စစ်ကောင်စီထံ လက်နက်ရောင်းချနေတဲ့ အိန္ဒိယစစ်လက်နက်ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံထားမှုတွေကို  ဆွီဒင်ပင်စင်ရန်ပုံငွေအဖွဲ့က ပြန်လည်ထုတ်ယူလိုက်ခြင်းအပေါ်  Justice For Myanmar (JFM) က ကြိုဆိုကြောင်း ထုတ်ပြန်လိုက်ပါတယ်။

အိန္ဒိယစစ်လက်နက်ကုမ္ပဏီ Bharat Electronics Limited (BEL) ဟာ မြန်မာအကြမ်းဖက် စစ်တပ်ထံ စစ်လက်နက်တွေ ရောင်းချမှုအတွက် အဆိုပါ ကုမ္ပဏီကို ရင်းနှီးမြှုပ်နှံမှုစာရင်းကနေ ဖယ်ထုတ်ဖို့ ဆွီဒင်နိုင်ငံ AP Pension Funds ရဲ့ ကျင့်ဝတ်ဆိုင်ရာကောင်စီကို JFM က တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

ဆွီဒင်ပင်စင်ရန်ပုံငွေအဖွဲ့ဟာ ၂၀၂၄ ခုနှစ်စာရင်းတွေအရ BEL ကုမ္ပဏီမှာ ဆွီဒင်ခရိုနာ ၃၅၉ သန်းကျော် (အမေရိကန်ဒေါ်လာ ၃၃.၈ သန်း) ရှယ်ယာပိုင်ဆိုင်ထားပြီး အဲ့ဒီရင်းနှီးမြုပ်နှံမှုတွေကို ရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။ 

Bharat Electronics Limited (BEL) ဟာ မြန်မာစစ်အုပ်စုရဲ့ တရားမဝင်အာဏာသိမ်း ကြိုးပမ်းမှုမတိုင်မီနဲ့ နောက်ပိုင်း ကာလနှစ်ခုလုံးမှာ စစ်ရေယာဉ်တွေအတွက် ရေဒါစနစ်တွေ၊ လေကြောင်းရန် ကာကွယ်ရေး စစ်လက်နက်အထိုင်စခန်းတစ်ခု၊ ရေဒီယိုစနစ်တွေနဲ့ စက်ပစ္စည်းကိရိယာတွေကို အကြမ်းဖက် မြန်မာစစ်တပ်ထံ ရောင်းချပေးခဲ့တယ်လို့ JFM က ထုတ်ပြန်ပါတယ်။

BEL ဟာ ၂၀၂၃ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၅ သန်းကျော် တန်ဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေကို မြန်မာစစ်တပ်ထံ လွှဲပြောင်းရောင်းချခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လမှာလည်း  မြန်မာစစ်တပ်အတွက် သုံးဘက်မြင်စောင့်ကြည့် ထောက်လှမ်းရေး ရေဒါတစ်ခုအတွက် ထိန်းချုပ်ရေးကိရိယာတစ်စုံကို  BEL က ရောင်းချထားပါသေးတယ်။  

ဒီဆုံးဖြတ်ချက်က အိန္ဒိယအစိုးရအနေနဲ့ အကြမ်းဖက် မြန်မာစစ်တပ်ကို စစ်လက်နက်နဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ လွှဲပြောင်းရောင်းချမှုအားလုံး အဆုံးသတ်ရပ်တန့်ပြီး နိုင်ငံတကာဥပဒေအရ သူတို့ရဲ့ တာဝန်ဝတ္တရားတွေကို လေးစားလိုက်နာဖို့ လှုပ်နှိုးလိုက်တာမျိုး ဖြစ်သင့်တယ်လို့ JFM က ထောက်ပြပါတယ်။

“မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို နှစ်ပေါင်းများစွာ အားပေးကူညီလာခဲ့တဲ့ BEL ကုမ္ပဏီကို ရင်းနှီးမြှုပ်နှံမှုစာရင်းက ဖယ်ထုတ်ခဲ့တဲ့ ဆွီဒင် ပင်စင်ရန်ပုံငွေရဲ့ လုပ်ဆောင်ချက်ကို ကျမတို့ ကြိုဆိုပါတယ်”လို့ Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။

ဒီဆုံးဖြတ်ချက်က အကြမ်းဖက် မြန်မာစစ်တပ်နဲ့လုပ်တဲ့ စီးပွားရေးလုပ်ငန်းတွေဟာ နိုင်ငံတကာဥပဒေတွေကို ဆန့်ကျင်ရုံသာမက ဆိုးရွားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေလည်း ဖြစ်တယ်လို့ BEL ကုမ္ပဏီကို ပြတ်သားတဲ့ သတင်းစကားပါးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ဝိုင်း မကူညီရင် အသံနှင့် အမှန်တရားများ တိတ်ဆိတ်သွားနိုင်သည့် မြန်မာနိုင်ငံမှ သတင်းမီဒီယာများကို အကူအညီပေးကြရန် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် တိုက်တွန်း 

မြန်မာနိုင်ငံက လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ပံ့ပိုးရပ်တည် ကူညီပေးဖို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်း က ဒီနေ့မှာ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

“ဝ” ထိန်းချုပ်ဒေသတွင်း ရွှေတူးဖော်မှုများကြောင့် ဒေသတွင်း ပတ်ဝန်းကျင်ညစ်ညမ်းမှု အပါအဝင် နယ်စပ်ဖြတ်ကျော်ကိစ္စများ ထိုင်းနှင့် စစ်ကောင်စီတို့ ဆွေးနွေးဟု ဆို

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

မြဝတီငွေလိမ်ဂိုဏ်းတွင် လုပ်ကိုင်ခဲ့သည့် အိန္ဒိယနိုင်ငံသား ၅၄၀ ကျော်ကို ပြန်ခေါ်ဖို့ အိန္ဒိယအစိုးရက စစ်လေယာဉ်တစ်စင်း စေလွှတ်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင် ဆိုတာ ဒီမိုကရေစီ အစပျိုးပေးမည့်သူ မဟုတ်၊ ရက်စက်ကြမ်းကြုတ်မှု၏ ပြယုဂ်သာ ဖြစ်သည်ဟု SAC-M ပြော

အာဏာသိမ်းစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အတုအယောင် ရွေးကောက်ပွဲ ကျင်းပပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်တင်ပေးနေသယောင် ဟန်ဆောင်နေပေမယ့် တကယ်တမ်းမှာ ပြည်သူတွေကို ရက်စက်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်သမားသာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M က ပြောဆိုလိုက်ပါတယ်။
Read More

မြန်မာအနေဖြင့် နယ်ကျော်ရာဇဝတ်မှုများ ဖြေရှင်းရန် အာဆီယံ လိုလား

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပေါ် သက်ရောက်မှုရှိနေတဲ့ နယ်ကျော်ရာဇဝတ်မှုပြဿနာကို မြန်မာအနေနဲ့ ဖြေရှင်းဖို့ အာဆီယံက လိုလားကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် က ပြောကြားလိုက်ပါတယ်။
Read More

မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲက အာဆီယံ ဘုံသဘောတူညီချက် ဆက်လက်အကောင်အထည်ဖော်ရေးအတွက်ပဲလို့ လာအိုအရာရှိပြော

ဘန်ကောက်မှာ အခုလအတွင်း ပြုလုပ်မယ့် မြန်မာ့အကျပ်အတည်းအရေး အလွတ်သဘော ညှိနှိုင်းဆွေးနွေးမှုဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ချက်ကို ပံ့ပိုးကူညီပေးနိုင်တယ်လို့ လာအို အကြီးတန်းအရာရှိတစ်ယောက်က ပြောပါတယ်။