အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ်(၁၁/၂၀၂၅)ကို မတ် ၂၀ ရက် မနေ့က မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

အစည်းအဝေးမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က အုပ်ချုပ်ရေးလုပ်ငန်းတွေကို စိတ်ရှည်ရှည်နဲ့ အပြန်အလှန် ညှိနှိုင်းဆွေးနွေးလုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

 “အုပ်ချုပ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ကြရာမှာ ပုံမှန်ကာလတွေလို အမိန့်၊ ညွှန်ကြားချက်တွေနဲ့ ပြတ်ပြတ်သားသားသွားလို့ရတဲ့ အခြေအနေမျိုးမဟုတ်တာလည်း အားလုံး သိရှိပြီးဖြစ်သလို လုပ်ချင်သလို လုပ်ခွင့်ပြုထားပေးရမယ့် အခြေအနေလည်း မဟုတ်တာကြောင့် စိတ်ရှည်ရှည်နဲ့ အပြန်အလှန် ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်သွားကြရမှာဖြစ်ကြောင်း၊ တိုင်ကြားမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီးလည်း ပြည်သူတွေဘက်ကပဲဖြစ်ဖြစ်၊ မြို့နယ်တာဝန်ရှိသူတွေဘက်ပဲဖြစ်ဖြစ် ကျွန်တော်တို့ ဗဟိုအစိုးရဆီကို အားကိုးတကြီးနဲ့ တိုင်ကြားတင်ပြမှုတွေကို ခပ်မြန်မြန်ဖြေရှင်းနိုင်ဖို့ သက်ဆိုင်ရာ တိုင်ကြားစာယန္တရားကို တိုက်တွန်းလိုပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။

အစည်းအဝေး တက်ရောက်လာတဲ့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်တွေကလည်း (၁၀/၂၀၂၅) အစည်းအဝေးမှာ ချမှတ်ထားခဲ့တဲ့ ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့ ပြီးစီးမှုအခြေအနေတွေ၊ ဆက်လက်ဆောင်ရွက်ဖို့ ကျန်ရှိနေတဲ့ လုပ်ငန်းစဉ်တွေကို ချပြရှင်းလင်းပြီး တာဝန်ရှိသူတွေ အကျယ်တဝင့် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဦးဆောင်မှုနဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေ၊ အမြဲတမ်းအတွင်းဝန်တွေ၊ တွဲဖက်အတွင်းဝန်တွေနဲ့ ဌာနဆိုင်ရာတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရွှေပြည်သာမြို့နယ်က အကြမ်းဖက် ရဲမှူး မိုးညိုရဲ့နေအိမ် မိုင်းခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲမှူး မိုးညိုရဲ့ နေအိမ်ကို ပြောက်ကျားတပ်ဖွဲ့ဝင်တွေက ပြင်းအားမြင့် မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း The Grand Unsung (TGU) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စလင်းမှာ စစ်ရေးတင်းမာနေပြီး တညောင် – ဆင်ဖြူကျွန်းလမ်းပိုင်းကို စလင်း ပကဖ ယာယီပိတ်ထား

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ ဆင်ဖြူကျွန်း-တညောင်လမ်းပိုင်းက ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီတပ်တွေ ဝင်ရောက်စစ်ကြောင်းထိုးပြီး လက်နက်ကြီးပစ်ခတ်တာတွေလုပ်ဆောင်နေရာ အရပ်သားသေဆုံးမှုတွေရှိ​တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-စလင်း တာဝန်ရှိသူ က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရေဦးမှာ စစ်ကောင်စီက စစ်ကြောင်း ၂ ကြောင်း ပြိုင်ထိုးနေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးနေရ…

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မြောက်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်း ၂ ကြောင်း ပြိုင်ထိုးနေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကို ရှောင်တိမ်းနေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ဖားကန့်တွင် KIA တပ်သားသစ် စုဆောင်းမှုကို ထွက်ပြေးရင်း ဒေသခံ ၁ဦး မြေစာပုံပေါ်မှ ပြုတ်ကျသေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ် (KIA) ရဲ့ တပ်သားသစ်စုဆောင်းမှုကနေ ထွက်ပြေးကြရင်း ဒေသခံတစ်ယောက် မြေစာပုံပေါ်ကနေ ပြုတ်ကျသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

၄ လကျော်ကြာ ဖြစ်ပွားနေသည့် သိန်းခွန်ကျေးရွာတိုက်ပွဲမှ စစ်သား ၂ ဦး လက်နက်အပြည့်အစုံနှင့် အလင်းဝင်လာ…

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းရှ်ိ ၄ လကျော်ကြာ ဖြစ်ပွားနေတဲ့ သိန်ခွန်းကျေးရွာ တိုက်ပွဲကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် လက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA တပ်ရင်း ၁၁ လက်အောက်ခံ ခွပ်ဒေါင်းတမန်အထူးစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမှ ကျောက်မဲသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူများအတွက် SSPP/SSA မှ စားနပ်ရိက္ခာများ ထောက်ပံ့ကူညီ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ရဲ့ တိုက်ပွဲတွေကြောင့် ကျောက်မဲမြို့နယ်ကို စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။