ပေါင်းစုဖွဲ့စည်းလိုက်ပြီလို့ အသိပေးထုတ်ပြန်ပါတယ်။ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်း ၊ အမှတ်(၂)တပ်ရင်းနှင့် ထားဝယ်မြို့နယ် ၊ သရက်ချောင်းမြို့နယ် ၊ လောင်းလုံးမြို့နယ်နှင့် ရေဖြူမြို့နယ်များရှိ မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များပူးပေါင်းလိုက်ခြင်းဖြစ်ပါတယ်။
Read More

မော်ချီးဒေသ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၃၂ ဦးအထိ ရှိလာ

ကရင်နီပြည်နယ်၊ မော်ချီးဒေသက အရပ်သားပြည်သူတွေ နေထိုင်ရာနေရာကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ အရေအတွက်ဟာ ၃၂ ယောက်အထိ ရှိလာနေပြီလို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က သတင်းထုတ်ပြန်လာပါတယ်။