ဗုံးခိုကျင်းတည်ဆောက်ရေးနဲ့ အသိပညာပေးလုပ်ငန်းတွေအတွက်  ငွေကျပ် (၁၈.၂) ဘီလီယံအထိ အသုံးပြုထားကြောင်း  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကို ပြည်သူတွေကာကွယ်နိုင်ဖို့ လိုအပ်တဲ့ ဗုံးခိုကျင်းနဲ့  အသိပညာပေးကဏ္ဍတွေမှာပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာလအထိ အသုံးပြုခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မြေပြင်မှာရှိတဲ့ ပြည်သူ့အခြေပြုစာသင်ကျောင်းတွေနဲ့ ကျောင်းတွေတည်ရှိရာဒေသတွေမှာ လေကြောင်းရန်နဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု အန္တရာယ်တို့ကနေ ကြိုတင်ကာကွယ်နိုင်ဖို့ အတွက် ဗုံးခိုကျင်းတွေ တူးဖော်ပေးနေတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ “CDM များ စေတနာအားနဲ့အတူ၊ ဗုံးကျည်ဆံကြားက ကလေးငယ်များကို ဝိုင်းလို့ကူ” အစီအစဥ်နဲ့ ရန်ပုံငွေရှာဖွေပြီး ဗုံးခိုကျင်းများတူးဖော်ပေးခဲ့ရာမှာ (၈၃၆) ကျင်းတူးဖော်ပေးခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။

လက်ရှိအခြေအနေမှာ အရပ်သားပြည်သူတွေ နေထိုင်ရာ ဒေသတွေကိုပါ လေကြောင်းက ပစ်ခတ်တိုက်ခိုက်မှုတွေ အချိန်မရွေးဖြစ်ပေါ်လာနိုင်တာကြောင့် အရပ်သားပြည်သူတွေ (အထူးသဖြင့် စစ်ရှောင်ပြည်သူများ) အတွက် ယာယီပုန်းခိုစရာနေရာတွေ၊ ဗုံးခိုကျင်း‌တေွနဲ့ ကတုတ်ကျင်းများကို မြေပြင်လူထုအားနဲ့အတူ ဆက်လက်ဆောင်ရွက်ပေးဖို့ အလှူရှင်တွေက ရန်ပုံငွေများဆက်လက်လှူဒါန်းမှုတွေလည်း ရှိနေတယ်လို့ အသိပေးပါတယ်။

ဒါ့ကြောင့် ကြားကာလပညာသင်ကြားရေး ဖော်ဆောင်နေတဲ့ မြေပြင်စာသင်ကျောင်းတွေအပြင် စစ်ရှောင်စခန်းတွေမှာပါ ဗုံးခိုကျင်းတွေတူးဖော်ပေးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက အသိပေးထားပါတယ်။

တစ်ဆက်တည်းမှာပဲ နေရပ်စွန့်ခွာသူများနဲ့ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ ၊ အမိုးအကာ လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း၊ သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသူများအတွက် ထောက်ပံ့ကူညီမှုတွေလည်း ပြုလုပ်လျက်ရှိတယ်လို့ ထုတ်ပြန်ပါတယ်။

0 Shares:
You May Also Like
Read More

နမ့်ခမ်းနဲ့ လောက်ကိုင်ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်

MNDAA နဲ့ TNLA တို့ထိန်းချုပ်ထားတဲ့ နမ့်ခမ်းနဲ့ လောက်ကိုင်မြို့တို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပေါ် ငွေညှစ်နေသည့် စစ်အုပ်စု အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခံရပြီး ၃ ဦး သေ၊ ၅ ဦး ထိခိုက်

စစ်ကိုင်းတိုင်း၊ မန္တလေး-မုံရွာ လမ်းပေါ်မှာ ဆက်ကြေးကောက်ငွေညှစ်နေတဲ့ စစ်အုပ်စုတွေ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရပြီး နေရာမှာတင် ၃ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ မုံရွာခရိုင် အမှတ် (၄) တပ်ရင်း Chindwin Attack Force က ထုတ်ပြန်ပါတယ်။
Read More

လောပိတ ရေအားလျှပ်စစ် စီမံကိန်းကို ပြင်ဆင်ဖို့ ဘတ်ဂျတ်မရှိလို့ ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ လျှပ်စစ်မီးဆိုးရွားစွာ ပြတ်တောက်နေ

မြို့ကြီးတွေကို အဓိက ဓာတ်အားဖြန့်ဖြူးနေတဲ့ လောပိတ ရေအားလျှပ်စစ်စီမံကိန်းအတွင်းကဓာတ်အားပေး စက်ရုံကို ပြင်ဆင်ဖို့ဘတ်ဂျတ်မရှိတာကြောင့် ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာ လျှပ်စစ်မီး ပြတ်တောက်မှု ဆိုးရွားလာတာဖြစ်တယ်လို့ စစ်ကောင်စီထိန်းချုပ်ခံ လျှပ်စစ်ဝန်ကြီးဌာနရဲ့ အတွင်းသတင်းတွေအရ သိရှိရပါတယ်။
Read More

ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီးပစ်ခတ်လို့ အမေဖြစ်သူ သေဆုံးပြီး သားနှင့်သမီး အရေးပေါ်လူနာဖြစ်နေ၊ အိမ်နီးချင်းအမျိုးသား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်ဗျူဟာကုန်းကနေ စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူ ၁ယောက် သေဆုံးဟာ ၄ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

နောင်ချိုကို စစ်ကောင်စီ ပေါင် (၅၀၀) ဗုံးကြဲချတိုက်ခိုက်လို့ နေအိမ်တွေ ထိခိုက်ပျက်စီး

နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင်(၅၀၀) ဗုံး(၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA က အသိပေးထုတ်ပြန်ပါတယ်။
Read More

ရေဖြူမြို့နယ်တွင် အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား (၁၀) ဦး ထက်မနည်း ထိခိုက်သေဆုံး

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား (၁၀) ယောက်ထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ရာမညမွန်တပ်တော် (RMA) က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။