ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် သေဆုံးပြီး နေအိမ် (၁)လုံးနဲ့ ဂိုဒေါင် (၁) လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး – KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ကော့ကရိတ် မြို့နယ်၊ တဘလုခို့ခီးကျေးရွာအတွင်း မတ်လ (၁၉) ရက် နေ့လည်ပိုင်းမှာ တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်ကောင်စီရဲ့ နေပြည်တော် လေတပ်ကနေ Yak-130 Jet Fighter တစ်စီးနဲ့ လာရောက် ဗုံးကြဲပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိနဲ့ ဗုံးကြဲပစ်ခတ်မှုကြောင့် တဘလုခို့ခီးကျေးရွာနေ အသက် (၃၆)နှစ်နဲ့ အသက် (၃၀) အရွယ် အမျိုးသား ၂ ယောက် ဆိုးရွားစွာ ထိမှန် သေဆုံးခဲ့ပြီး နေအိမ် (၁) လုံးနဲ့ ဂိုဒေါင် (၁)လုံးပါ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဘာသာရေးအဆောက်အဦးတွေ၊ ပြည်သူ့ဆေးရုံဆေးခန်းတွေ၊ စာသင်ကျောင်းတွေနဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာ နေရာတွေကို ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ လိုက်လံဗုံးကြဲပစ်ခတ်နေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ ပြည်သူတွေနဲ့ ပြည်သူပိုင်အဆောက်အဦးများ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

ကျောက်ဂူဒေသမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေ၊ စစ်ကောင်စီတပ်ဆီက ဒရုန်း ၁ လက် သိမ်းဆည်းရမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဆီက ဒရုန်း ၁ လက် သိမ်းဆည်းရမိခဲ့တယ်လို့ DPLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တိုက်ပွဲပြင်းထန်နေတာကြောင့် ဒီးမော့ဆို – ဖရူဆို – ထားလဲ ကားလမ်းကို အသုံးမပြုကြရန် ကရင်နီပြည်တပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ ထုတ်ပြန်ကြေညာ

ကရင်နီပြည်နယ်ကို အကြမ်းဖက်စစ်အုပ်စုက နေ့စဉ်နဲ့အမျှ စစ်ကြောင်းထိုးနေလို့ ဒီးမော့ဆို-ဖရူဆို-ထားလဲ ကားလမ်းပိုင်းပေါ်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အဆိုပါလမ်းပိုင်းကို ပြည်သူတွေ အသုံးပြုသွားလာတာတွေ မလုပ်ဖို့ ကရင်နီပြည်တပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

ချောင်းဦးဆီမီးသပိတ်အတွင်း စစ်တပ်ဗုံးကြဲမှုကြောင့် သေဆုံးခဲ့သူများအတွက် ဆုတောင်းပွဲ ပြုလုပ်

အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်ညမှာ ချောင်းဦး ဆီမီးသပိတ် ပြုလုပ်ရင်း သေဆုံးခဲ့ရသူတွေအတွက် ဆုတောင်းပွဲကို မနေ့က အောက်တိုဘာ ၁၃ ရက်မှာ ပြုလုပ်ခဲ့ကြပါတယ်။
Read More

မြိုင်မှာ ညောင်ဂျစ်ပင်ပျူရွာကနေထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းနင်းမိလို့ ၅ ယောက်သေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေထောင်ထားတဲ့ နင်းမိုင်း နင်းမိလို့ ကင်းပုန်းထွက်လာတဲ့ စစ်ကောင်စီတပ်သား ၅ယောက်သေဆုံးခဲ့ပြီး နယ်မြေရှင်းလင်းရေး သွားရောက်လုပ်ဆောင်ရာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်ပကဖ က ထုတ်ပြန်ပါတယ်။
Read More

မြစ်ဝကျွန်းပေါ်‌ဒေသမှာ ဧရာဝတီတိုင်း စစ်ဌာန အခြေချနိုင်တာသည် အောင်ပွဲဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြောကြား၊ နှစ် ၇၀ ကျော် သက်တမ်းရှိ အကြမ်းဖက်စစ်တပ်ကို ၄ နှစ်သား PDF က ဦးကျိုးအောင် ချိုးပစ်နိုင်ခဲ့ဟု ဆို

ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ဧရာဝတီတိုင်းစစ်ဌာနအနေနဲ့ မြစ်ဝကျွန်းပေါ်‌ဒေသကို အခြေချနိုင်ခဲ့တာဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တစ်ခုလုံးအတွက် အောင်ပွဲဖြစ်တယ်လို့ မေလ ၂၅ ရက်မှာ ကျင်းပပြီးစီးခဲ့တဲ့ ဗျူဟာ (၂၉) AYA PDF ရဲ့ သင်တန်းဆင်းပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားခဲ့ကြောင်း တိုင်းစစ်ဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် ရန်ကုန် နိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့များ တွေ့ဆုံကာ နိုင်ငံတကာ သံတမန်အခင်းအကျင်းအကြောင်း ဆွေးနွေးရှင်းပြ

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ ရန်ကုန် နိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့တွေ အွန်လိုင်းကတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ရန်ကုန်လွှတ်တော်က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။