ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန၊ နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၈၀၃ (NPT PDF B-803) က ရဲဘော်အရှည်ကြီး ကျဆုံးခြင်း (၂)နှစ်ပြည့် ဝမ်းနည်းလွမ်းဆွတ် သတိရခြင်း အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

NPT PDF B-803 က ရဲဘော်အရှည်ကြီး (ခ) ငြိမ်းထက်နိုင် (ခ) သာကော ဟာ ၂၀၂၃ ခုနှစ် မတ်လ ၂၀ ရက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့တာ ဖြစ်ပါတယ်။

ရဲဘော်အရှည်ကြီး ကျဆုံးခြင်း(၂)နှစ်ပြည့် ဝမ်းနည်းလွမ်းဆွတ်သတိရခြင်း အထိမ်းအမှတ်အဖြစ် ဦးညွှတ်အလေးပြုခြင်း၊ ဂုဏ်ပြုတပ်ဖွဲ့က သေနတ်ဖောက်အလေးပြုခြင်း၊ တစ်မိနစ်ငြိမ်သက်ခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကဗျာရွတ်ဆိုတာ၊ ကဗျာရွတ်ဆိုပေးသူတွေကို ဆုချီးမြှင့်တာတွေ ပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားကို NPT PDF တပ်ရင်း ၈၀၃ ရဲ့ Fundraising Team ဖြစ်တဲ့ Cranes Logistic ရဲဘော်တွေက ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရေဖြူတွင် ခလရ (၄၀၄) မှ စစ်သား ၅ ဦး သေနတ် ၅ လက်နှင့် ခဲယမ်းများယူဆောင်ပြီး ဗထူးတပ်မတော်ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်မှာ ခလရ (၄၀၄) တပ်ရင်းက စစ်သားတွေ ဂိတ်စခန်းတာဝန်ကျရာကနေ လက်နက်တွေယူဆောင်ပြီး ထွက်ပြေးအလင်းဝင်ရောက်လာကြောင်း ဗထူးတပ်မတော် သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မိုးဗြဲက ရှေ့တန်းကင်းစခန်းတချို့ကို ကရင်နီတပ်ပေါင်းစု ပြန်လည်သိမ်းပိုက်ရရှိ…

ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်က လက်လွတ်ထားရတဲ့ ရှေ့တန်းကင်းစခန်းတချို့ကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ရာ ကင်စခန်းတချို့ ပြန်လည်ရရှိခဲ့ပြီး လက်နက်တချို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ သက်ဆိုင်ရာ စစ်ဒေသခွဲ အသီးသီးကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကြာနီကန်ရွာ လမ်းမကြီး အရှေ့နှင့် အနောက်ဘက်ခြမ်းက နေအိမ်များကို အစိုးရပိုင်ဟုဆိုကာ စစ်အုပ်စုက ၃ရက်ဆက် ဖျက်ဆီးခဲ့…

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကြာနီကန်ရွာ လမ်းမကြီးဘေးမှာရှိတဲ့ နေအိမ်ရာနဲ့ချီကို စစ်ကောင်စီက လမ်းပိုင်မြေ မလွတ်ဘူးဆိုပြီး ဘူဒိုဇာတွေနဲ့ ၃ ရက်ဆက် ဖျက်ဆီးခိုင်းခဲ့တယ်လို့ MDY Revolution တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပေါ်တာဆွဲခံခဲ့ရတဲ့ ပြည်သူ့စစ် လူငယ် ၃ဦး ULF စစ်ကြောင်းထံလက်နက်နှင့်တကွ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်အခြေစိုက် တော်လှန်ရေးအင်အားစုဖြစ်တဲ့ ယင်းမာပင်မြို့နယ် ပကဖ (လက်ရုံးတပ်) ULF စစ်ကြောင်းထံကို ပြည်သူ့စစ် လူငယ် ၃ယောက် လက်နက်နဲ့တကွ အလင်းဝင်ရောက် ခိုလှုံလာခဲ့တယ်လို့ ULFစစ်ကြောင်းကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ၏ ဘလယ်ဒိုတပ်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဆီက သိမ်းဆည်းရမိထားသည့် ၁၂၀ မမ ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့…

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းက စစ်ကောင်စီ ဘလယ်ဒိုတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာမှာ ဒရုန်းတွေ အသုံးပြုပြီး သိမ်းဆည်းရမိထားတဲ့ စစ်ကောင်စီတပ်ရဲ့ ၁၂၀ မမ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Federal Wings (FW) ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

မကွေးတိုင်းမှာ PDF တွေ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်နေ (ဓာတ်ပုံသတင်း)

မကွေးတိုင်းအတွင်း မကွေးတိုင်း PDF ရဲဘော်တွေက ပြည်သူတွေနဲ့ တွေ့ဆုံကာ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၇ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။