နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကင်အဲရစ်(ခ) ကိုထိန်လင်းရဲ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ နဲ့ ဘော်စတွန်မြို့ ခရီးစဉ်ကနေ အမေရိကန်ဒေါ်လာ ၉၀၀၀၀ နီးပါးရရှိခဲ့တယ်လို့ ကိုထိန်လင်းက လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။
ကိုထိန်လင်းအနေနဲ့ နယူးယောက်ကနေ ထောက်ပံ့လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၅၃,၉၀၈နဲ့ ဘောစတွန်ကနေ အမေရိကန်ဒေါ်လာ ၃၅,၀၀၀ စုစုပေါင်း အမေရိကန်ဒေါ်လာ ၈၈,၉၀၈ ဒေါ်လာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ရရှိလာတဲ့ အလှူငွေတွေကို လိုအပ်တဲ့နေရာတွေကို ပြန်လည်ပေးအပ်သွားမှာဖြစ်ပြီး လှူဒါန်းပြီးရင်လည်း အသေးစိတ်ကို အသိပေးကြေညာသွားမယ်လို့ ကိုထိန်လင်းက ဆိုပါတယ်။
ကိုထိန်လင်းအနေနဲ့ နယူးယောက်နဲ့ ဘော်စတွန်မြို့တို့မှာ မြန်မာနွယ်ဖွား မိသားစုတွေနဲ့ တွေ့ဆုံခဲ့ရာ မြန်မာတွေရဲ့ နွေးထွေးမှု၊ ဖော်ရွေပျူငှါမှုနဲ့ ရက်ရောမှုတို့က သူ့အတွက် တကယ့်ကို အံ့ဩစရာကောင်းတယ်လို့ဆိုပါတယ်။
“ဒါ့ကြောင့်ပဲ ၂၀၁၄-၂၀၁၆ ခုနှစ်အထိ မြန်မာဟာ ၃ နှစ်ဆက်တိုက် The Most Generous Globally ဆိုပြီး သတ်မှတ်ခံခဲ့ရတယ်လို့ ကျွန်တော်ထင်မိတယ်၊ အခုလို လိုအပ်နေတဲ့မြန်မာပြည်သူတွေကို ပြန်လည်မျှဝေတာက အင်မတန် လေးစားစရာကောင်းပါတယ်”လို့ Kim Aris (ခေါ်) ကိုထိန်လင်းက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ကိုထိန်လင်းရဲ့ အမေရိကန်ပြည်ထောင်စုခရီးစဥ်အတွင်း မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ဖို့နဲ့ မြန်မာနိုင်ငံရဲ့ စစ်ဘေးသင့် ပြည်သူတွေ အမြန်ဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီရရှိဖို့ ဦးစားပေးလုပ်ဆောင်ဖို့အတွက် အမေရိကန်ပြည်ထောင်စုရောက် မြန်မာနွယ်ဖွားတွေ၊ ကူညီထောက်ပံ့ပေးသူတွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

လောင်းလုံး ပကဖ က ကျဆုံးရဲဘော်တွေအတွက် ရည်စူးပြီး သံဃာတော်တွေကို ဆွမ်း၊ သင်္ကန်းနဲ့ ဝတ္ထု ကပ်လှူကုသိုလ်ပြုအမျှဝေ

တနင်္သာရီတိုင်းအခြေစိုက် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ကျဆုံးအာဇာနည်ရဲဘော်တွေအတွက် ရည်စူးပြီး သံဃာတော်တွေကို ဆွမ်း၊ သင်္ကန်းနဲ့ ဝတ္ထု ကပ်လှူကုသိုလ်ပြုအမျှဝေခဲ့တယ်လို့ လောင်းလုံး ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

မြိုင်မြို့အနီးရှိ စစ်အုပ်စုရဲ့ကင်းစခန်းတိုက်ခိုက်ခံရ၊ ၁ ဦး သေပြီး ၃ ဦး အရှင်ဖမ်းမိ

မကွေးတိုင်း၊ မြိုင်မြို့အနီးရှိ စစ်အုပ်စုရဲ့ ကင်းစခန်းတိုက်ခိုက်ခံရတဲ့အတွက် ထိခိုက်သေဆုံးသူတွေ ရှိတယ်လို့ ပေါက် ပကဖ သတင်းပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
Read More

YBS ယာဉ်မောင်းဘဝမှ ပေါ်တာဆွဲခံရပြီး စစ်သားဖြစ်လာသူ KNLA တပ်ရင်း(၈) ထံ လက်နက်ချအလင်းဝင်

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ-၄၃၉ တပ်ရင်းက စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အမ်းမြို့ကိုသွားတဲ့ စစ်တပ်ရိက္ခာတင်ကား ၃ စီးနဲ့ စစ်ကြောင်းကို ငဖဲမှာ တိုက်ခိုက်၊ စစ်သား ၂၃ ယောက် သေပြီး စစ်ကား ၂ စီးပျက်စီး

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းမှာ အမ်းမြို့ဘက် ဦးတည်နေတဲ့ အကြမ်းဖက်စစ်တပ် ရိက္ခာတင်ကား ၃ စီးနဲ့ ငဖဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂၃ ယောက်သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ PRA-Magway တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဥပုသ်နေ့တွင် ဘုရားနားကို စစ်ကော်မရှင်တပ် ဗုံးကြဲ၊ ပြည်သူ ၂ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာရ

မြန်မာဗုဒ္ဓဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဥပုသ်နေ့မှာ စစ်ကိုင်းတိုင်းထဲက မြင်းမူမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ တော်လှန်ရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို စစ်တပ်ဗုံးကြဲမှုကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၂၅ ဦး သေဆုံးကြောင်း NUG ထုတ်ပြန်

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်ရှိ မော်ချီးဒေသကို အကြမ်းဖက်စစ်အုပ်စုက ဩဂုတ်လ ၁၇ ရက် မနေ့က ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူ ၂၅ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။