တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်း ရိက္ခာတွေ ပြန်လည်သယ်ယူတဲ့ စစ်ဘေးရှောင်အရပ်သား ၂ ယောက် ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
မတ်လ ၂၁ ရက် မနေ့က မွန်းလွဲပိုင်းမှာ တနင်္သာရီတိုင်း၊ ချောင်းလမုကျေးရွာအတွင်း စားနပ်ရိက္ခာတွေ ပြန်လည်သယ်ယူနေတဲ့ စစ်ဘေးရှောင်တွေရှိရာကို စစ်ကောင်စီက ဒရုန်းနဲ့ ကင်းထောက်ပြီး လက်နက်ကြီး ၁၂၀ မမ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ချောင်းလမုကျေးရွာနေ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက် ထိခိုက်​သေဆုံးခဲ့ပြီး ကျန်အရပ်သား ၂​ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“ရွာထဲကို ဘယ်သူတွေ ပြန်ဝင်လဲဆိုပြီး ဒီကောင်တွေကဒရုန်းနဲ့ ကင်းထောက်နေတာ အဲ့မှာ အရပ်သားတွေ ရိက္ခာဝင်ယူတာကို မြင်ပြီး လက်နက်ကြီးနဲ့ထုတာပါ။” လို့ ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
လက်ရှ်ိမှာ သိန်းခွန်ကျေးရွာအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကြား ထိတွေ့တိုက်ပွဲ နေ့တိုင်းလိုလို ရှိနေပြီး စစ်ကောင်စီက အရပ်သား​ကျေးရွာတွေထဲကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေ အဆက်မပြတ် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။​
ပုံစာ – စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် သေဆုံးခဲ့တဲ့ ချောင်းလမု စစ်ဘေးရှောင် ၂ ယောက်…
0 Shares:
You May Also Like
Read More

မြင်းမူတွင် မုံရွာ-မန္တလေးလမ်းအတိုင်းထွက်လာသည့် စစ်အုပ်စုများ RPG နှင့်ပစ်ခတ်ခံရပြီး ၁၃ ဦးသေ၊ သေနတ် ၂ လက်နှင့် ဆက်စပ်စ္စည်းအချို့ PDF ရရှိ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ ကင်းပုန်းဝပ် ပိုက်ဆံကောက်ဖို့ထွက်လာတဲ့ စစ်အုပ်စုကို အာပီဂျီနဲ့ တိုက်ခိုက်ရာ ကား ၁ စီး ပျက်စီးပြီး အကြမ်းဖက်စစ်သား ၁၃ ယောက် သေဆုံးခဲ့တယ်လို့ Black Eagle Defence Force (MMU) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

သပိတ်ကျင်းမှာ စစ်ရှောင်ပြည်သူတွေကို မြို့နယ် ပကဖ က ဆန်နဲ့ ဆီ ပေးဝေ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာတွေက စစ်ဘေးရှောင်ဒေသခံပြည်သူတွေကို သပိတ်ကျင်း ပကဖ တာဝန်ခံတွေနဲ့ အဖွဲ့ဝင်တွေက အောက်တိုဘာလ ၂၁ ရက် မနေ့က ဆန်၊ ဆီ ရိက္ခာတွေ ပေးဝေခဲ့တယ်လို့ သိရပါတယ်။
Read More

TNLA ရဲတပ်ဖွဲ့ဝင်တွေ နမ့်ခမ်းမြို့မှာ ကင်းလှည့်နေတဲ့ပုံရိပ်တွေ ထုတ်ပြန်လာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့အတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ နမ့်ခမ်းမြိုနယ်ရဲတပ်ဖွဲဝင်တွေ ကင်းလှည့်စစ်ဆေးဆောင်ရွက်‌နေမှု မှတ်တမ်းဓာတ်ပုံတွေကို ဒီဇင်ဘာလ ၁၈ ရက် ဒီနေ့မှာ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

အတုအယောင်ရွေးကောက်ပွဲပျက်အောင် လှုံ့ဆောင်သည်ဟုဆိုကာ အသက်မပြည့်သူများအပါ အမျိုးသား ၉ ဦးကို စစ်ကော်မရှင် ထပ်မံဖမ်းဆီး

အတုအယောင်ရွေးကောက်ပွဲ ပျက်ပြားအောင် လှုံ့ဆော်တယ်ဆိုပြီး အသက်မပြည့်သေးသူတွေအပါ အမျိုးသား ၉ ယောက်ကို အမှုဖွင့်ဖမ်းဆီးထားတယ်လို့ အကြမ်းဖက်စစ်တပ်က စက်တင်ဘာ ၂၃ ရက် ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
Read More

နတ်တလင်းတွင် ဒေသခံ ၂ ဦး ပေါ်တာဆွဲ ခေါ်ဆောင်ခံရ၊ တစ်ဦးလျှင် သိန်း ၂၀ ဖြင့် ပြန်ရွေးခဲ့ရဟု ဆို

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ဒေသခံအမျိုးသား ၃ ယောက်ကို စစ်ကော်မရှင်တပ်သားတွေက ပေါ်တာဆွဲဖမ်းဆီးသွားခဲ့တာကြောင့် ပိုက်ဆံပေးပြီး ပြန်ရွေးခဲ့ရတယ်လို့ နတ်တလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို စစ်တပ် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်၊ စာသင်ဆောင်နဲ့ အဆောက်အဦးတွေ ပျက်စီး

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။