ရှမ်း – ကရင်နီပြည်အစပ်မှာရှိတဲ့ မိုးဗြဲမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ် နိုင်ရေး ထိုးစစ်ဆင်လျက်ရှိရာ ၄ လကြာတဲ့အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိတယ် လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ စစ်ကြောင်း ၃ ကြောင်းနဲ့ ဖယ်ခုံ၊ လွိုင်ကော်မှ လက်နက်ကြီး ပစ်ကူ၊ လေကြောင်းပစ်ကူနဲ့ တိုက်ခိုက်ရေးဒရုန်းတွေ အသုံးပြုပြီး တိုက်ခိုက်နေသော်လည်း တော်လှန် ရေးတပ်တွေရဲ့ ခုခံကာကွယ်မှုကြောင့် အထိနာလျက်ရှိတယ်လို့ သိရပါတယ်။

အထိနာနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ မီးလောင်ဗုံးများ အသုံးပြုပြီး ၄၂၂ တပ်စခန်း ကနေ နေ့စဉ် မိုးဗြဲမြို့ထဲကို ပစ်ခတ်လျက်ရှိရာ နေအိမ် အလုံး ၃၀ ထက်မနည်း မီးလောင်ပျက်စီးဆုံး ရှုံးခဲ့ရတယ်လို့ ရှမ်းတောင်စစ်ဒေသခွဲ၊ အမှတ်(၁) ဗျူဟာထံက သိရပါတယ်။

လက်ရှိမိုးဗြဲမြို့ကို ရှမ်းတောင်စစ်ဒေသခွဲ၊ အမှတ် (၁) ဗျူဟာ ပြည်သူ့ကာကွယ်ရေးတပ်၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်နဲ့ မဟာမိတ်တပ်ပေါင်းစုတွေက ပူးပေါင်းထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

လားရှိုးမြို့ပေါ် သေနတ်ပစ်ဖောက် ကားလုယက်မှု ဖြစ်ပွား (ရုပ်/သံ)

ရှမ်းပြည်နယ် လားရှိုးမြို့ပေါ် ရပ်ကွက် ၅ မှာ သေနတ်ပစ်ဖောက်ပြီး ကားလုယက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ငါန်းဇွန်မြို့နယ် မင်းနေကုန်းကျေးရွာရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ် မင်းနေကုန်း‌ကျေးရွာမှာ အင်အား ၄၀ ခန့်နဲ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ဇန်နဝါရီ ၂ ရက် မနက်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ - မြင်းခြံ ထံက သိရပါတယ်။
Read More

ထားဝယ်မြို့မှာ ဆီတင်သင်္ဘောမီးလောင်ပြီး လူ ၈ ယောက်သေဆုံး (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ အောက်တိုဘာ ၁၄ ရက် ညနေပိုင်းက ဆီတင်သင်္ဘော ၁ စီး မတော်တဆမှုဖြစ်ပွားကာ မီးလောင်ခဲ့ပါတယ်။ မီးလောင်မှုကြောင့် လူ ၈ ယောက်သေဆုံးကာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိပြီး ၁ ယောက် ပျောက်ဆုံးလျက်ရှိတယ်လို့ ထားဝယ်မီးသတ်ဌာနထံက သိရပါတယ်။
Read More

မကွေးတိုင်းအတွင်း အကြမ်းဖက်စစ်တပ်ယာဉ်ကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁၆ ဦး သေဆုံးကာ သေနတ် ၈ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူခရိုင် လကတ ၂၀၃၆ တပ်မှ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၆ ဦး သေဆုံးပြီး သေနတ် ၈ လက်သိမ်းဆည်းရရှိခဲ့တယ်လို့  ပခုက္ကူခရိုင်စစ်ဌာနမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်-ပြည်ကားလမ်းပေါ်မှာ ပေါ်တာဆွဲဖို့လာတဲ့ စစ်အုပ်စုတိုက်ခိုက်ခံရပြီး ဒုရဲအုပ်အပါအဝင် ၆ ဦးသေဆုံးကာ သေနတ် ၂ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း အုတ်ဖို့မြို့နယ်အတွင်း စစ်ဆေးရေးဂိတ်ကနေ ပေါ်တာဆွဲဖို့လာတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ် ဇော်ထွန်းဝင်းအပါအဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြင်းမူမြို့နယ် အရှေ့ခြမ်း ဝန်ထမ်းအိမ်ရာဝန်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမြို့နယ် အရှေ့ခြမ်း ဝန်ထမ်းအိမ်ရာဝန်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက် စစ်သားတွေကို နိုဝင်ဘာ ၁၃ ရက် မနေနံနက်အစောပိုင်းက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ DK PDF အဖွဲ့ထံက သိရပါတယ်။