စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အနောက်ခြမ်း ကျောက်ကုန်းကျေးရွာကို သလဲဘာပျူစခန်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ မတ်လ ၁၇ ရက် နေ့လယ်ပိုင်းစစ်ကြောင်းထိုးဝင်ရောက်လာပြီး အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေး ပကဖမှ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျောကုန်းကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး မီးငြိမ်သတ်နေတဲ့ အရပ်သားပြည်သူတွေကိုလည်း လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုကြောင့် အရပ်သားနေအိမ် ၄၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

PDF ထိန်းချုပ်နယ်မြေအတွင်း စားနပ်ရိက္ခာလာဝယ်သည့် ပြည်သူကို ရဲဘော်တစ်ယောက်က ဘယ်တော့မှ သေနတ်ပြောင်းလှည့်မှာ မဟုတ်ကြောင်း ရှင်းပြ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း စစ်အုပ်စုရဲ့ ပိတ်ဆို့ထားမှုကြောင့် စားနပ်ရိက္ခာပြတ်လပ်ကာ PDF ထိန်းချုပ်နယ်မြေအတွင်း လာဝယ်တဲ့ ပြည်သူလူထုကို PDF ရဲဘော်က သေနတ်ပြောင်း ဘယ်တော့မှ လှည့်မှာမဟုတ်ဘူးလို့ ရှင်းလင်းတင်ပြနေတဲ့ ရုပ်သံဖိုင်ကို KBL - PDF က ထုတ်ပြန်ခဲ့ပါတယ်။
Read More

ပုလောမြို့နယ် ခလရ ၁၇ တပ်ရင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်မှု အကြမ်းဖက်စစ်သား ၃ ယောက်သေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် အခြေစိုက် ခလရ ၁၇ တပ်ရင်းကို ‌တော်လှန်ရေးတပ်တွေ ဇန်နဝါရီ ၉ ရက် မနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ယောက်သေခဲ့တယ်လို့ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။
Read More

စလင်းမြို့နယ် ‌မြောင်းခြားရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို တိုက်ခိုက်မှု ဗိုလ်အပါ ၇ ယောက် ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြောင်းခြားရွာကို အင်အား ၃၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ဒီဇင်ဘာ ၂၂ ရက်မှာ မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဗောဓိတစ်ထောင်လမ်းပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသည့် စစ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ စစ်ကောင်စီတပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area71 Local People Defense Force Monywa က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တိုက်ပွဲပြန် KIA၊ KPDF၊ NPDF တွေကို ပြည်သူများက သောင်းသောင်းဖြဖြကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ တိုက်ပွဲကပြန်လာတဲ့ KIA၊ KPDFနဲ့ NPDF တွေကို ဒီဇင်ဘာ ၁၂ ရက်က ပြည်သူများ သောင်းသောင်းဖြဖြကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ နွေဦးရောင်နီ ပြည့်သူ့တော်လှန်ရေး ထောက်ပို့ PRFမှ ထုတ်ပြန်ထားပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ယာဉ် ၃ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဇန်နဝါရီ ၇ ရက် မနေ့ညနေပိုင်းက အကြမ်းဖက်စစ်တပ်ရဲ့ သံပြားကာယာဉ် ၃ စီးကို ချောင်းဦးနဲ့ နတ်ရေကန်အကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Seven People Defence Force - SPDF ထံက သိရပါတယ်။