KNLA တပ်မဟာ (၃) နယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် စခန်းသိမ်းတိုက်ပွဲတစ်ခုမှာ စစ်ဆင်ရေးဆောင်ရွက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဖိုင် ၁ ခုကို  Federal Wings က ထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ Jummer တွေကြောင့် ဒရုန်းစစ်ဆင်ရေးဆိုင်ရာ အခက်အခဲတွေ ကြုံတွေ့ခဲ့ရတဲ့  Federal Wings ရဲ့ R&D အဖွဲ့က နည်းပညာ အဆင့်မြှင့်တင်ပေးနိုင်မှုကြောင့် အောင်မြင်စွာ စစ်ဆင်ရေးတွေ လုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

နည်းပညာအဆင့်မြှင့်တင်ရာမှာ အမြဲတမ်း အသာစီးရနေတာမဟုတ်ဘဲ ရန်သူကလည်း အဆင့်မြှင့်တင်မှုတွေ လုပ်ဆောင်နေတဲ့အတွက် Federal Wings ရဲ့ R&D တပ်ဖွဲ့တွေက Research & Development လုပ်ငန်းတွေ အမြဲမပြတ် လုပ်ဆောင်လျက်ရှိတယ်လို့ ပြည်သူတွေထံ အသိပေး ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အညာမြေတပ်ပေါင်းစုမှ ကျဆုံးရဲဘော်များ၏ မိသားစုတစ်စုလျှင် ကျပ် ၁၄၅ သိန်းထောက်ပံ့ပေးအပ်ပြီး ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ဂုဏ်ပြုဦးညွှတ် (ရုပ်/သံ)

အညာမြေတပ်ပေါင်းစုမှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေရဲ့ မိဘတွေထံ သွားရောက်ကာ မိသားစုတစ်စုလျှင် ထောက်ပံ့ငွေ ကျပ် ၁၄၅ သိန်းပေးအပ်ပြီး ဂုဏ်ပြုတပ်ဖွဲ့ရဲ့ ဂုဏ်ပြုဦးညွှတ်ခြင်းနဲ့ ရှိခိုးကန်တော့ခြင်းတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြင်းခြံမြို့နယ်အတွင်း ဆက်ကြေးကောက်နေသည့် စစ်သားများကို တိုက်ခိုက်မှု ၇ ဦး သေပြီး သေနတ် ၇ လက်နှင့် ဆက်စပ်ပစ္စည်းများ ရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း ခရီးသွားပြည်သူတွေထံ ဆက်ကြေးကောက်နေတဲ့ အကြမ်း ဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၇ ယောက် သေဆုံးပြီး သေနတ် ၇ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ မြင်းခြံမြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဆက်ကြေးကောက်ရန် အိမ်စီးကားဖြင့် ထွက်လာသည့် ရဲများ တိုက်ခိုက်ခံရပြီး ဒုရဲအုပ်အပါ ၄ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း ဆက်ကြေးကောက်ဖို့ အိမ်စီးကားနဲ့ ထွက်လာတဲ့ စစ်ကော်မရှင် လက်အောက်ခံ ရဲတွေကို တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်အပါအဝင် ၄ ‌ယောက် သေဆုံးခဲ့တယ်လို့ Budalin Mobile Team က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဆိုင်းတောင်ရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဖမ်းဆီးရမိ (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင်ရွာ လက်ကီးမန်းဟိုတယ်မှာ တပ်စွဲပြီး ရွာကို မီးရှို့ဖျက် ဆီးခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို KIA၊ PDF ပူးပေါင်းတပ်တွေ ဖမ်းဆီးမိခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံလာပါတယ်။
Read More

မတ္တရာက စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒရုန်းနဲ့ တိုက်ခိုက်ခံရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဆင်ကျွန်းကျေးရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့  ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၆၆) လက်အောက်ခံ ခလရ(၂၄) တပ်သား- မင်းဇော်ဦး ၏ ပြောကြားချက် (ရုပ်/သံ)

“မန္တလေး ရှမ်းမြောက်ဘက်မှာ တံတားပြင်ခင်းသွားလုပ်တယ်။ ပြင်ခင်းလည်း ပြီးရော ရခိုင်ကို ပြန်ဆင်းမယ်။ မိသားစုနဲ့ တွေ့ရအောင် ပြန်ဆင်းတဲ့အခါ ကားဂိတ်မှာ ထမင်းစားနေတဲ့အချိန် ၁၁/ တွေကို လိုက်ဖမ်းတယ်။ အဲ့အချိန်မှာ ကျနော်ပါသွားတာ။ ကျနော့်ကို ဖမ်းပြီးတော့ ထွေအုပ်ရုံးကို ပို့လိုက်တယ်။ ထွေအုပ်ရုံးကနေမှတစ်ဆင့် စုဆောင်းရေးတပ်ကို ပို့တယ်''