ရခိုင်ပြည်နယ်ရှိ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် မြောက်ဦးမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရခိုင်ဒေသတွင်း သတင်းဌာနတွေ ဖော်ပြမှုနဲ့ ဒေသခံတွေဆီက သိရပါတယ်။

မြောက်ဦးမြို့၊ သကျမာရ်အောင်ဘုရား၊ ဘုန်းကြီးကျောင်း အနားတဝိုက်ကို မတ်လ ၁၈ ရက် မနက်အစောပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက် စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာဟာ Cluster(ပဒေသာဗုံး) ၁၀ လုံးတွဲ ၂ လုံးနဲ့ စုစုပေါင်းဗုံးသီး ၂၁ လုံးခန့် ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သားပြည်သူ နှစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျွဲနှစ်ကောင်လည်း ဗုံးစ ထိမှန် ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ် ကြဲချခဲ့တဲ့ ဗုံးသီးတချို့က မပေါက်ကွဲဘဲ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ Arakan Princess Media)

0 Shares:
You May Also Like
Read More

ချောင်းဦးမြို့နယ်ကို စစ်အုပ်စု Gyrocopter ၂ စီးဖြင့် ဗုံးကြဲ၊ ပြည်သူ ၂ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ကို အကြမ်းဖက်စစ်တပ်က Gyrocopter ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ယောက် သေဆုံးပြီး ၉ ယောက် ဒဏ်ရာရခဲ့တယ်လို့ နယ်မြေခံတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

နေပြည်တော်တိုင်းစစ်ဌာန၊ ဗျုဟာအမှတ် (၁၈) လက်အောက်ခံ တပ်ရင်းအမှတ် (၈၀၆) ရဲ့ အမှတ်စဉ်(၁/၂၀၂၄) အခြေခံစစ်ပညာ (သင်တန်းသားသစ်) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန ၊ဗျူဟာအမှတ် (၁၈) လက်အောက်ခံ တပ်ရင်းအမှတ် (၈၀၆) ရဲ့ အမှတ်စဉ်(၁/၂၀၂၄) အခြေခံစစ်ပညာ (သင်တန်းသားသစ်) သင်တန်းဆင်းပွဲကို အောက်တိုဘာ ၁၁ ရက် ဒီနေ့မနက်ပိုင်းက တော်လှန်ရေးနယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဧရာ၀တီ PDF စစ်ဗျူဟာ ဖွဲ့စည်းနိုင်မှုအပေါ် ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

တောင်ပိုင်းတိုင်းစစ်ဒေသမှာ ဧရာ၀တီ PDF စစ်ဗျူဟာ အမှတ် ၂၉ ကို ဖွဲ့စည်းနိုင်ခဲ့မှုအပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (People’s Liberation Force)က သဝဏ်လွှာတစ်ရပ် ပေးပို့လိုက်ပါတယ်။
Read More

ရေစကြိုမြို့နယ် ပ.က.ဖ နှင့် ABSDF အမှတ် ၃ စစ်ကြောင်းတို့ ပူးပေါင်းပြုလုပ်သည့် အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ( ၂) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (ပ.က.ဖ) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) အမှတ် (၃) စစ်ကြောင်းတို့ ပူးပေါင်းပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်းရဲ့ အပတ်စဥ် ( ၂) သင်တန်းဆင်းပွဲကို အညာဒေသ တနေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ABSDF က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကောလင်းမှာ စစ်ကောင်စီက ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၈ ယောက် သေဆုံးပြီး ကလေးငယ်အပါအဝင် အယောက် ၂၀ နီးပါး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၈ ယောက် သေဆုံးပြီး ကလေးငယ်အပါအဝင် အယောက် ၂၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကောလင်းခရိုင် တပ်ရင်း ၂ ထံက သိရပါတယ်။
Read More

သီပေါမြို့တွင် စစ်‌ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၅၀၀)ဗုံး ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင်(၅၀၀) ဗုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။