စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ခြေရာတော်ရွာနဲ့ ကြော့မင်းရွာတို့ကိုစစ်ကြောင်းဝင်မီးရှို့ကာ အရပ်သား ၉ ယောက်ကို လူသားဒိုင်းလုပ် ဖမ်းဆီးသွားကြောင်း မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မတ်လ ၂၁ ရက်၊ မနက်အစောပိုင်းက မြင်းမူမြို့နယ်၊ ဘိုးမင်းကြီးကင်းလမ်းခွဲ၊ မြောင်လမ်းမှာရှိတဲ့ ခြေရာတော်ရွာကို အင်အား ၁၅၀ နီးပါးနဲ့ ဝင်ရောက်ပြီး နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနေ့ညပိုင်းမှာလည်း ကြော့မင်းရွာကို ထပ်မံဝင်ရောက်ကာ နေအိမ် ၁လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။

“ဖမ်းသွားတဲ့သူတွေက ခြေရာတော်ရွာက ၃ယောက်ရယ်ကျော့မင်းရွာက ၆ ယောက်ရယ်ပါ။ ဓားစာခံလုပ် ဖမ်းသွားတာပါ။ အခုထိ ပြန်မလွတ်ကြသေးပါဘူး။ ဒေသခံ ရွာသားတွေက အခုထိ ဘေးလွတ်ရာရှောင်နေရလို့ သေချာအတည်မပြုနိုင်သေးပါဘူး” လို့ မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အဲ့ဒီနောက်မှာတော့ အကြမ်းဖက်စစ်သားတွေဟာ ဖမ်းဆီးထားတဲ့ အရပ်သားတွေကို လူသားဒိုင်းလုပ်ခေါ်ဆောင်ရင်း ဘိုးမင်းကြီးလမ်းပေါ်က တပိစခန်းရှိရာဆီ ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

“စကစဘက်က နယ်မြေစိုးမိုးဖို့လုပ်တယ်လို့ ယူဆတယ်ဗျ၊ ခြေရာတော်တို့ ကြော့မင်းဆိုတာက မြောင်-မြင်းမူ ကားလမ်းဘေးက ရွာတွေပါ။ မြောင်မြို့ပေါ်က စကစအထိုင်တပ်နဲ့ တပ်ချိန်းဖို့ စစ်ကြောင်းသွားတာလည်း ဖြစ်ဖို့များတယ်ဗျ။” လို့ မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိအခြေအနေအရ မုံရွာ-မန္တလေးလမ်းပိုင်း တလျှောက်က အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေဟာ အရပ်သားတွေကို ခြိမ်းခြောက်ဖမ်းဆီးတာတွေအပြင် လက်နက်ကြီး လက်နက််ငယ်တွေနဲ့ပါ ရမ်းသမ်းပစ်ခတ်တာတွေ ရှိနေတာကြောင့် မုံရွာ-မန္တလေးလမ်းပိုင်း၊ ဂွေးပင်တော-လက်ပံ လမ်းပိုင်း၊ ဘိုးမင်းကြီးကင်း-​ခြေရာတော်လမ်းပိုင်း၊ အလ္လကပ္ပ-တောချောင်းဥဦးလမ်းပိုင်း၊ မြင်းမူ-မြောင်တာဘောင်လမ်းပိုင်းနဲ့ ထီးဆောင်း-အရာတော်လမ်းပိုင်းတွေကို ည (၈နာရီ) ကနေ မနက် (၄နာရီ)အတွင်း သွားလာအသုံးပြုခြင်း မလုပ်ကြဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးခဲ့သည့် ခြေရာတော်နှင့် ကြော့မင်းရွာ မြင်ကွင်း (ဓာတ်ပုံ မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေး)

0 Shares:
You May Also Like
Read More

ဝက်လက်တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ၆ လသား ကလေးငယ် အပါအဝင် ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စဉ့်ကိုင် (မြောက်) ရွာကို တိုက်ပွဲဖြစ်ပွါးနေခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လသားအရွယ်ကလေး ၁ ယောက် အပါအဝင် ပြည်သူ ၄ ယောက် သေဆုံးခဲ့ပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

ဂန့်ဂေါခရိုင် အမှတ် ၁ တပ်ရင်းရဲ့ ပြည်သူတွေကို ကူညီပြီး ကောက်စိုက်ခဲ့တဲ့ ပုံရိပ်များ… (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင် အမှတ် ၁ တပ်ရင်းအနေနဲ့ စိုးမိုးနယ်မြေအတွင်းက ပြည်သူတွေကို ကူညီပြီး ကောက်စိုက်ခဲ့တဲ့ ပုံရိပ်တွေကို ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကန့်ဘလူမြို့နယ် ဇီးကုန်းရဲစခန်းကို လျှပ်တပြက် စီးနင်းတိုက်ခိုက်မှု ရဲ ၆ ဦး သေ၊ ရဲနှင့် ရဲမိသားစုဝင်အချို့ ဖမ်းမိကာ သေနတ်များ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

ထိုင်းစစ်တပ် ရိုက်နှက်လို့ မြန်မာအမျိုးသားတစ်ယောက် သေဆုံးခဲ့

၂၀၂၄ ခုနှစ်အစောပိုင်းက ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာအမျိုးသားတစ်ယောက်ကို ထိုင်းစစ်တပ်က သေတဲ့အထိ ရိုက်နှက်ခဲ့ကြတယ်လို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုက နိုဝင်ဘာလ ၁၄ ရက်နေ့မှာ စွပ်စွဲထားပါတယ်။
Read More

နတ်ရေကန်တောင်ဗျူဟာကုန်း၊ ငဖဲရေဒါထိန်းချုပ်ရေး ပင်မစခန်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၂ ဦးကို PIO/PIA ဖမ်းဆီးရမိ

မကွေးနဲ့ ရခိုင်ပြည်နယ်အစပ် နတ်ရေကန်တောင်ဗျူဟာကုန်း၊ ငဖဲရေဒါထိန်းချုပ်ရေး ပင်မစခန်းကနေ လက်နက်ကိုယ်စီနဲ့ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ယောက်ကို စစ်သုံ့ပန်း ဥပဒေနဲ့အညီ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

နိုင်ငံအနှံ့ ဗုံးကြဲနေသည့် စစ်ကောင်စီ အပစ်ရပ် ၁ လ သက်တမ်းတိုးကြောင်း ဟန်ပြထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီဟာ ငလျင်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အပစ်ရပ်ကာလကို မေ ၆ ရက်ကနေ ၃၁ ရက်အထိ ၁ လ သက်တမ်းတိုးကြောင်း ဒီနေ့မှာ ထုတ်ပြန်ပါတယ်။