တော်လှန်ရေး ၄ နှစ်တာအတွင်း အရေးကြီးတဲ့ ရလဒ် ၃ ခုကို ဖော်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း  အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

အဓိကအားဖြင့် စစ်ရေးလှုပ်ရှားနိုင်စွမ်းမှာ ရာနှုန်းပြည့်ဖော်ဆောင်နိုင်ပြီဖြစ်တယ်လို့ ဦးရည်မွန် က မတ်လ ၂၂ ရက်နေ့က ပြုလုပ်တဲ့  ကဘော်ညီနောင် ကမ်ပိန်းဖွင့်ပွဲအခမ်းအနားမှာ ထည့်သွင်းပြောကြားလိုက်တာပါ။ 

“ကျနော်တို့ တော်လှန်ရေး ဘယ်ရောက်နေပြီလဲပြန်ကြည့်တဲ့အခါ ဒီကနေ့အထိဆိုရင် အရေးကြီးတဲ့ ရလဒ် သုံးခု လက်ဝယ်ရရှိခဲ့ပြီလို့ ဒီလိုသုံးသပ်ပါတယ်။ ပထမ ရလဒ်ကတော့ ပြည်သူ့ကာကွယ်ရေး တပ်မတော် တခုကို ပြည်သူလူထုရဲ့ ထောက်ခံ အားပေးမှုနဲ့အတူ ခိုင်ခိုင်မာမာ ထူထောင်ရပ်တည်နိုင်လာတဲ့အချက်ပါ။ အရင်လို ကျနော်တို့ ပြည်သူတွေဟာ ခြေမဲ့ လက်မဲ့မဟုတ်တော့ဘူး” ဟု ဦးရည်မွန်က ဆိုပါတယ်။

ဒုတိယ ရလဒ်အနေနဲ့ကတော့  တော်လှန်ရေးအဖွဲ့များ၏ စိုးမိုးထိန်းချုပ်နယ်မြေနှင့် လွတ်မြောက်နယ်မြေများ တနိုင်ငံလုံးအတိုင်းအတာဖြင့် အနှံ့အပြား ပေါ်ပေါက်လာပြီလို့လည်း ဦးရည်မွန်ကပြောပါတယ်။

တတိယရလဒ်က တော့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးကို ဖျက်သိမ်းပြီးတော့ ပြည်သူ့အုပ်ချုပ်ရေးယန္တရား ထူထောင်လည်ပတ်လာနိုင်ပြီလို့ ဦးရည်မွန်က အသိပေးပါတယ်။

ဒီလိုရလာဒ်တွေ ဖော်ဆောင်နိုင်ဖို့ အသက်၊ သွေး၊ ချွေး မြောက်မြားစွာပေးဆပ်ခဲ့ရပြီး တစ်နိုင်ငံလုံးအနှံမှာ အခုလို ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်း ဆိုပါတယ်။  

၂၀၂၄ နှစ်ကုန်ပိုင်းလောက်မှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ အုပ်ချုပ်ရေးယန္တရားတွေလည်ပတ်နိုင်တဲ့ စစ်ကိုင်းတိုင်းမှာ ရုံးထိုင်ပြီး စီမံအုပ်ချုပ်မယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

မြင်းခြံတိုက်ပွဲတွင် စစ်ကောင်စီ စစ်ကြောင်းမှူးအပါ ၃၀ ကျော် သေဆုံး၊ ၄ ဦး အရှင်ဖမ်းမိ၊ ရိက္ခာကားတစ်စီးနှင့် လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ဇူလိုင်လ ၃ ရက် မနက် ၇ နာရီကျော်ကနေ ၁၀ နာရီခွဲကျော်တဲ့အထိ အကြမ်းဖက်စစ်အုပ်စုနဲ့ ကာကွယ်ရေးပူးပေါင်းတပ်တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၇) တပ်ရင်း Zero ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။
Read More

ဝမ်းတွင်းက စစ်မှုထမ်း အလိုရှိစာရင်းထဲ သံဃာတော်တွေ ပါဝင်နေ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ သဘွတ်ကုန်းကျေးရွာက စစ်မှုထမ်းစာရင်းထဲမှာ သံဃာတော် ၂ပါး ပါဝင်နေတယ်လို့ Voice of Wundwin ထံက သိရပါတယ်။ 
Read More

တပ်မ ၉၉ လက်အောက်ခံ စစ်မှုထမ်းဆင်းစစ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်…

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခြေမြန်တပ်မဌာနချုပ် အမှတ် (၉၉) လက်အောက်ခံ စစ်မှုထမ်းဆင်းစစ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မင်းဘူးခရိုင်အမှတ် ၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။ အလင်းဝင်
Read More

လောင်းလုံးမှာ စစ်မှုထမ်း အပတ်စဉ် (၁) နဲ့ (၂) သင်တန်းဆင်း စစ်သား ၅ ယောက် အလင်းဝင်လာလို့ ပကဖ သွားရောက်ခေါ်ထုတ်ပေး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်မှုထမ်း အပတ်စဉ် (၁) နဲ့  (၂)သင်တန်းဆင်း စစ်သား ၅ ယောက် အလင်းဝင်ဖို့ ဆက်သွယ်လာတာကြောင့် သွားရောက်ခေါ်ထုတ်ပေးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

NUG အစိုးရက ဘဏ္ဍာရံပုံငွေရဲ့ ၉၄ ရာခိုင်နှုန်းကို စစ်ရေးကဏ္ဍမှာအသုံးပြုခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဘဏ္ဍာရံပုံငွေရဲ့ ၉၄ ရာခိုင်နှုန်းကို စစ်ရေးကဏ္ဍမှာအသုံးပြုခဲ့တယ်လို့ လေးနှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

ရေစကြိုတွင် စစ်ကောင်စီက ကျန်းမာရေးမကောင်းသူများ အပါအဝင် အရပ်သားပြည်သူတွေကို အကြောင်းမဲ့ စစ်ဆေးဖမ်းဆီးနေ

"ရေစကြိုက ၆၃ မြို့နယ်ထဲပါလို့ ရှက်ရမ်းရမ်းပြီး လုပ်နေတာလို့ ယူဆရပါတယ်။ အခုဆို မြို့ပေါ်နေပြည်သူတွေအဖို့ နေ့စဉ်နဲ့အမျှ စိုးရိမ်ထိတ်လန့်နေကြရတာပါ။ ဖမ်းတဲ့ကောင်တွေကလည်း ရေစကြိုရုံးပေါင်းစုံထဲကရော မြို့မရဲစခန်းထဲကရောပါ။ သူတို့က မြို့ပေါ်မှာ ၆ နေရာလောက် နေရာခွဲပြီး နေကြတာ" လို့ အဆိုပါ Yesagyo Township Info Committee တာဝန်ရှိသူက မောင်းကိုပြောပါတယ်။