မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်က သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေအပါဝင် အရပ်သား ၅၀ ကျော်ကို လူသားဒိုင်းလုပ်ဖမ်းဆီးကာ ကျေးရွာတွေဆီ စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
မတ်လ ၂၁ ရက် မနေ့က မနက်အစောပိုင်းမှာ ရေလယ်ကျွန်းဒေသ၊ ငတရော်ကျေးရွာကနေ မိုးဖြူ၊ မိုးကွဲရွာတွေဘက်ဆီ သေနတ်တွေ ပစ်ဖောက်ပြီး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်က မိုးကွဲရွာအနောက်ဘက် ကျွန်းခုံပေါ် ထွက်ပြေးတိမ်းရှောင်နေတဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေအပါအဝင် အရပ်သား ၅၀ ကျော်ကို လိုက်လံပိတ်ဆို့ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက်မှာတော့ စစ်ကောင်စီက အရပ်သားတွေကို မိုးကွဲရွာအတွင်း ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားရင်း ရွာအတွင်း ညအိပ်တပ်စွဲခဲ့သလို မတ်လ ၂၂ ရက် ဒီနေ့မွန်းလွဲပိုင်းမှာပဲ ကံဦးကျေးရွာဘက်ဆီ အရပ်သားတွေနဲ့ လူသားဒိုင်းလုပ် စစ်ကြောင်းထိုးခဲ့တယ်လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီက ပြောပါတယ်။
” လစ်ရင်လစ်သလို သူတို့ အတိုက်ခံနေရတော့ ပြည်သူတွေကို လူသားဒိုင်းလုပ်ဓားစားခံသဘောမျိုးနဲ့ ခေါ်သွားတာပါ။ လူတွေအပြင် ထော်လာဂျီတွေနဲ့လှည်းတွေကိုပါ ချောဆွဲသွားတာ။ အခု ကံဦးရွာ ရောက်နေကြတယ်။” လို့ ရေစကြိုသတင်းအချက်အလက်ကော်မတီ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မတ်လ ၁၈ ရက်က ဘိစပ်ကုန်းကျေးရွာကို နောက်ဆုံး မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သားပိုင်ပစ္စည်းတွေကို လုယူသယ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ပခုက္ကူတပ်မ ၁၀၁ တပ်ရင်းနဲ့လက်အောက်ခံ ရေစကြို ၂၅၆/၂၅၇/၂၅၈ တပ်ရင်းတွေ ပါဝင်တဲ့ အကြမ်းဖက်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ မတ်လ ၂ ရက်ကတည်းက ရေစကြိုမြို့နယ်ကို စတင်စစ်ကြောင်းထိုးဝင်ရောက်နေခဲ့တာဖြစ်ပြီး အရပ်သားတွေကို ရက်ရက်စက်စက် ခေါင်းဖြတ်မီးရှို့သတ်ဖြတ်တာအပြင် နေအိမ်တွေကိုလည်း စိတ်ကြိုက် မီးရှို့ဖျက်ဆီးနေတာ ဖြစ်ပါတယ်။
လက်ရှိမှာ ရေစ​ကြို ၊ ရေလယ်ကျွန်းဒေသအတွင်းက နေအိမ် ၃၀၀ နီးပါးမီးရှို့ဖျက်ဆီးခံထားရသလို မြေစွန်းတော် ၊ သာဂေါင်ရွာမ ၊ သာဂေါင်လေး၊ သာဂေါင်ကြီး၊ မာလကာခြံစတဲ့ ကျေးရွာတွေက အရပ်သားသက်ကြီးပိုင်း ၂၀ နီးပါးလည်း သတ်ဖြတ်ခံထားရပြီး အရပ်သားထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ပုံစာ – ရေစကြို၊ ရေလယ်ကျွန်းဒေသစစ်ကြောင်း ရှောင်နေသူတွေကို တွေ့ရစဥ်
0 Shares:
You May Also Like
Read More

မတ္တရာ၊ တောင်သာနှင့် ကောလင်းတို့တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅ယောက်ရှိ၊ ထိခိုက်ဒဏ်ရာရရှိသူ များပြား

အပစ်အခတ်ရပ်စဲကြောင်း အသံထွက်ထားတဲ့ စစ်ကောင်စီက မန္တလေးတိုင်း မတ္တရာ၊ တောင်သာနဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တို့မှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရာ အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိ​ခဲ့ပါတယ်။
Read More

အတုအယောင်ရွေးကောက်ပွဲပျက်အောင် လှုံ့ဆောင်သည်ဟုဆိုကာ အသက်မပြည့်သူများအပါ အမျိုးသား ၉ ဦးကို စစ်ကော်မရှင် ထပ်မံဖမ်းဆီး

အတုအယောင်ရွေးကောက်ပွဲ ပျက်ပြားအောင် လှုံ့ဆော်တယ်ဆိုပြီး အသက်မပြည့်သေးသူတွေအပါ အမျိုးသား ၉ ယောက်ကို အမှုဖွင့်ဖမ်းဆီးထားတယ်လို့ အကြမ်းဖက်စစ်တပ်က စက်တင်ဘာ ၂၃ ရက် ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
Read More

ထိုင်းစစ်တပ် ရိုက်နှက်လို့ မြန်မာအမျိုးသားတစ်ယောက် သေဆုံးခဲ့

၂၀၂၄ ခုနှစ်အစောပိုင်းက ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာအမျိုးသားတစ်ယောက်ကို ထိုင်းစစ်တပ်က သေတဲ့အထိ ရိုက်နှက်ခဲ့ကြတယ်လို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုက နိုဝင်ဘာလ ၁၄ ရက်နေ့မှာ စွပ်စွဲထားပါတယ်။
Read More

တနင်္သာရီတိုင်းတစ်ခုလုံးမှာ စစ်ဘေးရှောင်ပြည်သူ ၆ သောင်းခွဲအထိ မြင့်တက်လာ

တနင်္သာရီတိုင်းတစ်ခုလုံးမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် နေ့ရပ်စွန့်ခွာ စစ်ဘေးရှောင်နေရသူ လူဦးရေဟာ ၆ သောင်းခွဲကျော်အထိ ရှိလာကြောင်း  FE5 Tanintharyi က ထုတ်ပြန်လိုက်ပါတယ်။  
Read More

နယ်ခြားစောင့်တပ် (၁၀၀၃) စင်ကြိုင်နဲ့ ကန်ပိုက်တည်းက ရတမ ၃၈၉ တပ်ကို KIA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်

ကချင်လွတ်မြောက်ရေးတပ်မတော် KIA က အမှတ် (၁၀၀၃) နယ်ခြားစောင့်တပ်ဌာနချုပ် (စင်ကြိုင်)နဲ့ ကန်ပိုက်တည်းမြို့က ရတမ ၃၈၉ ကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေက ဖော်ပြလာပါတယ်။
Read More

ပွင့်ဖြူမှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုဘက်က ၁၂ ယောက် သေ၊ ၇ ယောက် အပြင်းအထန်ထိခိုက်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ ၈ရက်တာ ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၁၂ ယောက် သေဆုံးကာ အပြင်းအထန်ထိခိုက်ဒဏ်ရာရသူ ၇ယောက် အထိရှိခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်( ၄ )တပ်ရင်းထံက သိရပါတယ်။