ရန်ကုန်မြို့မှာ အခြေစိုက်ပြီး စစ်အာဏာရှင်ကို ပြောက်ကျားသပိတ်တွေ ဆင်နွှဲနေတဲ့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့နဲ့ ရန်ကုန်ဒရုန်းအဖွဲ့တို့ ပူးပေါင်းကာ မဟာမိတ်အဖြစ် ဖွဲ့စည်းကြောင်း ထုတ်ပြန်ပါတယ်။

ရန်ကုန်ဒရုန်းနဲ့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့တို့က တူညီတဲ့ ပန်းတိုင်ကို သွားဖို့ လမ်းတူနေတဲ့အတွက် မဟာမိတ်အဖြစ် ဖွဲ့စည်းလိုက်ရခြင်း ဖြစ်တယ်လို့ မတ်လ ၂၂ ရက် မနေ့က ထုတ်ပြန်ပါတယ်။

အခုတော်လှန်ရေးကာလကနေ တော်လှန်ရေးပြီးချိန် ပြန်လည်တည်ထောင်ရေး ကာလတိုင်အောင် ပြည်သူ့အကျိုးအတွက် အတူလက်တွဲသွားမယ်လို့လည်း ဆိုပါတယ်။

မဟာမိတ်အဖွဲ့တွေအနေနဲ့  တော်လှန်ရေးကာလအတွင်းမှာ တစ်ဦးကို တစ်ဦး ဖေးမကူညီပြီး လူထုအကျိုးကို များစွာထမ်းဆောင်သွားကြမယ်လို့ လည်း ဖော်ပြထားပါတယ်။

ရန်ကုန်မှာ အခြေပြုလှုပ်ရှားတဲ့ ဒီတော်လှန်ရေး သပိတ်အဖွဲ့တွေဟာ စစ်ကောင်စီရဲ့ လုံခြုံရေးတွေ အထူးတင်းကျပ်ထားတဲ့ ကြားထဲကနေ ပြောက်ကျားသပိတ်တွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဆက်တိုက်ဖော်ဆောင်လျက်ရှိတဲ့ အဖွဲ့တွေပဲ ဖြစ်ပါတယ်။

ထုတ်ပြန်ကြေညာချက်
0 Shares:
You May Also Like
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲနဲ့ သစ္စာရေသောက်ပွဲ အခမ်းအနား

PEOPLE'S LIBERATION FORCE ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲနဲ့ သစ္စာရေသောက်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂၂ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

လောင်းလုံးတွင် စစ်ကော်မရှင်တပ်နှင့် နီးစပ်သူကို WY စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် လမ်းပိုင်းတစ်နေရာမှာ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ နီးစပ်သူတစ်ယောက်ကို မူးယစ်ဆေးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဒိုက်ဦးထောင်တွင် အကျဉ်းထောင်အလုပ်များကို ငြင်းဆန်သည့် နိုင်ငံရေးအကျဉ်းသူများ ပါဆယ်ပို့ခွင့် ကန့်သတ်ခံရ

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသူတွေဟာ အကျဉ်းထောင်အလုပ်တွေကို ငြင်းဆန်တာကြောင့် ပါဆယ်ပို့ခွင့် ကန့်သတ်ခံနေရကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) ကနေ သတင်းထုတ်ပြန်ပါတယ်။
Read More

ရွှေကျင် ခမရ ၅၉၈ တပ်ရင်းဌာနချုပ်သိမ်းတိုက်ပွဲမှ စစ်ဆင်ရေးမှတ်တမ်းအချို့ Cloud Wings ထုတ်ပြန်

စစ်ကောင်စီ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်ကို ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ပူးပေါင်းမဟာမိတ်တော်လှန်ရေးတပ်တွေက ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ PDFစစ်ရုံးချုပ်က ဒီကနေ့ သတင်းထုတ်ပြန်ပြီးဖြစ်ပါတယ်။
Read More

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ကျောက်ကြမ်း၊ ကျောက်တော၊ နမ့်ပါတက်၊ကျောက် ပြုတ်၊ နားမုံနဲ့ ရေမောင်းတန်းကျေးရွာကြားမှ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ထောင်တွင်းထောင်ပြင် ပဋိပက္ခဖြစ်စဉ်များအပြီး မကွေးထောင်မှ နိုင်ကျဥ်းများ ဆေးကုသခွင့်နှင့် ထောင်ဝင်စာများ ပိတ်ပင်ခံထားရ

မကွေးအကျဉ်းထောင်မှာ တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ကျော် ဆေးကုသခွင့်မရရှိသလို ထောင်ဝင်စာတွေလည်း ပိတ်ခံထားရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) တာဝန်ခံ ကိုသိုက်ထွန်းဦး က မောင်းကို ပြောပါတယ်။