စစ်တပ်ကတာဝန်ယူထားတဲ့  ၄နှစ်တာအတွင်း တိုင်းပြည်ဟာ အဆိုးဘက်ကနေအကောင်းဘက်ကိုပြောင်းလာတာကြောင့် ပြည်သူကအကဲခတ်နိုင်ပြီလို့ အာဏာသိမ်း စစ်တပ်က အငြိမ်းစားရယူထားတဲ့ ဒုဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောပါတယ်။

လက်ရှိနေပြည်တော်မှာ ကျင်းပနေတဲ့စစ်ကောင်စီကို ထောက်ခံအားပေးသူတွေနဲ့ စစ်ကောင်စီ အဓိက ထိန်းချုပ်ထားသူတွေသာ ပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဒုဗိုလ်ချုပ်ကြီးမြင့်စိုးက ဝါဒဖြန့်မီဒီယာတွေကို ပြောကြားလိုက်တာပါ။

“NUG PDF နဲ့ပတ်သက်ပြီးတော့ မျှော်လင့်ချက်နဲ့ မျက်စိလည်သွားကြတာပေါ့။ ၄နှစ်တာကာလဖြစ်လာသည့်တိုင်အောင် ဘာမှမဖြစ်တော့ တကယ်ဒုက္ခရောက်တာ ပြည်သူလူထုပဲ။ နစကတာဝန်ယူဆောင်ရွက်နေတဲ့အတွင်း အဆိုးဘက်ကနေ အကောင်းဘက်သို့ ‌ပြောင်းလာတဲ့ ပုံရိပ်ကို လုထုကအကဲခတ်ကြည့်လို့ရတယ်။ ဆွေးနွေးပွဲတွေဆီက ထွက်လာတဲ့ရလဒ်ကိုကြည့်ပြီး ပြည်သူတွေ ဘာလုပ်သင့်သလဲဆိုတဲ့ အနေအထားရှိလာနိုင်မယ် ထင်ပါတယ်”  မြင့်စိုးကဆိုပါတယ်။

NSPNC ၊ EAO တွေနဲ့ နိုင်ငံရေးပါတီတွေ သုံးပွင့်ဆိုင် ပါဝင်တဲ့ PEACE TALK 2025 ငြိမ်းချမ်းရေးစကားဝိုင်း ဆွေးနွေးပွဲကို မတ် ၂၄ ရက်ကနေ ၂၆ ရက်အထိ နေပြည်တော်ရှိ MICC-2 မှာ ကျင်းပလျက်ရှိပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အာဏာသိမ်း စစ်ကောင်စီက တစ်ဖက်သတ် ကျင်းပလေ့ရှိပြီး တော်လှန်ရေးအင်အားစုတွေနဲ့ အတိုက်အခံအင်အားစုတွေကိုတော့ ဖိတ်ခေါ်လေ့မရှိပါဘူး။ 

ဒါ့အပြင် စစ်ကောင်စီက မြေပြင်မှာလည်း အရပ်သားပြည်သူတွေကို ပစ်မှတ်ထားမှုအပါအဝင် နိုင်ငံအနှံ့မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ဗန်းမော်က စစ်ကောင်စီရဲ့ အမြောက်တပ်ရင်းကို KIA သိမ်းပိုက်၊ စုစုပေါင်း တပ်ရင်း ၃ခုအထိ သိမ်းပိုက်ထိန်းချုပ်ထားပြီး မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေ

KIA ရဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း ( အမတ- ၃၆၆) ကို မနေ့က ဖေဖော်ဝါရီလ ၂ ရက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ဥသျှစ်ပင်မှာ စစ်ကောင်စီ အရပ်ဝတ်ဖြင့် ပေါ်တာဆွဲ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့နယ်နဲ့ ပတ်ဝန်းကျင် ကျေးရွာတွေက လူငယ်တွေကို စစ်ကောင်စီတပ်တွေက အရပ်ဝတ်တွေနဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အွန်လိုင်းမှတဆင့် စစ်အုပ်စု၏ ဝါဒဖြန့်ချိမှုနှင့် စိတ်ဓာတ်စစ်ဆင်ရေးကို ပြည်သူများ သတိပြုရန်နှင့် သတင်းတု၊ သတင်းမှားများကို သိရှိနားလည် ရှောင်ရှားပြီး မဖြန့်ချိမိဖို့ TNLA သတိပေး…

အကြမ်းဖက်စစ်အုပ်စုရဲ့ အွန်လိုင်းကို အသုံးပြုပြီး ဝါဒဖြန့်ချိမှုနဲ့ စိတ်ဓာတ်စစ်ဆင်ရေးကို သတိပြုပြီး သတင်းတု၊ သတင်းမှားတွေကို သိရှိနားလည်ကာ မဖြန့်ချိမိဖို့ တအာင်းတပ်မတော်(TNLA)က သတိပေးတိုက်တွန်းလိုက်ပါတယ်။
Read More

နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပေါင်(၃၀၀) ဗုံး (၂) လုံး အပါအဝင် ဗုံး (၁၁) လုံး လာရောက်ကြဲချတိုက်ခိုက်ရာ ဒေသခံ (၁) ယောက် သေဆုံးပြီး (၁) ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်က ပေါင်(၃၀၀)ဗုံး (၂) လုံးအပါအဝင် ဗုံး (၁၁) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ (၁) ယောက် သေဆုံးပြီး (၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသက PDF တွေဆီ စစ်ကောင်စီတပ်သား ၃ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ ဗျူဟာ ၂၇ ကို ‌စစ်ကောင်စီတပ်သား ၃ ယောက် လက်နက်နဲ့ အလင်းဝင်ရောက်လာခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဒေါက်တာဇော်မြင့်မောင်ရဲ့ ရက်လည်အလှူ ABSDF ဌာနချုပ်မှာ ပြုလုပ် (ဓာတ်ပုံသတင်း)

ကွယ်လွန်ခဲ့တဲ့ ဒေါက်တာ ဇော်မြင့်မောင်အတွက် ရည်စူးတဲ့ ရက်လည်အလှူကို ABSDF ဌာနချုပ် ဒေါင်းတမန်စခန်းမှာ ကျင်းပခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က ထုတ်ပြန်ပါတယ်။