မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ပတ်တာကာလအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သား ၄၅ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
၂၀၂၅ ခုနှစ်၊ မတ်လ ၁ ရက်ကနေ ၂၁ ရက်အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၁၆) ယောက်နဲ့ အမျိုးသား (၂၉) ယောက် စုစုပေါင်း (၄၅) ယောက် သေဆုံးခဲ့ပြီး နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေထဲ မကွေးတိုင်းက အယောက် (၃၀) နဲ့ သေဆုံးမှုအများဆုံးဒေသဖြစ်ပြီး (၂၆) ယောက်ဟာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တာဖြစ်ပြီး (၁၂) ယောက်ကတော့ စစ်အုပ်စုရဲ့ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တာဖြစ်ပါတယ်။
မတ်လ ၂၀ ရက် မနက်အစောပိုင်း အများပြည်သူ အိပ်မောကျနေချိန် မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ အလယ်ဘန်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သက်ကြီးရွယ်အိုနှစ်ယောက်နဲ့ Grade-12 ကျောင်းသူနှစ်ယောက် ဗုံးစထိမှန် သေဆုံးခဲ့ပါသေးတယ်။
ပုံစာ – အလယ်ဘန်းကျေးရွာ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်…
0 Shares:
You May Also Like
Read More

Special Operation Group စစ်ကြောင်းမှ တပ်ရင်း ရိက္ခာအတွက် ရိက္ခာများကို ခက်ခဲစွာ သယ်ယူနေသည့် ပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ Special Operation Group စစ်ကြောင်းအနေနဲ့ တပ်ရင်းအတွက် ရိက္ခာကို အဆင့်ဆင့် ခက်ခက်ခဲခဲ သယ်ယူရတဲ့ ပုံရိပ်တွေကို ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

Myanmar Defense Force က ကျဆုံးရဲဘော် ၃ ယောက်အတွက် အမိန့်ပြန်တမ်း ပြန်ဆိုခြင်းနဲ့ အလေးပြုခြင်း အခမ်းအနား

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သာယာဝတီခရိုင် အမှတ် (၃) တပ်ရင်း (Myanmar Defense Force) အနေနဲ့ တပ်ရင်းက ရဲဘော် ၃ ယောက် ကျဆုံး​​ခြင်းအတွက် အမိန့်ပြန်တမ်း ပြန်ဆိုခြင်းနဲ့ အလေးပြုခြင်း အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မအောင်မြင်ခဲ့တဲ့ ကူမင်းဆွေးနွေးမှုအပြီး စစ်ကောင်စီ နောင်ချိုကို ဗုံးကြဲ

စစ်ကောင်စီနဲ့ တအာင်းတပ် TNLAတို့ ဆွေးနွေးမှုအပြီး စစ်ကောင်စီက TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

တီးတိန်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက် လက်နက် ၁ လက်နဲ့ အလင်းဝင်လာ… (ဓာတ်ပုံသတင်း)

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ စစ်ကောင်စီရဲ့ လက်အောက် တာဝန်ထမ်းဆောင်နေတဲ့ စစ်သား ၂ ယောက်နဲ့ ရဲ ၂ ယောက် အလင်းဝင်လာတယ်လို့ CDF - CDM - Siyin က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ကြို့ပင်ကောက်နဲ့ ဇီးကုန်းက ရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စု မိုင်းဆွဲခံရပြီး ၄ ယောက်သေ၊ ၃ ယောက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ကြို့ပင်ကောက်နဲ့ ဇီးကုန်းမြို့နယ်က ကျေးရွာတွေမှာ အကြမ်းဖက်စစ်ကြောင်းကြောင့် အရပ်သားတွေနေရပ်မပြန်နိုင်သေးဘဲ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ တာဝန်ခံ ကိုတေဇာမင်းက မောင်းကို ပြောပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်ကြောင့် အရပ်သား အယောက် ၅၀ သေဆုံး

စစ်ကိုင်းတိုင်းအတွင်း ၂၀၂၅ ခုနှစ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အရပ်သားတွေကို ဦးတည်ပစ်မှတ်ထားတဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် အရပ်သားပြည်သူ အယောက် ၅၀ သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။