မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ် စခန်းကုန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၃ ယောက် သေဆုံးပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရေးပြောက်ကျားတပ် – YGF က ဒီနေ့ ထုတ်ပြန်ပါတယ်။

ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ ၃၃ နယ်မြေအတွင်းရှိ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး ကွမ်ကျိုက်ကျေးရွာအနီး တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကုန်းကို မတ်လ ၁၇ ရက်မှာ လက်နက်ကြီးတွေနဲ့ ၆ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲမှုကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်က ၃ ယောက် သေဆုံးပြီး တပ်ကြပ်ကြီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ YGF က ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ဒေါနတပ်ရင်း၊ ဒေါနစစ်ကြောင်း ၂ ၊ ရေးပြောက်ကျားတပ် (YGF) နဲ့ မဟာမိတ်တွေဖြစ်တဲ့ ရာမည စစ်ကြောင်းနဲ့ KNLA တပ်ရင်း ၂၇ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ YGF က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်း − မြန်မာနယ်စပ် ငါးရံ့နီစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ မြန်မာ-ထိုင်းနယ်စပ်ရှိ ငါးရံ့နီစခန်းက စစ်ကောင်စီတပ်သားတွေဟာ ဇွန်လ ၁၂ ရက်နေ့မှာ စခန်းကို စွန့်ခွာထွက်ပြေးသွားတယ်လို့ တပ်မဟာ (၄) မြိတ်−ထားဝယ်ခရိုင်အတွင်းရေးမှူးက မောင်းကို ပြောပါတယ်။
Read More

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းမှာ စစ်တပ်က အင်အားထပ်ဖြည့်ပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေ

ကရင်ပြည်နယ် မြဝတီ - ကော့ကရိတ် အာရှလမ်းတလျှောက်မှာ အကြမ်းဖက်စစ်တပ်က အင်အားတွေထက်မံဖြည့်တင်းလာနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေကြောင်း မြေပြင်မတော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
Read More

နောင်ချိုမြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀) ဗုံး ကြဲချရာ အမျိုးသား (၄) ယောက် ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၃၀၀) ဗုံး ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၄) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာလ ၁၃…
Read More

ရေစကြိုမှာ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းသင်တန်းတက်ခဲ့ရသည့် စစ်သား ၄ ဦး ခဲယမ်းများနှင့် အလင်းဝင်လာ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ (၂၅၈) တပ်ရင်းက စစ်ကောင်စီတပ်သား ၄ ယောက်ဟာ ခဲယမ်းတွေနဲ့တကွ အလင်းဝင်လာတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

ထိုင်းကနေ မြန်မာပြည်ဆီ နေရပ်ပြန်ပို့ခံရတဲ့ ၁၂၇ ယောက်ကို စစ်မှုထမ်းဖို့ စစ်ကောင်စီကနေ စောင့်ခေါ်သွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေ

ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ရနောင်းမြို့၊ အကျဉ်းထောင်ကနေ လွတ်ရက်စေ့လို့ နေရပ်ပြန်ပို့ခံခဲ့ရတဲ့ မြန်မာ ၁၂၇ ယောက်က်ု ကော့သောင်းမြို့ စစ်ကောင်စီလက်အောက်ခံ အာဏာပိုင်တွေက စစ်မှုထမ်းဖို့ ခေါ်ဆောင်သွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေကတဆင့် သိရပါတယ်။
Read More

MDY-PDF စိုးမိုးနယ်မြေမှ သီတင်းကျွတ် လပြည့်ည (ဓာတ်ပုံသတင်း)

နိုင်ငံကို ပြန်လည်တည်ဆောက်ရေးနဲ့ နိုင်ငံထဲက အ‌ရှုပ်အထွေးတွေကို ဖြေရှင်းဖို့ ခိုင်မာတဲ့ စီမံချက်တွေ ကြံ့ခိုင်ရေးပါတီ (USDP) မှာ ရှိတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။