မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးရာမှာ ပါဝင်နေတဲ့ စစ်မှုထမ်းဟောင်း ကြည်အေးနဲ့ သူရဲ့ ချွေးမဖြစ်သူ နွယ်နွယ်ဝင်းတို့ကို ဖမ်းဆီးခေါ်ဆောင်လာချိန် လမ်းမှာ သေနတ်လုပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့​ဘက်တော်သားအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၉ ရက် နေ့လည်ပိုင်းမှာ သထုံမြို့၊ နန်းခဲရပ်ကွက်၊ လေကြောင်းရန် စစ်တပ်နဲ့ ကပ်လျက် ဘိုးဘွားရိပ်သာလမ်းထဲမှာ ရှိတဲ့ ရာအိမ်မှူးဖြစ်သူ ကျော်သူဟိန်း၊ ဖခင်ဖြစ်သူ ကြည်အေးနဲ့ မိန်းမ ဖြစ်သူ နွယ်နွယ်အေးတို့ကို တော်လှန်ရေးရဲဘော်တွေက သွားရောက် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးစဉ်မှာ ရာအိမ်မှူးဖြစ်သူ ကျော်သူဟိန်းက နေအိမ်မှာ မရှိတာကြောင့် ဖခင်ဖြစ်သူနဲ့ မိန်းမဖြစ်သူတို့ကိုသာ ဖမ်းဆီးခေါ်ဆောင်လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးခေါ်ဆောင်လာချိန်မှာ စစ်မှုထမ်းဟောင်းဖြစ်သူ ကြည်အေးဟာ တော်လှန်ရေးရဲဘော်တွေရဲ့ သေနတ်ကို လုယူခဲ့ပြီး ချွေးမဖြစ်သူ နွယ်နွယ်အေးဟာလည်း ထွက်ပြေးဖို့ ကြိုးစားခဲ့တာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရာ ၂ ယောက်စလုံး သေဆုံးသွားတယ်လို့ သိရပါတယ်။
“ကျော်သူဟိန်းက သူ့ဖခင် ကြိုးစွဲမှုနဲ့ ပြစ်မှုတွေ ရှိတယ်။ ကျော်သူဟိန်းကိုယ်တိုင်ကလည်း လေ့ကျင့်ရေး (၉) တပ်မှာ စစ်သင်တန်း တက်ထားတာမျိုးလည်း စုံစမ်းသိရတယ်။ သူနဲ့ အဆင်မပြေရင် မပြေသလို ရပ်ကွက်နေ ပြည်သူတွေကို ရဲအမှုတွဲ ဆွဲထည့်တာမျိုးတွေရှိတယ်။ ” လို့ ပြည်သူ့ဘက်တော်သားတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒေါနက မောင်းသတင်းဌာနကို ပြောပါတယ်။
ဒါ့အပြင် ကျော်သူဟိန်းရဲ့ မိန်းမဖြစ်သူ နွယ်နွယ်အေးဟာလည်း ယောင်္ကျားဖြစ်သူ အားကိုးနဲ့ မတရားငွေတိုး ချေးယူတာတွေ၊ ချဲရောင်းချတာတွေကို လုပ်ဆောင်နေသူ ဖြစ်တာကြောင့် နစ်နာသူ မိသားစုဝင်တွေရဲ့ တိုင်တန်းချက်အရ သတိပေးမှုတွေ လုပ်ဆောင်ခဲ့သလို အကြိမ်ကြိမ် စုံစမ်းစစ်ဆေးမှုတွေ ပြုပြီးမှ အခုလို ဖမ်းဆီးမှုကို ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
“သူတို့က ပိုပိုဆိုးလာသလို သူတို့လုပ်ချင်တိုင်းလုပ်နိုင်အောင် နန်းခဲရပ်ကွက်အုပ်ကြီး နဲ့ပေါင်းပြီး ရာအိမ်မှူး နေရာတက်ယူထားတယ်။ ရပ်ကွက်ထဲက ကောင်လေးတွေကို စစ်မူထမ်းထဲ သူကိုယ်တိုင် ဖမ်းဆီးပေးတာတွေလည်း ရှိတယ်။ ပစ်ခတ်မှုကတော့ ကျော်သူဟိန်းရဲ့ ဖခင်က ရဲဘော်တစ်ယောက်စီက သေနတ် လုယူစဥ်မှာ ရဲဘော်ကနေ သူကို အရင် လက်ဦးမှုဖြစ်သွားလို့ဗျာ” လို့ အခြေအနေတွေကို ရှင်းပြပါတယ်။
ဖမ်းဆီးခဲ့စဉ်မှာ သက်သေအထောက်ထားအဖြစ် ကျော်သူဟိန်းရဲ့ ရာအိမ်မှူး ခန့်အပ်စာ သက်သေ မှတ်တမ်းအချို့ ၊ ဦးကြည်ဇော်ရဲ့ စစ်ဖက်နဲ့သက်ဆိုင်တဲ့ သက်သေစာရွက်စာတမ်းတွေနဲ့ နွယ်နွယ်ဝင်းရဲ့ ချဲရောင်းတဲ့ မှတ်တမ်း၊ ပြည်သူတွေကို မတရား အတိုးနဲ့ ချေးယူထားတဲ့ စာရင်းဇယားတွေ၊ ရွှေဘောက်ချာ အမြောက်အများနဲ့ ဆိုင်ကယ်တစ်စီးတို့ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
အမည်မဖော်လိုတဲ့ သထုံမြိုခံ ပြည်သူတစ်ယောက်ကလည်း “ အဓိက,က သူ့အဖေ။ စစ်မှုထမ်းဟောင်းလည်းဖြစ်တော့ NLD အာဏာရစဉ်ထဲက သူက Informer (သတင်းပေး) သဘောမျိုးလုပ်နေတာ… ဆန္ဒပြစဉ်ကလည်း သပိတ်ခေါင်းဆောင်တွေကို သတင်းပေး ဖမ်းခိုင်းတာမျိုးတွေလည်း ရှိတယ်။ နောက်ပိုင်း ခဏငြိမ်သွားပြီး နောက်ပိုင်းမှ ပြန်ဇောင်းကြွလာတာ” လို့ ဆိုပါတယ်။
ပြည်သူ့ဘက်တော်သားအဖွဲ့အနေနဲ့ (လွတ်မြောက်‌နေသေးသော) ကျော်သူဟိန်းသာမက သထုံမြို့တွင်း ပြည်သူတွေအပေါ် ယုတ်မာနေတဲ့ စစ်ကောင်စီ ထောက်တိုင်တွေရဲ့ သတင်းအချက်အလက်တွေကို အတိအကျရထားပြီဖြစ်တာကြောင့် ဒီနေ့မှစပြီး လုပ်ရပ်တွေ ရပ်တန့်ဖို့ကိုလည်း အသိပေးထားပါတယ်။
0 Shares:
You May Also Like
Read More

KNDF တပ်ရင်းအမှတ် (၃) နှင့် တပ်ရင်းအမှတ် (၃၁) ရှိ တပ်သားများနှင့် မိသားစုဝင်များ တွေ့ဆုံခြင်းအခမ်းအနား

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊ တပ်ရင်းအမှတ် (၃) နဲ့ တပ်ရင်းအမှတ် (၃၁) ရှိ တပ်သားတွေနဲ့ မိသားစုဝင်တွေ တွေ့ဆုံခြင်းအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူနေမှုမှာ တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေ မပါဝင်နေ

ရွေးကောက်ပွဲကျင်းပနိုင်ရေး အသည်းအသန် ကြိုးပမ်းနေတဲ့ စစ်ကောင်စီဟာ နေပြည်တော်အပါအဝင် တိုင်းဒေသအသီးသီးမှာ သန်းခေါင်စာရင်းကောက်ခံနေတယ်လို့ သတင်းတွေ ထုတ်ပြန်ထားပေမယ့် အဲဒီစာရင်းထဲမှာ တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေ မပါဝင်နေတာကို သူတို့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ…
Read More

TNLA  ထိန်းချုပ်နယ်မြေများတွင် ကောက်ခံမည့် လျှပ်စစ်မီတာခနှုန်းထားများ ပြင်ဆင်သတ်မှတ်

ပလောင်ပြည်နယ်လွတ်မြောက်‌ရေးတပ်ဦး PSLF/TNLA ထိန်းချုပ်နယ်မြေတွေမှာ ကောက်ခံသွားမယ့် လျှပ်စစ်မီတာခနှုန်းထားတွေကို ဧပြီလ ၁၀ ရက် ဒီနေ့မှာ TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မတ္တရာမှာ စစ်ကောင်စီက အရပ်သားကျေးရွာထဲ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာဦးစေတီပြိုကျပျက်စီး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်အုပ်စုတွေ ပစ်ခတ်ရှင်းလင်းခံရပြီးတဲ့နောက် စစ်ကောင်စီက အရပ်သားကျေးရွာတွေထဲ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့ရာ သုံးဆယ်ပေး ရွာဦးစေတီတော် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ The Voice Of Wetlet Madayar အဖွဲ့က မောင်းကိုပြောပါတယ်။
Read More

စစ်ကောင်စီအုပ်ချုပ်မှု ၄ နှစ်ခွဲကာလသည် ပထမစာမျက်နှာဖြစ်ပြီး ဒုတိယစာမျက်နှာကို ဆက်သွားဦးမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြော

အကြမ်းဖက်စစ်တပ် အာဏာသိမ်းခဲ့ပြီးနောက် ဖွဲ့စည်းခဲ့တဲ့ စစ်ကောင်စီရဲ့ ၄ နှစ်ခွဲ သက်တမ်းကာလဟာ ပထမစာမျက်နှာဖြစ်ပြီး ဒုတိယစာမျက်နှာကို ဆက်သွားမယ်လို့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ပြုလုပ်တဲ့ စစ်ကောင်စီ ဂုဏ်ပြုတွေ့ဆုံပွဲမှာ ပြောဆိုလိုက်ပါတယ်။
Read More

အထူးစီးပွားရေးဇုန်တွေ ဖော်ဆောင်ရာမှာ နိုင်ငံရေးအရလည်း ထည့်သွင်းစဉ်းစားဖို့လိုတယ်လို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း မှာကြား

အထူးစီးပွားရေးဇုန်တွေ နိုင်ငံတစ်၀န်းဖော်ဆောင်ရာမှာ နိုင်ငံရေးရှုထောင့်အရလည်း ထည့်သွင်းစဉ်းစားပေးဖို့ လိုတယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောပါတယ်။