၂၀၂၆ ဇန်နဝါရီလမှာ ပြုလုပ်မယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဉ်နဲ့ ပတ်သက်ပြီး အလေးအနက် စိုးရိမ်မိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာကာရှိ အီဝါယာ က မတ်လ ၂၁ ရက်က ပြုလုပ်တဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ Human Right Watch က ဖော်ပြပါတယ်။

အတိုက်အခံ လွှတ်တော်အမတ်တစ်ယောက်ရဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး “ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံတွေ ပြန်လွှတ်ပေးတာမျိုး၊ လက်ရှိအခြေအနေတွေကို ဖြတ်ကျော်ဖို့ တွေ့ဆုံဆွေးနွေးတာမျိုး စတဲ့ နိုင်ငံရေးအရ တိုးတက်မှုတွေမရှိပါဘဲနဲ့ အမျိုးသားအဆင့် ရွေးကောက်ပွဲတွေ ကျင်းပမယ်ဆိုရင် မြန်မာပြည်သူတွေက ပိုမိုခုခံတော်လှန်မှာဖြစ်ပြီး ငြိမ်းချမ်းတဲ့အဖြေတစ်ခုရဖို့ ခက်ခဲသွားနိုင်တာကြောင့် ဂျပန်အစိုးရအနေနဲ့ အထူးစိုးရိမ်မိတယ်” လို့ အီဝါယာက ဖြေကြားခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လူသားဆန့်ကျင်ပြစ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့ပါတယ်။ 

ဒါ့အပြင် နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းတာ၊ မတရားအသင်း ကြေညာတာတွေလုပ်ပြီး အတိုက်အခံ နိုင်ငံရေးသမားတွေကို ဖိနှိပ်ခဲ့တာကြောင့် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲမဖြစ်နိုင်တဲ့ အကြောက်တရားနဲ့ ပတ်ဝန်းကျင်မျိုး ဖန်တီးခဲ့ပါတယ်။ 

နိုင်ငံဧရိယာအတော်များများ စစ်ကောင်စီထိန်းချုပ်မှုအောက်မှာ မရှိတာကြောင့် ရွေးကောက်ပွဲကို ယုံကြည်လက်ခံနိုင်စရာမရှိ ဖြစ်လာပါတယ်။ 

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကလည်း စစ်ကောင်စီဟာ မဲဆန္ဒရှင်စာရင်း ရယူဖို့ဆိုပြီး ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခဲ့တာကလည်း အတိုက်အခံ တက်ကြွလှုပ်ရှားသူတွေကို ဖယ်ရှားရှင်းလင်းပြီး စစ်မှုထမ်းလူသစ်ခေါ်ယူဖို့ ကိရိယာတစ်ခုအဖြစ် အသုံးချခံခဲ့ရပါတယ်။ 

နောက်ပိုင်း စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း မြန်မာနိုင်ငံက မြို့ပေါင်း ၃၃၀ မှာ ၁၄၅ မြို့ကိုသာ (တစ်နိုင်ငံလုံးရဲ့ ထက်ဝက်အောက်သာ) သန်းခေါင်စာရင်းကောက်နိုင်ကြောင်း ကြေညာခဲ့ပါတယ်။ 

မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်ကလည်း “ရွေးကောက်ပွဲဟာ လောလောဆယ် ဦးစားပေးမဟုတ်ဘူးလို့ သူတို့ (မြန်မာစစ်ကောင်စီ) ကို ပြောခဲ့ပါတယ်” လို့  မကြာသေးမီက သတင်းထောက်တွေကို ပြောပါတယ်။ 

ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေကလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အလိမ်အညာဟုသာ ခေါ်ဆိုဖို့ အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းထားပါတယ်။ 

စစ်ကောင်စီရဲ့ အစီအစဉ်အပေါ် ဂျပန်အစိုးရက စိုးရိမ်ကြောင်း ဖော်ပြတာက အစကောင်းတစ်ခုဖြစ်ပေမယ့် ဒီထက်ပိုမိုလုပ်ဆောင်သင့်ကြောင်း၊ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအစီအစဉ်ကို လူသိရှင်ကြား ပြစ်တင်ရှုတ်ချဖို့နဲ့ ယုံကြည်ဖွယ်မရှိ၊ လွတ်လပ်မှုရော တရားမျှတမှုပါ မရှိတဲ့ စစ်ကောင်စီရွေးကောက်ပွဲကို နည်းပညာအကူအညီတွေ မပေးဖို့ ဂျပန်အနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ တောင်ကိုရီးယားနဲ့ အိန္ဒိယတို့ အပါအဝင် အခြားသော နိုင်ငံတွေက အစိုးရတွေကို  စည်းရုံးသင့်ကြောင်း HRW က တိုက်တွန်းထားပါတယ်။ 

 

မူရင်းသတင်း –  Japan Doubts Myanmar Junta’s Election Plans

0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်အုပ်စု၏ ဝါဒဖြန့်အကောင့်များကို Facebook ၊ YouTube ၊ Twitch နှင့် MediaFire တို့မှ ဖယ်ရှား

အကြမ်းဖက်စစ်တပ် အသုံးပြုနေတဲ့ ဝါဒဖြန့် ဆိုရှယ်မီဒီယာ အကောင့်တွေကို သက်ဆိုင်ရာ နည်းပညာကုမ္ပဏီတွေက ဖယ်ရှားဖြုတ်ချလိုက်ကြောင်း သိရပါတယ်။
Read More

(AA နှင့်) ကင်းကင်းရှင်းရှင်း နေချင်ရင်တောင် နေလို့မရတော့ပါဘူး၊ ရခိုင်ကို လူသားစာနာ အကူအညီပေးရေးစင်္ကြံဖွင့်ဖို့ ကုလသမဂ္ဂ၏ တောင်းဆိုချက် ဘင်္ဂလားဒေ့ရှ် သဘောတူ

ဘင်္ဂလားဒေ့ရှ်ကတဆင့် မြန်မာပြည်ကို လူသားချင်းစာနာမှု အကူအညီပေးရေးစင်္ကြံဖွင့်ဖို့ ကုလသမဂ္ဂရဲ့ တောင်းဆိုချက်ကို ဘင်္ဂလားဒေ့ရှ်က သဘောတူညီခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
Read More

တောင်ကိုးရီးယားသမ္မတ အရေးပေါ်စစ်အုပ်ချုပ်ရေး ကြေညာ

တောင်ကိုရီးယားသမ္မတ Yoon Suk Yeol ဟာ ဒီဇင်ဘာလ ၃ ရက် အင်္ဂါနေ့ညနေ နှောင်းပိုင်းမှာ ရုပ်မြင်သံကြားမိန့်ခွန်းကတဆင့် အရေးပေါ် စစ်အုပ်ချုပ်ရေးကြေညာခဲ့ကြောင်း Yonhap သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
Read More

ထိုင်းမှာ အလုပ်လုပ်ဖို့သွားတဲ့ အသက်မပြည့်သေးသူတွေ အပါအဝင် ရွှေ့ပြောင်းမြန်မာတွေကို ပွဲစားတွေက လိမ်လည်ပစ်ထားခဲ့

ထိုင်းနိုင်ငံမှာ အလုပ်ရမယ်ဆိုပြီး တရားမဝင် ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား ၁၀၀ နီးပါးကို ပွဲစားတွေက လိမ်လည်ပြီး လမ်းခုလတ်မှာ ပစ်ထားခဲ့တာကို ထိုင်းအာဏာပိုင်တွေက တွေ့ရှိခဲ့ကြောင်း ထိုင်းသတင်း Khaosod မှာ ဖေဖော်ဝါရီလ ၁၂ ရက်က ဖော်ပြထားပါတယ်။ 
Read More

စစ်ကောင်စီ ဖမ်းဆီးသွားတဲ့ ထိုင်းနိုင်ငံသား ၄ယောက် လွတ်မြောက်ရေး အစွမ်းကုန်ကြိုးပမ်းမယ်လို့ ထိုင်း ပြော

မြန်မာနိုင်ငံရေပိုင်နက်ထဲကို ကျော်လွန်လာတယ်ဆိုပြီး ထိုင်း ငါးဖမ်းလှေကို စစ်ကောင်စီက ဖမ်းဆီးထားမှုအပေါ် ဖမ်းဆီးခံရတဲ့ နိုင်ငံသားတွေ လွတ်မြောက်ဖို့ အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ ထိုင်းအစိုးရကနေ ထုတ်ပြောလာပါတယ်။
Read More

သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်ရှိစေရေး ထောက်ခံဆန္ဒပြပွဲ တောင်ကိုးရီးယားတွင် ကျင်းပပြုလုပ်

တောင်ကိုးရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့မှာ‌ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်ရှိစေရေးအတွက် ထောက်ခံဆန္ဒပြပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ တောင်ကိုးရီးယားနိုင်ငံ တော်လှန်ပြည်သူတွေထံက သိရပါတယ်။