ရန်ကုန်-ပြည် လမ်းပိုင်းပေါ်က အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကွင်းတာဆုံဂိတ်ကို ၂ရက်ဆက် တိုက်ခိုက်မှုမှာ စစ်အုပ်စု ၈ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားနဲ့ သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တာဝန်ရှိသူက  ​မောင်းကို ပြောပါတယ်။

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ အုတ်တွင်းကျေးရွာအနီးမှာ အထိုင်ချ တပ်ဆွဲထားတဲ့ စစ်ကောင်စီရဲ့ စစ်ကွင်းတာဆုံဂိတ်ကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့မှာ စတင်ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

နှစ်ဖက် အပြန်လှန်ပစ်ခတ်မှု ၂နာရီနီးပါး ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က ၇ ယောက်သေကာ ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ကာဘိုင်သေနတ် ၁ လက်၊ ကျည်ဘောက် ၁ ခု၊ ကျည် ၂၀ တောင့်၊ စစ်အသုံးအဆောင်ပစ္စည်းတချို့ နဲ့ ဆိုင်ကယ် ၁ စီးတို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက  သိမ်းဆည်းရရှိခဲ့ပါတယ်။ သိမ်းပိုက်ရရှိတဲ့ စစ်ကောင်စီစခန်းကို မီးရှို့ ရှင်းလင်းထားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင်  (မတ်လ ၂၁ ရက်)  ဒီနေ့မနက်ပိုင်းမှာလည်း အထက်ပါ စစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ်က ဘန်ကာဆီ လုံခြုံရေး ပြန်လာယူတဲ့ စစ်ကောင်စီ တပ်သားတွေကို အဝေးထိန်းမိုင်းနဲ့ ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာမှာ နေရာတင်ပွဲချင်းပြီး ၁ယောက် သေဆုံးပြီး ၄ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“အဲ့ဂိတ်လာသမျှ ကားတွေ၊  ပြည်သူတွေကို စစ်ဆေးပြီး ငွေညှစ်တယ်။ လူငယ်တွေကို စစ်တပ်ထဲထည့်တယ်။ လာသမျှကားတွေဆီကနေ သူတို့ ကြိုက်တဲ့ပစ္စည်းဆို ယူထားတတ်တယ်။ အဲ့လိုမျိုး အရမ်းဆိုးနေလို့ သွားတိုက်ခဲ့တာပါ။” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

သူကပဲဆက်လက်ပြီး “အခုမနက်ကလည်း အဝေးထိန်းနဲ့ ဗုံးသွားခွဲတာ ရခ ၁ ကောင် သေတယ်။ ဒဏ်ရာရတဲ့ ၄ကောင် မှာလည်း ၃ကောင်က အခြေအနေမကောင်းဘူး။ ဗိုက်ပွင့်တဲ့သူကပွင့် ခြေပြတ်တဲ့သူကပြတ်နဲ့ပါ” လို့မောင်းကိုပြောပါတယ်။

ဆက်လက်ပြီးတော့လည်း အရပ်သား ပြည်သူတွေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခပေးနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ လက်ပါးစေဒေါက်တိုင်တွေကို အရှိန်မြှင့် တိုက်ခိုက်သွားမှာဖြစ်ကြောင်းနဲ့ အရပ်သားတွေဘက်က စစ်အုပ်စုအနီးအနားသွားလာနေထိုင်ခြင်း မပြုကြဖို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က အသိပေးထားပါတယ်။

၂၀၂၅ ခုနှစ်အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်က အကြမ်းဖက်စစ်တပ်ဂိတ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မကြာခဏ ဆိုသလို ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၁၉ရက်နေ့ကလည်း နွားထိုးကြီးမြို့နယ်အတွင်းက မိုင်တိုင် ၃၁၉ မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

စစ်ကွင်းတာဆုံဂိတ်ကို PDF တပ်ဖွဲ့ဝင်များ တိုက်ခိုက်မီးရှို့နေပုံနှင့် သိမ်းဆည်းရရှိသည့် စစ်လက်နက်အချို့ (ဓာတ်ပုံ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂)

0 Shares:
You May Also Like
Read More

ရခိုင်ပြည်နယ်တွင် ဩဂုတ်လအတွင်း စစ်အုပ်စုကြောင့် ပြည်သူ (၁၆) ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

ရခိုင်ပြည်နယ်မှာ ဩဂုတ်လအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ (၁၆) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

အတုအယောင်ရွေးကောက်ပွဲသည် ပြည်တွင်းစစ်ကို သက်ဆိုးရှည်အောင် လောင်စာထည့်ပေးသလို ဖြစ်နေဟု NUG ယာယီသမ္မတ ပြော၊ ရွေးကောက်ပွဲ ထောက်ခံနေသည့် ဒေသတွင်းနိုင်ငံများ စစ်အာဏာရှင်ရဲ့ မျက်နှာကို မကြည့်ဘဲ မြန်မာပြည်သူတစ်ရပ်လုံးရဲ့ မျက်နှာကို ငဲ့ဖို့ တောင်းဆို

အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အဖြေ မဟုတ်ဘဲ ပြည်တွင်းစစ်ကို သက်ဆိုးရှည်အောင် လောင်စာထည့်ပေးသလို ဖြစ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်ပါတယ်။
Read More

သာကေတနှင့် မြောက်ဥက္ကလာပတွင် စစ်အုပ်စု၏ ဌာနဆိုင်ရာနှင့် လုံခြုံရေးယူထားသည့်နေရာများ ဖောက်ခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ သာကေတနဲ့ မြောက်ဥက္ကလာပမြို့နယ်တွေမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဌာနဆိုင်ရာရုံးနဲ့ လုံခြုံရေးချထားရာနေရာတွေကို ဇွန် ၁၈ ရက် (မနေ့ညပိုင်း) မှာ ကိုယ်စီ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း လုပ်ဆောင်ခဲ့တဲ့ သက်ဆိုင်ရာမြို့ပြပြောက်ကျားအဖွဲ့ဝင်တွေက မောင်းကို ပြောပါတယ်။
Read More

ဆေးဝါးပစ္စည်းဝယ်ယူရန် အခက်အခဲရှိသည့် ထိန်းချုပ်နယ်မြေရှိ ပြည်သူလူထုဆီ ဓနုဆေးတပ်ဖွဲ့ ကွင်းဆင်း ဆေးကုသပေး

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF/DPLA) ထိန်းချုပ်နယ်မြေရှိ ဆေးဝါးပစ္စည်းဝယ်ယူဖို့ အခက်အခဲရှိတဲ့ ပြည်သူလူထုဆီ ဓနုဆေးတပ်ဖွဲ့က တိုက်ရိုက်ကွင်းဆင်းပြီး လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ဆောင်ရွက်‌ပေးခဲ့တယ်လို့ DPLF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တအာင်းအမျိုးသား တော်လှန်ရေးနေ့မှာ PSLF/TNLA က အကျဉ်းသား (၅၅) ယောက် လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး (၅၄) ယောက်ကို ပြစ်ဒဏ်လျှော့ပေါ့

ဇန်နဝါရီလ ၁၂ ရက် ဒီနေ့မှာ ကျရောက်တဲ့ (၆၂)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အကျဉ်းသား (၅၅) ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး (၅၄) ယောက်ကို ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့တယ်လို့ တအာင်းတပ်မတော် PSLF/TNLA က ထုတ်ပြန်ထားပါတယ်။
Read More

မိုင်းငေါ့မြို့ကို အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် - (PSLF/TNLA) ထိန်းချုပ်ထားတဲ့ မိုင်းငေါ့မြို့လယ် ရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA နဲ့ Ta'ang Women's Organization ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။