လုံခြုံရေးတွေ တိုးမြှင့်ထားတဲ့ ရန်ကုန်မြို့လယ်က တိတ်ရှိန်ရွှေဆိုင်ဓားပြမှုမှာ ပါဝင်သူတွေကို ဖမ်းမိထားပြီလို့ တိတ်ရှိန် ရွှေဆိုင်က လူမှုကွန်ရက်ကတဆင့် အသိပေးထားပါတယ်။

အခင်းဖြစ်ပြီး နာရီပိုင်းအကြာမှာပဲ ပြစ်မှုကျူးလွန်ရာမှာ ပါဝင်သူ အမျိုးသား ၄ ယောက်ကို ဖမ်းမိပြီး သက်ဆိုင်ရာ ရဲစခန်းမှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

အခင်းဖြစ်စဉ်မှာ ကျူးလွန်သူတွေ အသုံးပြုခဲ့တဲ့ သေနတ်ဟာ ပလတ်စတစ် သေနတ်အတု ဖြစ်တယ်လို့ ဆိုပါတယ်။ ဓားပြမှုအတွင်း ရွှေထည် ၂၀ ကျပ်သား ပါသွားခဲ့တယ်လို့လည်း သိရပါတယ်။

ဒီနေ့ မတ်လ ၂၃ ရက် မနက်အစောပိုင်းမှာ ပန်းဘဲတန်းမြို့နယ်၊ ဗန္ဓုလလမ်း၊ ၂၉ လမ်းနဲ့ လမ်း ၃၀ ကြားရှိ တိတ်ရှိန်ရွှေဆိုင်ကို လူ ၄ ယောက်က  ဝင်ရောက်ဓားပြတိုက်ခဲ့တာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူနဲ့အတူ ဘုံကထိန်ပွဲ ပြုလုပ်ခဲ့တဲ့ မိုးမိတ်ခရိုင် ပ.က.ဖ ရဲဘော်များ… (ဓာတ်ပုံသတင်း)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင်အတွင်း ဒေသခံပြည်သူတွေ ပြုလုပ်ခဲ့တဲ့ ဘုံကထိန်ပွဲမှာ မိုးမိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပ.က.ဖ )က ရဲဘော်တွေဟာ ပြည်သူနဲ့အတူ ပါဝင်လှူဒါန်းကူညီခဲ့တဲ့ ပုံရိပ်တွေကို မိုးမိတ်ခရိုင် ပကဖ သတင်းပြန်ကြားရေးစာမျက်နှာမှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ခင်ဦးမြို့ပေါ် တိုက်ပွဲမှာ ရဲဘော် နွေဦး ကျဆုံးခဲ့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေမှု့ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့ရကြောင်း သိရပါတယ်။
Read More

ရှစ်လေးလုံးမှ ထုဆစ်ပေးလိုက်သည့် နွေဦးတော်လှန်ရေးသည် စစ်မျက်နှာပေါင်းစုံဖြင့် စစ်အာဏာရှင်စနစ် အမြတ်ပြတ်စေဖို့ လုပ်ဆောင်နေသည့်ကာလ ဖြစ်ကြောင်း NUG ထုတ်ပြန်

၈၈၈၈ လူထုအရေးတော်ပုံကြီးကနေ ထုဆစ်ပေးလိုက်တဲ့ ၄ နှစ်ကျော်ကြာ နွေဦးတော်လှန်ရေးကာလဟာ စစ်မျက်နှာပေါင်းစုံနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်စေဖို့ လုပ်ဆောင်နေတဲ့ကာလ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ (၃၇)နှစ်မြောက်နေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
Read More

အချုပ်ခန်းတွင် လိင်အကြမ်းဖက်မှု ကျူးလွန်ခဲ့သူများကို အပြစ်ပေး အရေးယူမှု စတင်လုပ်ဆောင်နေပြီ ဟု NUG ပြော

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ လိင်အကြမ်းမှု တရားခံအဖြစ် စွပ်စွဲခံရသူတွေကို စတင်စစ်ဆေးနေပြီ ဖြစ်ကြောင်း NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဒီနေ့ မတ်လ ၄ ရက် ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်မှာ ပြောဆိုခဲ့ပါတယ်။
Read More

ရေဖြူတံတားထိပ်က စစ်တပ်ဂိတ်ကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်လို့ စစ်ကောင်စီတပ်သား ၄ ဦး သေ အောက်တိုဘာ ၁၃၊ ၂၀၂၄

ရေဖြူမြို့နယ်၊ ရေဖြူတံတားထိပ်တွင် စစ်ဆေးရေး လုပ်နေတဲ့စစ်တပ်ဂိတ် ကိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ မိခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ထံက သိရပါတယ်။
Read More

ပါတီစုံဒီမိုကရေစီ လိုချင်ရင် ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်ကြဖို့ စစ်အာဏာရှင် မင်းအောင်လှိုင် ပြော

အာဏာသိမ်းစစ်တပ်က ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်နှောင့်ယှက်မှုမျိုး မပြုလုပ်ဘဲ အားလုံးပူးပေါင်းကြဖို့  စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။