အာဏာသိမ်းစစ်တပ်က တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ရာ ဒေသတွေနဲ့ ပြည်ပကို ရောက်ရှိနေတဲ့ နိုင်ငံသားတွေ ပြန်လာနိုင်တယ်လို့ ဒီနေ့ မတ်လ ၂၁ရက်မှာ ဖိတ်ခေါ်လိုက်ပါတယ်။

အာဏာသိမ်းစစ်အုပ်စုက တိုင်းပြည်ကို တည်ငြိမ်အောင် မထိန်းသိမ်းနိုင်တော့ချိန်မှာ မြန်မာနိုင်ငံသားတွေ မိမိတို့နေရပ်အသီးသီးကို ပြန်လာနိုင်တယ်လို့ ဝါဒဖြန့် ထုတ်ပြန်လိုက်တာပါ။

၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းက စပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို မလိုလားတဲ့ ပြည်တွင်းပြည်က လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် တိမ်းရှောင်ရသူတွေ အခု ပြန်လာနိုင်တယ်လို့ အာဏာသိမ်းစစ်တပ်က ထုတ်ပြန်ပါတယ်။

နိုင်ငံတစ်ဝန်း တည်ငြိမ်မှုကင်းမဲ့နေချိန်၊ အထွေထွေအကျပ်အတည်းတွေနဲ့ စစ်မှုထမ်းခြင်း အစရှိတဲ့ ပြည်သူတွေကို ပုံစံအမျိုးမျိုးနဲ့ ဖိနှိပ်နေချိန်မှာ ပြည်ပရောက်ပြည်သူတွေကို အာဏာသိမ်းစစ်တပ်ရဲ့ ပြန်လည်ခေါ်ယူ​နေမှုကို ပြည်သူတွေက ပြင်းပြင်းထန်ထန် ဝေဖန်လျက်ရှိနေပါတယ်။

ပြည်ပကို တိမ်းရှောင်နေကြရသူတွေဟာ ရောက်ရှိရာနေရာတွေမှာ လုံခြုံရေး အာမခံချက်မရှိမှု၊ လူမှုစီးပွားဘဝ အဆင်မပြေ ခက်ခဲမှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ပြန်လာချင်သူတွေရှိနေတယ်လို့ အာဏာသိမ်း စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စိုးရိမ်စိတ်ကြောင့် ထွက်ပြေး တိမ်းရှောင်နေကြတဲ့ ဝန်ထမ်းတွေ၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေ၊ နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေ၊ နိုင်ငံသားတွေကိုတော့ အထူးသက်ညှာစွာ ဖြေလျှော့ဆောင်ရွက်ပေးမယ်လို့လည်း စစ်ကောင်စီက ဆိုပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်တွေတုန်းကလည်း ပြည်ပရောက်နိုင်ငံသားတွေ ပြန်လာနိုင်ကြောင်း  ဖိတ်ခေါ်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ညောင်လေးပင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံးထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်းဒေသခံတွေဆီက သိရပါတယ်။
Read More

ကရင်အမျိုးသားအစည်းအရုံး (ဗဟို) ဌာနချုပ်မှာ ပြုလုပ်တဲ့ (၇၆) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား…

ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) ဌာနချုပ်တည်ရှိရာ နေရာတစ်နေရာမှာ ဇန်နဝါရီလ (၃၁) ရက်မှာ ကျရောက်တဲ့ ကရင့်တော်လှန်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
Read More

ဟုမ္မလင်းမှာ စစ်ကောင်စီ လက်အောက်ခံ ရှမ်းနီတပ် SNA တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၉ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ၇၅၃ တပ်ရင်းက တပ်ဖွဲ့ဝင် ၉ ယောက် လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

မံစီမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့မှု ABSDF တရားဝင်ထုတ်ပြန်

ကချင်ပြည်နယ်၊ မံစီမြို့က အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်ရင်းစခန်း အားလုံးကို သိမ်းပိုက်ပြီး မြို့ကို အလုံးစုံထိန်းချုပ်နိုင်ခဲ့တယ်လို့ ကျောင်းသားတပ်မတော် (ABSDF) က ဒီနေ့ ညပိုင်းမှာ တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

တံတားဦးမှာ ပြည်သူအပေါ် အနိုင်ကျင့်နေတဲ့ ပျူခေါင်းဆောင် ချစ်ဝင်းကို ပစ်ခတ်ရှင်းလင်း

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာ ပြည်သူတွေကို ဗိုလ်ကျ အနိုင်ကျင့်နေတဲ့ ပျူစောထီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ထံက သိရပါတယ်။ 
Read More

ဆီးမီးခုံမြို့မှာ စျေးထွက်ဝယ်တဲ့ စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁ ယောက်သေ၊ ၄ ယောက် ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ဆီးမီးခုံမြို့ထဲ စျေးဝယ်ထွက်တဲ့ အကြမ်းဖက်စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက အရပ်သားတွေကို ဖမ်းဆီးခဲ့ကြောင်း ရွှေဂျိုးဖြူ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံက သိရပါတယ်။