နိုင်ငံတစ်ဝန်း မတ်လဒုတိယအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ၂၈ ယောက် အလင်းဝင်လာပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ ၂၀၂၅ ခုနှစ် မတ်လ ဒုတိယပတ်အတွင်း အလင်းဝင်လာသူနဲ့ အဖမ်းခံရသူ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား၊ ပြည်သူ့စစ်နဲ့ ရဲ စုစုပေါင်း ၇၆ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က အလင်းဝင်လာသူတွေကတော့ စစ်သား ၂၆ ယောက်နဲ့ ပြည်သူ့စစ် ၂ ယောက် စုစုပေါင်း ၂၈ ယောက် ရှိပြီး ၁၃ ယောက်က စစ်မှုထမ်းသင်တန်းဆင်းတွေ ဖြစ်ကာ မန္တလေးတိုင်းက အများဆုံးအဖြစ် ၁၄ ယောက် အလင်းဝင်လာတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ကနေ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိသူ ၄၈ ယောက်ရှိပြီး စစ်ကိုင်းတိုင်းက ၃၄ ယောက်နဲ့ မန္တလေးတိုင်းက ၁၄ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
စကစ၏ “ပြေးဟပရောဂျက် ယခုတစ်ပတ်” အစီအစဥ်အဖြစ် ပြည်သူ့ပန်းတိုင်က ပြုလုပ်နေတဲ့ အစီအစဥ်မှာ နိုင်ငံတစ်ဝန်း တစ်ပတ်အတွင်း စစ်ကောင်စီတပ်က အလင်းဝင်သူနဲ့ စစ်သုံ့ပန်း အရေအတွက်ကို အများပြည်သူ သိရှိအောင် အသိပေးထုတ်ပြန်နေတာဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ မြောင်မြို့နယ်တော်လှန်ရေးတပ်ရဲ့ မှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအတွင်း ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ စစ်ကိုင်းခရိုင်အမှတ် ၅ တပ်ရင်း - မြောင်မြို့နယ်တော်လှန်ရေးတပ် (MRA) က တပ်ဖွဲ့ဝင်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဘီလုံး (သို့မဟုတ်) စစ်ပွဲကပေးတဲ့ စိတ်ဒဏ်ရာတွေနဲ့ ရှင်သန်ရင်း ရဲရင့်စွာ အသက်ပေးခဲ့သူ

"သူက စစ်တိုက်ချင်တာ ငယ်ငယ်လေးကတည်းက၊ ဘာရယ်တော့မဟုတ်ဘူး။ ယူနီဖောင်းဝတ်ရရင် ပျော်နေတဲ့သူမျိုး။ အိမ်ကလည်း အစကတည်းက မဟုတ်မခံစိတ်ရှိတဲ့ ညီမတို့စိတ်ဓာတ်တွေကို မနိုင်လို့ လွှတ်ပေးထားတာ။ မေမြို့မှာ ကျမက သပိတ်တွေလည်းလုပ်တော့ အရင်ပြေးရတယ်။ အဲ့တာ ကျမက အရင်ပြေးတော့ သူကနောက်ကလိုက်လာတာ"
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်၊ ရဲ ၅ ဦး သေ

ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင် အမှတ် ၃၁၉ မိုင်မှာ ဒီနေ့ မတ်လ ၁၉ ရက် မနက်ပိုင်းက စစ်အုပ်စုနဲ့  ပြည်သူ့ကာကွယ်တပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
Read More

တပ်သားသစ်လိုအပ်ချက် များပြားနေတဲ့ စစ်တပ်က စစ်ကိုင်းနဲ့ မန္တလေးမှာ လူငယ်လူရွယ်တွေကို အလုံးအရင်းနဲ့ ဖမ်းဆီးနေ

စစ်ကိုင်းတိုင်း၊ ကလေး၊  ကလေးဝနဲ့ မန္တလေးတိုင်း ညောင်ဦး၊ မြင်းခြံ မြို့နယ်တွေမှာ တပ်သားသစ်လိုအပ်ချက်များပြားနေတဲ့ အကြမ်းဖက်စစ်တပ်က လူငယ်တွေကို အလုံးအရင်းနဲ့ဖမ်းဆီးနေတယ်လို့သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

စလင်းမှာ စစ်တပ် တပ်စွဲထားတဲ့ နေရာတွေအနီး နေထိုင်တဲ့ ပြည်သူတွေ တစ်ပတ်အတွင်း ပြောင်းရွေ့ဖို့ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းက သတိပေးထုတ်ပြန်

မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းရွာ ရဲစခန်းအပါ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့ နေရာတွေ အနီး နေထိုင်တဲ့ ပြည်သူတွေ တစ်ပတ်အတွင်း ပြောင်းရွေ့ဖို့ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းက အသိပေး ထုတ်ပြန်ထားပါတယ်။
Read More

ပခုက္ကူခရိုင်တွင်း အကြမ်းဖက်စစ်ကြောင်းနှင့် တိုက်ပွဲ ၄ကြိမ် ဖြစ်ပွားပြီး ဖမ်းဆီးခံထားရသည့် အရပ်သား ၂ဦးကို ကယ်ထုတ်နိုင်ခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ တပ်မ (၉၉) လက်အောက်ခံ တပ်ရင်းတွေနဲ့ ထိတွေ့တိုက်ပွဲ ၄ကြိမ်ဖြစ်ပွားရာမှာ အကြမ်းဖက်စစ်သားအလောင်းတွေနဲ့ ခဲယမ်းတွေသိမ်းဆည်းရမိခဲ့ပြီး အရပ်သား ၂ယောက်ကိုပါ ကယ်ထုတ်နိုင်ခဲ့ကြောင်း ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစု တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ဒီဇင်ဘာလ အစပိုင်းကစလို့ ပခုက္ကူခရိုင်အတွင်း ပခုက္ကူနဲ့ မြိုင်မြို့နယ်အစပ်တွေမှာ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ၄ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး စစ်အုပ်စုထိခိုက်မှုတွေ ရှိခဲ့ပါတယ်။