အင်အားကြီး စူပါပါဝါ နိုင်ငံတစ်ခုတည်းအပေါ် မှီခိုမှုကို လျှော့ချဖို့ လိုအပ်ပြီး မိတ်ဖက်နိုင်ငံများများ ထားရှိရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

တရုတ်နဲ့ ရုရှားကိုသာ အဓိက မိတ်ဖက်နိုင်ငံအဖြစ် အားကိုးအားထားပြုနေရတဲ့ စစ်ကောင်စီက သူတို့ရဲ့ မိတ်ဖက်နိုင်ငံတွေကို တိုးချဲ့ရမှာဖြစ်တယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်က  ဒီနေ့  မတ်လ၂၁ ရက်နေ့က နေပြည်တော်ရှိ MICC-1 မှာကျင်းပတဲ့ “၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားမှာထည့်သွင်းပြောကြားလိုက်တာပါ။

နိုင်ငံတကာဆက်ဆံရေးမှာ အင်အားကြီးနိုင်ငံတွေရဲ့ လွှမ်းမိုးမှုပုံစံတွေလည်း ပြောင်းလဲလာတာကို တွေ့ရှိရမှာ ဖြစ်သလို ဒေသတွင်းအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာလည်း ပိုမိုအရေးပါလာတယ်လို့ မင်းအောင်လှိုင်က ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့် တရုတ်နဲ့ ရုရှားကိုသာ အားကိုးနေရတဲ့ စစ်ကောင်စီက မိတ်ဖက်နိုင်ငံတွေများများရှိရမယ်လို့ ထည့်သွင်းပြောကြားလာတာလည်း ဖြစ်ပါတယ်။

မင်းအောင်လှိုင်ဟာ တိုင်းရင်းသားအင်အားစုတွေနဲ့ တော်လှန်ရေးတပ်တွေကို အနောက်နိုင်ငံတွေနဲ့ နိုင်ငံတချို့က ထောက်ပံ့ပေးနေလို့ တိုင်းပြည်က အန္တရာယ်ကျရောက်ခဲ့ရတာလို့လည်း မကြာခဏ ထုတ်ဖော်စွပ်စွဲ ပြောကြားခဲ့ဖူးပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ  စူပါ ပါဝါအင်အားကြီးနိုင်ငံတွေကို မမှီခိုသင့်ဘူးလို့ ပြောကြားခဲ့ပေမယ့် သူကိုယ်တိုင်က ရုရှားနဲ့တရုတ်ကိုသာ အားပြုပြီး နိုင်ငံတကာရဲ့ဖိအားတွေကြားက နိုင်ငံတစ်ဝန်း စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံခြားသတင်းဌာနတစ်ခုနဲ့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ရဲ့ အင်တာဗျုးတစ်ခုမှာတော့ မြန်မာနိုင်ငံအနေနဲ့ ပိတ်ဆို့အရေးယူမှုတွေအပေါ် မိတ်ဆွေနိုင်ငံတွေ မရှိလည်း ရပ်တည်နိုင်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။

0 Shares:
You May Also Like
Read More

ညောင်ဦး-ချောက် လမ်းပိုင်းတွင် တပ်ကူသွားသည့် စစ်ကားများ ၂ ကြိမ် မိုင်းဆွဲခံရ၊ ၅ ဦး သေပြီး အများအပြား ထိခိုက်

မန္တလေးတိုင်း၊  ညောင်ဦး-ချောက်လမ်းပိုင်းမှာ စလင်းမြို့နယ်ကို စစ်ကူသွားတဲ့ စစ်ကောင်စီကားတန်း မိုင်း ၂ ကြိမ်ဆွဲခံရပြီး အကြမ်းဖက်စစ်သား ၅ ယောက် သေဆုံးခဲ့ကြောင်း Bagan Bo Cho PDF တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နမခတွင် ပေါ်တာဆွဲ ဖမ်းဆီးခံထားရသည့် စစ်မှုထမ်း‌ တပ်သားသစ် ၄ ဦး သေနတ် ၃ လက်နှင့်အတူ ထွက်ပြေးလွတ်မြောက်လာ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာ ပေါ်တာဆွဲ ဖမ်းဆီးခံထားရတဲ့ စစ်မှုထမ်း‌ တပ်သားသစ် ၄ ယောက် သေနတ် ၃ လက်နဲ့အတူ ထွက်ပြေးလွတ်မြောက်လာတယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

တနင်္သာရီတိုင်းတွင် အကြမ်းဖက်စစ်တပ်မှ အတင်းအဓမ္မဖမ်းဆီး စုဆောင်းခံရသည့် စစ်မှုထမ်းတပ်သား ၃ ဦး KNLA ထံအလင်းဝင်

ကရင်အမျိုးသား အစည်းအရုံး KNU၊ မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်က အကြမ်ဖက်စစ်တပ် တပ်သား ၃ ယောက်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဆီ အလင်းဝင်ရောက်ခဲ့တယ်လို့  KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။
Read More

၇၆ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် 96 Soldiers PDF – တောင်ပိုင်းတိုင်း ရဲဘော်တွေ ဓာတ်ပုံကမ်ပိန်း ပြုလုပ်

ဒီနေ့မှာ ကျရောက်တဲ့ ၇၆ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် 96 Soldiers PDF - တောင်ပိုင်းတိုင်းက ရဲဘော်တွေဟာ အွန်လိုင်းဓာတ်ပုံကမ်ပိန်းလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကန့်ဘလူမှာ စစ်အုပ်စုက ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့ရင်း အရပ်သား ၁၂၀ ကျော်ကို အကြောင်းမဲ့ဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က အရပ်သား ၁၂၂ယောက်ကို အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်ထားကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။
Read More

မန္တလေးငလျင်ကြီးဟု အတူတူ ခေါ်ဝေါ်ကြဖို့ ဇော်မင်းထွန်း ပြော

မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၇ ရစ်ချ်တာစကေးရှိ ငလျင်ကြီးနဲ့ ပတ်သက်ပြီး ခေါ်ဝေါ် ရည်ညွှန်းရာမှာ မန္တလေးငလျင်ကြီးလို့ သုံးနှုန်းကြဖို့ အာဏာသိမ်း စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက ပြောဆိုလိုက်ပါတယ်။