ပြည်တွင်းငြိမ်းချမ်းရေးကို ကြိုးစားတည်ဆောက်နေစဉ် ပြည်ပရဲ့ စွက်ဖက်မှုတွေကြောင့် တိုင်းပြည်က တည်ငြိမ်အေးချမ်းဖို့ ခက်ခဲနေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောပါတယ်။ 

လက်ရှိလက်နက်ကိုင်ပဋိပက္ခတွေက ပြည်ပရဲ့ ဖိအားပေးမှုတွေကြောင့်  ဆက်ပြီးရှိနေတယ်လို့ မင်းအောင်လှိုင်ကဆိုပါတယ်။

နေပြည်တော်မှာပြုလုပ်တဲ့ ၂၀၂၅ အလွန် မြန်မာနိုင်ငံ ကြုံတွေ့ရနိုင်တဲ့ အခြေအနေတွေအကြောင်း ဆွေးနွေးပွဲမှာ အာဏာသိမ်း စစ်ခေါင်းဆောင်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒီပဋိပက္ခတွေကြောင့် နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့ရသလို စည်းလုံးမှုမရှိရင် ဘယ်နိုင်ငံရေးစနစ်ကမှ စိတ်ချမ်းသာမှု ပေးနိုင်မှာမဟုတ်ဘူးလို့ ၎င်းကဆိုပါတယ်။

ဗဟုဝင်ရိုးခေတ်ကြီးတွင် ပါဝါအရွေ့များ ဖြစ်ပေါ်ပြောင်းလဲမှု မြန်ဆန်လာတဲ့အတွက် ပြည်တွင်းတည်ငြိမ်ရေးဟာ အဓိကကျပြီး  သတင်းတု သတင်းမှားများ တိုက်ဖျက်ရန်လိုပြီး မီဒီယာအတတ်ပညာ တိုးတက်အောင် ဆောင်ရွက်ရန်နှင့် နိုင်ငံခြားဩဇာအရှိန် သက်ရောက်ရေး ကြိုးစားနေမှုများအပေါ်ကိုလည်း တန်ပြန်ဆောင်ရွက်ကြဖို့လိုတယ်လို့ လည်း မင်းအောင်လှိုင်ကဆိုပါတယ်။

နိုင်ငံတကာဆက်ဆံရေးမှာ အင်အားကြီးနိုင်ငံတွေရဲ့ လွှမ်းမိုးမှုပုံစံတွေလည်း ပြောင်းလဲလာတာကို တွေ့ရှိရမှာ ဖြစ်သလို ဒေသတွင်းအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာလည်း ပိုမိုအရေးပါလာတယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့် တရုတ်နဲ့ ရုရှားကိုသာ အားကိုးနေရတဲ့ စစ်ကောင်စီက မိတ်ဖက်နိုင်ငံတွေများများရှိရမယ်လို့ ထည့်သွင်းပြောကြားလာတာလည်း ဖြစ်ပါတယ်။

မင်းအောင်လှိုင်ဟာ တိုင်းရင်းသားအင်အားစုတွေနဲ့ တော်လှန်ရေးတပ်တွေကို အနောက်နိုင်ငံတွေနဲ့ နိုင်ငံတချို့က ထောက်ပံ့ပေးနေလို့ တိုင်းပြည်က အန္တရာယ်ကျရောက်ခဲ့ရတာလို့လည်း မကြာခဏ ထုတ်ဖော်စွပ်စွဲ ပြောကြားခဲ့ဖူးပါတယ်။

0 Shares:
You May Also Like
Read More

စလင်းမြို့နယ်အတွင်း တပ်ပေါင်းစုအသွင်နှင့် စစ်ရေးဖော်ဆောင်မှုများ အပြန်အလှန်ထိန်းကျောင်းလုပ်ကိုင်သွားနိုင်ဖို့ မြေပြင်မဟာမိတ် ဖွဲ့စည်း

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း စစ်ရေးဖော်ဆောင်မှုတွေ အရှိန်မြှင့်လုပ်ဆောင်နိုင်ဖို့ တပ်ရင်းတပ်ဖွဲ့ ၆ ခုပူးပေါင်းပြီး မြေပြင်မဟာမိတ်အဖွဲ့အစည်းတစ်ခုကို လက်မှတ်ရေးထိုးဖွဲ့စည်းခဲ့တယ်လို့ ဒေါင်းစစ်အောင် LPDF အဖွဲ့တာဝန်ရှိသူ ကိုထူးလေးက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပုလဲမြို့နယ် ကြက်ဝိုင်းကို ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း ဝင်ရောက်ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ ကြက်ဝိုင်းလောင်းကစားပြုလုပ်တဲ့ နေရာကို ဝင်ရောက်ဖမ်းဆီးရာ ဆိုင်ကယ် (၃၂) စီးအပါအဝင်  ကြက်(၈)ကောင်နဲ့ ဖုန်း ၁ လုံး သိမ်းဆည်းရမိခဲ့တယ်လို့ ကျားသစ်နက်တပ်မတော် ( Black Leopard Army) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ် တရားဝင် လူသတ်လိုင်စင် မရစေဖို့ မဲမပေးကြရန် KNU နှိုးဆော်

အကြမ်းဖက်စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲထည့်ပြီး စစ်တပ်ကို တရားဝင် လူသတ်လိုင်စင် မပေးဖို့နဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် မလုပ်မိစေဖို့ ကရင်အမျိုးသားအစည်းအရုံး KNU နှိုးဆော်လိုက်ပါတယ်။
Read More

မုံရွာ-မန္တလေး ကားလမ်းမပေါ်ရှိ စစ်တပ်အထိုင်စခန်းမှ စစ်မှုထမ်းဆင်းစစ်သား ၁ ဦး သေနတ် ၃ လက်နှင့်အတူ အလင်းဝင်လာ

မုံရွာ-မန္တလေး ကားလမ်းပေါ်ရှိ စစ်ကောင်စီတပ် အထိုင်စခန်းတစ်ခုကနေ စစ်သား ၁ ယောက် လက်နက် ၃ လက်နဲ့အတူ အလင်းဝင်လာတယ်လို့ Golden Target Force (GTF) က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

သံမဏိစက်ရုံအတွင်း နှစ်သစ်ကူး သောက်စားနေတဲ့ စစ်သားတွေ မိုင်းခွဲတိုက်ခိုက်ခံရပြီး ၂ ယောက် သေ

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် ရွာမရပ်ကွက်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်လက်အောက်ခံ အမှတ် (၃) သံမဏိစက်ရုံအတွင်း မနေ့က နှစ်သစ်ကူးည မူးယစ်သောက်စားနေတဲ့ စစ်သားတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army (YA) မြို့ပြပြောက်ကျားအဖွဲ့ထံက သိရပါတယ်။
Read More

ကျွန်းလှက တိုက်နယ်ဆေးရုံကို အကြမ်းဖက်စစ်တပ် ဝင်ရောက်စီးနင်းထား

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းကျေးရွာက တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။