ယင်းမာပင်မြို့နယ် မဟာမိတ်တပ်ပေါင်းစုနဲ့ ယင်းမာပင်ခရိုင်အမှတ်(၂၇)တပ်ရင်းတို့ ပူးပေါင်းပြီး ”အကြီးဖြိုဖို့ အသီးလိုတယ်”ကမ်ပိန်းပြုလုပ်ထားတယ်လို့ သိရပါတယ်။

ရရှိလာတဲ့ ငွေကြေးတွေကို ၄၀ မမ အလုံး ၁၀၀ ဝယ်ယူသွားမှာဖြစ်ပြီး လက်ရှိကမ်ပိန်းပြည့်မှီဖို့ သိန်း ၁၀၀ ဝန်းကျင်လိုအပ်လျက်ရှိတယ်လို့ သိရပါတယ်။

ကမ်ပိန်းပြည့်မှီဖို့ ထောက်ပို့အဖွဲ့အစည်းများနဲ့ ထောက်ပို့ပြည်သူများဝိုင်ဝန်းကူညီပေးကြဖို့ ချိုမိုင်မိုင် ယင်းမာပင်မြို့နယ် မဟာမိတ်တပ်ပေါင်းစုမှ မေတ္တာရပ်ခံထားပါတယ်။

0 Shares:
You May Also Like
Read More

စခန်းသိမ်း၊ မြို့သိမ်း၊ မြို့ထိန်း တိုက်ပွဲတွေ ဆင်နွှဲနိုင်အောင် MBT ရဲ့ End Point ကမ်ပိန်းမှာ ပါဝင်ပေးဖို့ မေတ္တာရပ်ခံ (ရုပ်/သံ)

Myingyan Black Tiger (MBT) တပ်ဖွဲ့က စခန်းသိမ်း၊ မြို့သိမ်း၊ မြို့ထိန်းတိုက်ပွဲတွေ ဆင်နွှဲနိုင်ဖို့ ပြုလုပ်ထားတဲ့ End Point ကမ်ပိန်းဟာ စက်တင်ဘာ ၆ ရက်က စတင်ခဲ့ပြီး ဒီနေ့အထိ ၂၉ ရာခိုင်နှုန်းသာ ပြည့်မီသေးတဲ့အတွက် ပြည်သူတွေ ပါဝင်အားပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။
Read More

ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းပျူစခန်းက ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ဂန်ဂေါ့မြို့နယ် မြောက်ခင်ရန်းပျူစခန်းကနေ ထွက်လာတဲ့ အင်အား ၄၀ ခန့်ရှိ အကြမ်း ဖက်စစ်ကောင်စီတပ်စစ်ကြောင်းကို နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းက Fixed Wing ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မြိုင်နှင့် ပေါက်အစပ်ကို စစ်ကော်မရှင် ပါရာမော်တာများဖြင့် ၃ ရက်ဆက် ဗုံးကြဲ၊ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နယ်နဲ့ ပေါက်နယ်အစပ်ကို စစ်ကော်မရှင်က ပါရာမော်တာတွေနဲ့ ၃ ရက်ဆက် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပါတယ်။
Read More

အရာတော်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ် ဖမ်းထားသည့် ဓားစာခံ ၄ ဦးနှင့် ဘုန်းကြီး ၁ ပါးကို ကယ်ထုတ်နိုင်ခဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး အထိနာသွားတဲ့ စစ်ကောင်စီတပ်ထံကနေ ဓားစာခံ ၄ ယောက်နဲ့ ဘုန်းကြီး ၁ ပါးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဘုတလင်မြို့နယ် ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

နောင်ချိုမှာ သပြေရေတောင်ဘုရားကုန်းကို စစ်တပ်လေကြောင်းဗုံးကြဲချ၊ စေတီတော်ပျက်စီးပြီး အရပ်သား ၁ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း၊ တအောင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်က သပြေရေတောင်ဘုရားကုန်းကို ဒီနေ့ ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ်ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာနိုင်ငံတွင်း ဒေါက်တာဇော်ဝေစိုး ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နေသည့် ဘေးကင်းဆေးရုံတည်ဆောက်ရေး ပြည်သူများ အားဖြည့်ကူညီပေးကြဖို့ တိုက်တွန်း (ရုပ်/သံ)

မြန်မာပြည်တွင်းကို ပြန်လည်ရောက်ရှိကာ နွေဦးတော်လှန်ရေးတိုက်ပွဲမှာ ပြည်သူတွေနဲ့ တသားတည်း ပါဝင်နေတဲ့ NUG ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးဟာ ဘေးကင်းဆေးရုံတွေ တည်ဆောက်နိုင်ရေးအတွက် ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။