နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုဆိုင်ရာ ခြိမ်းခြောက်မှုတွေ မြင့်တက်လာတာကြောင့် နယ်စပ်လုံခြုံရေး အစီအမံတွေကို တင်းကျပ်ထားကြောင်း ထိုင်းအစိုးရက ပြောပါတယ်။

ထိုင်း အမျိုးသားလုံခြုံရေးကောင်စီ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က ငွေလိမ်လုပ်ငန်းတွေဟာ မြဝတီကနေ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်ကို ပြောင်းရွှေ့သွားကြတယ်လို့ ပြောဆိုခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းက မတ်လ ၂၃ ရက်မှာ ဖော်ပြပါတယ်။

“အိမ်နီးနားချင်းနိုင်ငံတချို့မှာ ဆက်လက်လည်ပတ်နေတဲ့ ရာဇ၀တ်မှုကွန်ရက်တွေကို တိုက်ဖျက်ဖို့အတွက် ဒီလို အစီအမံတွေ လိုအပ်တယ်” လို့ စနေနေ့က ပြုလုပ်တဲ့ နယ်စပ်လုံခြုံရေး အစည်းအဝေးတစ်ခုအပြီးမှာ Phumtham က ပြောခဲ့ပါတယ်။

မတ်လ ၉ ရက်နေ့က တာ့ခ်ခရိုင် မဲဆောက်ခရိုင်ရှိ မြန်မာနယ်စပ်အနီး ထိုင်းဘက်ခြမ်းမှာ ကာရံထားသည့် အကာအရံများနှင့် ထိုင်းစစ်သားများကို တွေ့ရစဉ် (ဓာတ်ပုံ Assawin Pinitwong)

ငွေလိမ်လုပ်ငန်း ပြဿနာ ရေရှည်ဖြေရှင်းရေးအတွက်ကိုလည်း “ဒီလိုငွေလိမ်လုပ်ငန်းတွေ အဓိကအခြေစိုက်ရာ နိုင်ငံတွေက (ငွေလိမ်လုပ်ငန်းတိုက်ဖျက်ရေးအတွက်) ပူးပေါင်းဆောင်ရွက် အားထုတ်မှုတွေကို ဦးဆောင်သင့်တယ်” လို့ သူက ပြောပါတယ်။

မြန်မာပြည်နယ်စပ်ဒေသတွေမှာ ထိုင်းရဲ့ လျှပ်စစ်ဓာတ်အား၊ အင်တာနက်နဲ့ လောင်စာထောက်ပံ့မှုတွေ ကန့်သတ်ထားတဲ့ ကိစ္စတွေ ဆက်ရှိနေဦးမှာဖြစ်ကြောင်း သူက အတည်ပြုပြောဆိုပါတယ်။

ငွေလိမ်ကွန်ရက်တွေကို တိုက်ဖျက်ရေး ပိုမိုကြီးမားတဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ကိုလည်း သူက တိုက်တွန်းခဲ့ပါသေးတယ်။

ဒါ့အပြင် ထိုင်းအာဏာပိုင်တွေအနေနဲ့ တာ့ခ်ပြည်နယ်ထဲက ခရိုင် ၅ ခုကို အထူးလုံခြုံရေးဇုန်အဖြစ် သတ်မှတ်ဖို့လည်း အကဲဖြတ်နေကြောင်း သတင်းမှာ ဖော်ပြပါတယ်။

ကိုးကား – Thai border security measures to intensify amid criminal threat

0 Shares:
You May Also Like
Read More

မြန်မာစစ်တပ်၏ ရွေးကောက်ပွဲကို လက်မခံကြောင်း နယူးဇီလန်လွှတ်တော် တညီတညွတ်တည်း အတည်ပြု

နယူးဇီလန်ပါလီမန်က မြန်မာစစ်အုပ်စု ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကို လက်မခံကြောင်းနဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှာ မဟုတ်ကြောင်း ကန့်ကွက်သူမရှိဘဲ တညီတညွတ်တည်း အတည်ပြုခဲ့တယ်လို့ သိရပါတယ်။
Read More

တိုကျို ဆန္ဒပြပွဲ ကိုထိန်လင်း ပူးပေါင်းပါဝင်

လတ်တလော နိုင်ငံအတော်များများမှာ ပြုလုပ်နေတဲ့ All in One Piece Movement ကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာလည်း ဒီနေ့ ဒီဇင်ဘာ ၁၄ ရက်မှာ ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။
Read More

ငလျင်သင့်ပြည်သူများနှင့် ကယ်ဆယ်ရေး ပရဟိတအဖွဲ့များကို မြန်မာစစ်တပ်ရဲ့ဖိနှိပ်မှုကြောင့် အိန္ဒိယ ပရဟိတ ကယ်ဆယ်ရေးသမား နေရပ်ပြန်

အင်အားပြင်းငလျင်ဒဏ် ခံစားခဲ့ရတဲ့ ပြည်သူတွေကို စစ်ကောင်စီက လူသားဆန်မှုမရှိသလို ကယ်ဆယ်ရေးလုပ်ငန်းတွေမှာပါ ဖိနှိပ်ကန့်သတ်နေတာကြောင့် မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာတော့မယ်လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးခဲ့တဲ့ အိန္ဒိယနိုင်ငံသား စေတနာ့ဝန်ထမ်း Kiran Verma က သူ့ရဲ့ Facebook လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။
Read More

ဘန်ကောက်မှာ အသက် ၇၀ အရွယ်အမျိုးသားကို မြန်မာတဦးက ပစ်သတ်မှုဖြစ်ပွား၊ သေနတ်လုရင်း ပစ်ခတ်မိခြင်းဟု ဆို

ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ အသက် ၂၃ နှစ်အရွယ် မြန်မာအမျိုးသားတဦးဟာ ၎င်းရဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်ရဲ့ လုပ်ငန်းခွင်ဆီ ဝင်ရောက်တာကို ပိတ်ပင်ခံရတာကြောင့် အသက် ၇၀ အရွယ် ထိုင်းအမျိုးသားတဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ထိုင်းသတင်းမှာ ‌ဖော်ပြပါတယ်။ 
Read More

မြန်မာနိုင်ငံက ပြင်းထန်ငလျင်ဒဏ်သင့် ဒေသတွေကို အမေရိကန်က ကူညီမည်ဟု ဒေါ်နယ်ထရန့်က ပြော

မြန်မာနိုင်ငံကပြင်းထန်စွာ ငလျင်ဒဏ်သင့်ခံစားရတဲ့ဒေသများကို အမေရိကန်က ကူညီပေးသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားလိုက်ပါတယ်။
Read More

ဘယ်လာရုစ်သမ္မတရဲ့ တရက်မပြည့်တဲ့ မြန်မာခရီးစဉ်အတွင်း မင်းအောင်လှိုင်နဲ့ သဘောတူ စာချုပ် ၁၆ ခု လက်မှတ်ထိုး …

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဖိတ်ကြားချက်နဲ့ ရောက်ရှိလာတဲ့ ဘယ်လာရုစ်သမ္မတ လူကာရှန်ကို ရဲ့တရက်မပြည့်တဲ့ ခရီးစဉ်အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးစာချုပ် ၁၆ ‌စောင်ထိ လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။ တစ်ရက်တာ ၂၄ နာရီ တောင်မပြည့်ဘဲ လာရောက်ခဲ့တဲ့ ဘယ်လာရုစ်သမ္မတ လူကာရှန်ကို ရဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ အခုလို စာချုပ်တွေကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး ယင်းစာချုပ်တွေထဲမှာ အာဏာရှင်နှစ်နိုင်ငံအကြား ကုန် သွယ်ရေး၊ စီးပွားရေး ၊ယဉ်ကျေးမှုဆိုင်ရာများ အပြန်အလှန်ဖလှယ်နိုင်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်လုပ်မှုနည်းပညာများ အပြန်အလှန်ဖလှယ်နိုင်‌ရေးတွေ ပါဝင်တယ်လို့ စစ်အုပ်စုသတင်းများက ဆိုပါတယ်။