ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်အနီး တပ်စွဲထားတဲ့ စစ်သားတွေ တိုက်ခိုက်ခံရပြီး စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံ က ထုတ်ပြန်ပါတယ်။မတ်လ ၂၁ ရက်၊ မနက် ၉ နာရီခန့်က ငါန်းဇွန်မြို့နယ်၊ မြို့သာစက်မှုဇုန်၊ အင်းဝဘဏ်အနီးမှာ အင်အား ၄၀ ခန့်နဲ့ တပ်စွဲထားတဲ့ စစ်သားတွေဟာ ဘဏ်နဲ့ မီတာ (၃၀၀) ခန့် အကွာမှာ ခရီးသွားပြည်သူတွေကို ပေါ်တာစွဲဖမ်းဆီးခြင်း၊ အတင်းအဓမ္မ ငွေကြေးတောင်းခံခြင်းတွေ ပြုလုပ်နေလို့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

စလင်းမြို့နယ်အတွင်း ရိက္ခာအတွက် အစားအသောက်ခိုးယူနေသည့် စစ်ကော်မရှင်တပ်သားများ တိုက်ခိုက်ခံရပြီး ၂ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း ရိက္ခာပြတ်ကာ ပြည်သူနေအိမ်တွေကနေ အစားအသောက် ခိုးယူနေတဲ့ စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၂ ယောက် သေဆုံးခဲ့တယ်လို့ Rocket Fighter အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကိုင်းမြို့ပေါ် စည်ပင်ရုံးဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ် စည်ပင်ရုံးအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို မတ်လ ၂၅ ရက် ဒီနေ့ မနက်အစောပိုင်းမှာ လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

တပင်ကန်ကျေးရွာဘုန်းကြီးကျောင်းရှေ့ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒရုန်း ၁၀ စီးဖြင့် ဗုံးကြဲ၊ စစ်ကောင်စီတပ်သား ၅ ဦး သေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် တပင်ကန်ကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်း ၁၀ စီးနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေဖြူမြို့နယ်အတွင်း အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းအား တိုက်ခိုက်မှု ဗိုလ်ကြီး ၂ ဦးအပါ စစ်သားအများအပြား သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် အမှတ် ၄၀၇ တပ်ရင်းအနီးမှာ အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၂ ယောက် အပါအဝင် စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ ဓဝယ်တပ်တော်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပူတင်ကို ဗျာဒိတ်တော်လာ ကြွက်မင်းအဖြစ် သုံးနှုန်းပြီး မင်းအောင်လှိုင်က သူကိုယ်သူ မြန်မာဘုရင်အဖြစ် သုံးနှုန်း (ရုပ်/သံ)

ရုရှားနိုင်ငံ မော်စကိုမြို့မှာ မတ်လ ၄ ရက်က ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ တွေ့ဆုံစဉ်အတွင်း ၁၈၃၈ ခုနှစ်က ထုတ်ဝေခဲ့တဲ့ မဟာဘိသက္ကပဏ္ဍိတဘွဲ့ခံ ပါဠိဆရာကြီး ဦးစော ရေးသားတဲ့ ဦးအောင်ဇေယျ အတ္တုပတ္တိစာအုပ်ကို ကိုးကားပြီး ပူတင်ကို ဗျာဒိတ်တော်လာကြွက်မင်းအဖြစ် မင်းအောင်လှိုင်က သုံးနှုန်းခဲ့ပါတယ်။