မွန်ပြည်သစ်ပါတီ (NMSP) က ဦးဆောင်ပြီး လာမယ့် ဧပြီလ ၂ ရက်မှာ မွန်အမျိုးသား ညီလာခံကို မော်လမြိုင်မြို့၊ စျေးကြိုရပ်ကွက်၊ ဓါတုမာလာ မွန်ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပသွားမယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
မွန်အမျိုးသား ညီလာခံကို မွန်သံဃာတော်များအစုအဖွဲ့၊ မွန်ပြည်သစ်ပါတီအစုအဖွဲ့၊ မွန်နိုင်ငံရေးပါတီများအစုအဖွဲ့၊ မွန်အရပ်ဘက်လူမှုအဖွဲ့အစည်းများအစုအဖွဲ့၊ ကဏ္ဍအလိုက် မွန်ပညာရှင်များအစုအဖွဲ့နဲ့ အခြားဖိတ်ကြားသင့်သူတွေ အပါအဝင် စုစုပေါင်း အယောက် (၂၈၀) ခန့် တက်ရောက်ဖို့ စီစဉ်ထားတယ်လို့ ကနဦး သိရပါတယ်။
အခုကျင်းပမယ့် မွန်အမျိုးသားညီလာခံဟာ မွန်ပြည်သူတွေအားလုံးကို အမှန်တကယ် ကိုယ်စားပြုနိုင်ဖို့ကို မွန်လူငယ်တွေက မျှော်လင့်နေပါတယ်။
“အရင်တကြိမ်က ညီဆားမှာ လုပ်ခဲ့တာဆိုတော့ လူစုံ တက်ရောက်လာခဲ့တယ် ပြောလို့ရတယ်။ မှတ်မိသလောက်ဆို အရပ်ဖက်အဖွဲ့တွေရော လူငယ်အဖွဲ့တွေရော တတ်သိပညာရှင်တွေရော ပုံမှန်ပါဝင်သင့်တဲ့ သူတွေကတော့ ရှိတာပေါ့။ အခု ကိုယ်စားပြုတာကတော့ မြို့နေ မွန်ပြည်သူတွေအတွက် ပိုများနေတာပေါ့။ ၂၀၂၂ တုန်းက ညီဆားမှာ တက်ခဲ့တဲ့ အဖွဲ့တွေ အကုန်ပြန်မပါနိုင်ရင်တော့ ကိုယ်စားမပြုဘူးလို့ပဲ သတ်မှတ်ပါတယ်။ မွန်ပြည်သစ်က မွန်ပြည်သူလူထုအားလုံးကို တကယ် ကိုယ်စားပြုနိုင်ဖို့တော့ တကယ်မျှော်လင့်ပါတယ်” လို့ ညီဆားမှာ ကျင်းပခဲ့တဲ့ မွန်အမျိုးသားညီလာခံကို တက်ရောက်ခဲ့သူ တစ်ယောက်က မောင်းသတင်းဌာကို ပြောပါတယ်။
ညီလာခံရဲ့ ရည်ရွယ်ချက်ဟာ အမျိုးသားညီညွတ်ရေးတည်ဆောက်ဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် အခြေခံမူတွေကို လေ့လာသုံးသပ်ဖို့၊ ရာမညမွန်ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနဲ့ ကိုက်ညီစေရေး လေ့လာသုံးသပ်ဖို့နဲ့ မွန်အမျိုးသားဆိုင်ရာ မူဝါဒတွေကို အတည်ပြုသွားဖို့ ဖြစ်တယ်လို့ မွန်သတင်းဌာနတွေက ဖော်ပြထားပါတယ်။
“မွန်အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေပါတယ်ဆိုပြီး ပြောနေတာ နှစ်ပေါင်းမနည်းလှတော့ဘူး။ ကွန့်ဖရင့်တွေ၊ ညီလာခံတွေ၊ အစည်းအဝေးတွေ၊ စာရွက်တွေချည်းပေါ်မှာပဲ တိုက်ပွဲဝင်မနေပဲ တကယ့်လက်တွေ့မှာ ဖြစ်ဖြစ်မြောက်မြောက် အကောင်အထည် ဖော်ဖို့ လိုအပ်သလို တစ်ဖက်မှာလည်း ခုချိန်ထိ တကွဲကွဲတပြားပြားနဲ့ မညီညွတ်သေးတဲ့ မွန်နိုင်ငံရေးအစုဖွဲ့တွေက သူတစ်လူ ကိုယ်တစ်မင်း လုပ်မနေဘဲ တစ်စုတစ်စည်းတည်း ဖြစ်အောင် ပေါင်းစည်းဆောင်ရွက်ဖို့ အချိန်ကျနေပါပြီ” လို့ အမည်မဖော်လိုတဲ့ မွန်လူငယ်တစ်ယောက်က ပြောပါတယ်။
မွန်အမျိုးသားညီလာခံကို ဦးဆောင်ကျင်းပမယ်ဆိုတဲ့ မွန်ပြည်သစ်ပါတီဟာ စစ်ကောင်စီနဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဖြစ်သလို ကျင်းပဖို့ ရွေးချယ်ထားတဲ့ နေရာဟာလည်း စစ်တပ်ရဲ့ ရာခိုင်နှုန်းပြည့် အာဏာသက်ရောက်မှုရှိတဲ့ မော်လမြိုင်မြို့ ဖြစ်နေတာကြောင့် စစ်တပ်နဲ့ နီးစပ်သူတွေသာ မွန်အမျိုးသားညီလာခံကို တက်ရောက်နိုင်ဖို့ ဖန်တီးထားတာဖြစ်တယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
0 Shares:
You May Also Like
Read More

ဝန်းသိုတွင် ကျေးရွာမီးရှို့ပြီး ပြန်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၃ ဦး သေ၊ ၃ ဦး ဒဏ်ရာရကာ အရှင်ဖမ်းခံရသူများလည်း ရှိ

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်မှာ ကျေးရွာတွေ မီးရှို့ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

နတ်ရေကန်ဗျူဟာစခန်းမှ ထွက်ပြေးနေသည့် စစ်ကော်မရှင်တပ်သားများ ဆက်တိုက်ဆိုသလို ဖမ်းဆီးရမိဟု AA ထုတ်ပြန်၊ အလင်းဝင်လက်နက်ချသူများလည်း ရှိဟု ဆို

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်ဗျူဟာကုန်းကနေ ကစဥ့်ကလျား ထွက်ပြေးနေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို ဆက်တိုက်ဆိုသလို ဖမ်းဆီးရမိတာတွေရှိပြီး အလင်းဝင် လက်နက်ချသူတွေလည်း ရှိတယ်လို့ အာရက္ခတပ်တော် AA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရေစကြိုရုံးပေါင်းစုံက စစ်အုပ်စုတွေကို MBTအဖွဲ့၊ ပြောက်ကျား သွားရောက်တိုက်ခိုက်၊ စစ်အုပ်စုဘက်က ၃ ယောက် သေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ စစ်အုပ်စုတွေတပ်စွဲထားတဲ့ ရုံးပေါင်းစုံ (ရေစကြိုထွေအုပ်ရုံး) ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးကြောင်း Myingyan Black Tiger (MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲထံက သိရပါတယ်။
Read More

ကျောက်မဲမြို့တွင် ဒေသခံ အမျိုးသား (၂)ဦး မြေမြှုပ်မိုင်းနင်းမိကာ ပွဲချင်းပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒေသခံ အမျိုးသား (၂) ယောက် မြေမြှုပ်မိုင်းကို နင်းမိခဲ့ရာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
Read More

လက်ပံတန်းတွင် အကြမ်းဖက်စစ်တပ် ဒရုန်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သစ်ရောင်းပြင်ရွာကို အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အမျိုးသမီး ၂ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ထားဝယ်မြို့အဝင်ရှိ ပေါက်တိုင်းတံတားဂိတ် တိုက်ခိုက်ခံရပြီး စစ်သားနှင့်ပျူ ၉ ဦး သေ၊ ၇ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင်က အကြမ်းဖက်စစ်ကောင်စီရဲ့ ပေါက်တိုင်းတံတားဂိတ် ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီနဲ့ ပျူစောထီး ၉ယောက်သေဆုံးကာ ၇ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။