စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့ကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၃၃ ယောက် သေဆုံးပြီး ၃၁ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။

အင်းတော်မြို့နယ်အစပ် ကသာမြို့နယ်၊ ပင်လွတ်ရွာအနီး ပန်းတောင်ကြီး၊ ပန်းတောင်လေးတောင်မှာ ကသာမြို့ ခမရ-၃၀၉ က ထွက်လာတဲ့ စစ်ကောင်စီစစ်‌ကြောင်းကို မတ်လ (၁၅) ရက်မှာ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဗိုလ်မှူး လင်းထက် ဦးစီးပြီး ခမရ (၁၀၆၊ ၃၀၉)၊ ခလရ-၆ ပူးပေါင်းအင်အား (၁၅၀) ခန့်ပါတဲ့ အကြမ်းဖက်စစ်ကြောင်းကို EAOs(KIA)၊ KPDF၊ ကသာခရိုင် တပ်ရင်း-၁၊ မိုးတားတိုက်နယ် ပကဖ နဲ့ ကသာမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က (၃၃) ယောက် သေဆုံးပြီး (၁၀) ယောက် ထိခိုက်ဒဏ်ရာရကာ (၃၁) ယောက် ဖမ်းဆီးရမိခဲ့သလို တော်လှန်ရေးပူးပေါင်းတပ်က ရဲဘော် ၂ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဆီက MA-1 (၂၉) လက်၊ MA-2 (၆) လက်၊ MA-3 (၁၂) လက်၊ MA-4 (၃) လက်၊ MA-11 (၁) လက်၊ MA-15 (၁) လက်၊ Anti Drone Gun (၁) လက်၊ MA-10 ဗုံးသီး (၃၇) လုံး၊ MA ကျည် (၈၀၀၀) တောင့်၊ MA-15 ကျည် (၂၀၀၀) တောင့်၊ ၆၀ မမ ဗုံးသီး (၁၇) လုံး၊ ကျည်အိမ် (၁၁၃) ခု၊ ကျောပိုး Jammer (၁) ခု၊ ဆက်သွယ်ရေးစက် (၁) လုံး၊ အထိုင်ဖုန်း (၁) လုံး၊ ကျည်ကာဦးထုပ် (၁၂) လုံး သိမ်းဆည်းရမိခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကိုင်းတိုင်းအတွင်းရှိ ရေရှည်စစ်ရှောင်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးကာ စောင်၊ ခြင်ထောင်များ ထောက်ပံ့ခဲ့

စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတစ်ရွာရှိ ရေရှည်စစ်ဘေးရှောင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး စောင်‌နဲ့ ခြင်ထောင်တွေ ထောက်ပံ့‌ပေးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာရှိ အကြမ်းဖက်စစ်တပ်ကို သွားရောက် တိုက်ခိုက်၊ ၂ ယောက် သေပြီး ၃ ယောက် ပြင်းထန်ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာရှိ အကြမ်းဖက်စစ်တပ်ကို သွားရောက် တိုက်ခိုက်ရာ စစ်တပ်က ၂ ယောက် သေဆုံးပြီး ၃ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ KNLA တပ်မဟာ ၄ အထူးတပ်ဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲမြို့ကို စစ်ကောင်စီ ပြန်သိမ်းလိုက်ပြီဟု သတင်းများ ထွက်ပေါ်နေ 

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ် အစပ်က မိုးဗြဲမြို့ကို စစ်ကာင်စီတပ်တွေ ပြန်လည်သိမ်းယူလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ 
Read More

မတ္တရာစစ်ရှောင်စခန်းကို လေကြောင်းတိုက်ခိုက်မှု ဂုဏ်သိက္ခာကင်းမဲ့တဲ့ တိုက်ခိုက်မှုဟု MDY-PDF ရှုတ်ချ

မန္တလေးတိုင်း၊ မတ္တရာမြို့က စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဟာ ဂုဏ်သိက္ခာကင်းမဲ့တဲ့ စစ်ရာဇဝတ်မှုကိုပြောင်‌ပြောင်တင်းတင်း ကျူးလွန်လိုက်ခြင်းဖြစ်ကြောင်း မန္တလေး PDF က မနေ့က အောက်တိုဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

PNLO နယ်မြေက ပွန်ချောင်းတံတားကို စစ်ကောင်စီ လေတပ် ဗုံးကြဲတိုက်ခိုက်

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နယ်မြေက အများပြည်သူအသုံးပြုနေတဲ့ ပွန်ချောင်းတံတားကို စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က ထုတ်ပြန်ထားပါတယ်။
Read More

ချင်းကာကွယ်ရေးတပ် – အရှို ရဲ့ အခြေခံစစ်ပညာသင်တန်းအပတ်စဥ် ၆ သင်တန်းဆင်းပွဲ

ချင်းပြည်နယ်အခြေစိုက် ချင်းကာကွယ်ရေးတပ် - အရှို ( CDF - Asho ) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ၆ သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။