မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) စစ်ဒေသ ၊ ပခုက္ကူခရိုင်အမှတ် (၁၉) တပ်ရင်းက အပတ်စဥ်ထုတ် စစ်သတင်းလွှာတွေ ဖြန့်ဝေတာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
မတ် ၂၁ ရက် မနေ့က ဆိပ်ဖြူမြို့နယ်အတွင်း လက်လှမ်းမှီတဲ့ ကျေးရွာတွေနဲ့ ဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသတွေကို စစ်သတင်းလွှာတွေ ဦးစားပေး ဖြန့်ချိပေးခဲ့တယ်လို့ သိရပါတယ်။
ဒေသခံပြည်သူတွေကိ စစ်သတင်းသာမက ပြည်သူ့ကာကွယ်ရေး တပ်မတော်သားတွေရဲ့ စံသတ်မှတ်မှုတွေကို သိရှိစေဖို့နဲ့ NUG အစိုးရရဲ့ စစ်ရေးရည်မှန်းချက်တွေကို ကောင်းမွန်စွာ သိရှိစေဖို့ ရည်ရွယ်ပြီး စစ်သတင်းလွှာတွေ ဖြန့်ဝေပေးခဲ့တယ်လို့ ဆိုပါတယ်။
ပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်းရဲ့ ယာယီ ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာတွေမှာလည်း ပြည်သူလူထုကို အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

အောက်တိုဘာလအတွင်း စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲပေါင်း ၁၀၀ ကျော်ဖြစ်ပွားပြီး စစ်တပ်ဘက်က ၂၉ ယောက်သေ

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) ထိန်းချုပ်နယ်မြေမှာ အောက်တိုဘာလအတွင်း တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်သား ၂၉ ယောက် သေဆုံးခဲ့ကြောင်း KNU က ထုတ်ပြန်ပါတယ်။
Read More

ပတ်စ်ပို့အမြန်လိုချင်လျှင် ငွေကျပ် ၅ သိန်းကျော်ပေးရမည်ဟု စစ်ကော်မရှင် ထုတ်ပြန်

အရေးကြီး၊ အရေးပေါ်ကိစ္စတွေနဲ့ ပြည်ပထွက်ခွာလို့သူတွေအတွက် နိုင်ငံကူးလက်မှတ်ကို ငွေကျပ် ၅၄၅၀၀၀ ပေးပါက စောင့်ဆိုင်းဖို့မလိုတဲ့ အမြန် ဝန်ဆောင်မှုပေးသွားမယ်လို့ စစ်ကော်မရှင်လက်အောက်ခံနိုင်ငံကူးလက် မှတ်ထုတ် ပေး‌ရေးရုံးက ဇန်နဝါရီလ ၁ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေကျင်မြို့နယ်ရှိ စစ်အုပ်စု ပြန်လည်တည်ဆောက်နေသည့် ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြိီးဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်တပ်က ၂ ဦး ပြင်းထန်ဒဏ်ရာရ…

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ အကြမ်းဖက် စစ်အုပ်စုရဲ့ ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြိီးနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်က ၂ ယောက် ပြင်းထန်ဒဏ်ရာရတယ်လို့ ပဲခူးခရိုင် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်က ရွှေကျင်မြို့နယ် တပ်ရင်းပြန်လည်တည်ဆောက်နေတဲ့ စစ်ကော်မရှင်ရဲ့ ခမရ ၅၉၈ တပ်ရင်းကို သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
Read More

စေတုတ္ထရာတွင် ပြည်သူ့စစ်ဖွဲ့ဖို့ လုပ်နေသည့် အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါ ၂ ဦး ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်မှာ စစ်ကောင်စီအတွက် စစ်မှုထမ်း လူရှာပေးရင်း ပြည်သူ့စစ်ဖွဲ့ဖို့ လုပ်ဆောင်နေတဲ့ ရပ်ကွက်အာဏာပိုင်တွေကို သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်တပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ဗဟန်းမြို့နယ်ရဲစခန်းကို လက်ပစ်ဗုံးများ ပစ်ခတ်တိုက်ခိုက်…

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ အကြမ်းဖက်စစ်အုပ်စုရဲ့ ဗဟန်းရဲစခန်းကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

သီပေါမြို့ကို TNLA အလုံးစုံ သိမ်းပိုက်ရရှိ

ရှမ်းပြည်နယ်၊ သီပေါမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က အလုံးစုံး သိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။