မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်မှာ ရက်အတန်ကြာ စစ်ကြောင်းဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက်က အင်အား ဆယ်ဂဏန်းခန့် သေဆုံးခဲ့တယ်လို့် စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

မတ်လ ၆ရက်နေ့ကနေ ၁၇ရက်နေ့အထိ စလင်း-ဆင်ဖြူကျွန်းလမ််းပိုင်းနဲ့ ဆင်ဖြူကျွန်း-တညောင်းလမ်းပိုင်းက ကျေးရွာတွေကို ၁၂ရက်ကြာစစ်ကြောင်း ဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်ကြောင်းဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ တိုက်ခိိုက်မှုကို ခံရတာနဲ့အမျှ အရပ်သားကျေးရွာတွေထဲ ဝင်​ရောက်မီးရှို့ခဲ့ရာ နေအိမ် ၁၇၀ ကျော်မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်ကြောင်းကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကြောင်းဝင်ရောက်စဥ် အရပ်သားနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တာနဲ့ ပတ်သက်လို့ စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ၁ယောက်က လည်း အခုလိုပြောပါတယ်။

“၇ရက်နေ့မှာ မကွေး၊ မင်းဘူးဖက်ကနေ ကားတန်းနဲ့စလင်းကို စဝင်ပြီး ၈ရက်နေ့မှာ ဆင်ဖြူကျွန်းကိုရောက်တယ်ပေါ့။ အဲ့မှာ ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ကြတယ်။ နောက်၂ရက်ကျတော့ ကျပင်းရွာနားက ​ကာကွယ်ရေးတပ်တစ်ခုရဲ့ ကင်းစခန်းကုန်းကို လေယာဥ်နဲ့​ဗုံးကြဲပြီး မီးရှို့တယ်။ ၁၂ရက်နေ့မှာ နေပူကန်ရွာကိုမီးရှို့တယ်။ ၁၃ရက်နေ့ကျ ကုက္ကိုတန်းရွာကို လက်နက်ကြီးနဲ့ပစ်တယ်။ အဲ့ဒီရွာ ၂ ရွာလုံး ကုန်လုနီးနီး ဖြစ်သွားပါတယ်။ နေပူကန်က အသက် ၅၀ ကျော် အမျိုးသမီးကြီးတစ်ယောက်လည်း မီးထဲပါသွားတယ်။ သူက စိတ်ကျန်းမာရေးမကောင်းတော့ မီးလောင်တာ မထွက်နိုင်ခဲ့ဘူး” လို့  စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ၁ယောက်က မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်ကြောင်းဟာ စလင်းမြို့နယ်အတွင်းက လမ်းပိုင်းတွေကို ကုန်းကြောင်း၊ လေကြောင်းနဲ့ စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး တင့်ကား၊ သံချပ်ကာကားတွေနဲ့ Mi35 လေယာဥ်တွေ ပါဝင်ခဲ့တယ်လို့ စလင်း ပကဖ က ပြောပါတယ်။

မတ်လ ၁၆ရက်နေ့ မတိုင်ခင်အထိ စလင်း​မြို့နယ်အတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေကို တပ်ရင်းတပ်ဖွဲ့တွေနဲ့အတူ ပကဖတပ်တွေ ပူးပေါင်း တိုက်ခိုက်နိုင်ခဲ့တာကြောင့် စစ်ကောင်စီဘက်က အထိနာပြီး လေကြောင်းပစ်ကူတွေပါ ဆက်တိုက်အသုံးပြုခဲ့တယ်လို့လည်း သိရပါတယ်။

အဲဒီနောက်မတ်လ ၁၆ရက်နေ့မှာလည်း ပွင့်ဖြူမြို့နယ်ဘက်ကနေ အင်အားဖြည့်တင်းဖို့လာတဲ့ စစ်ကောင်စီ ကား၆စီးကို စလင်း-ဆင်ဖြူကျွန်းလမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့သလို တညောင်တိုက်နယ်အတွင်းစစ်ကြောင်းထိုးလာတာကိုလည်း အလားတူထပ်ပြီး မိုင်းဆွဲနိုင်ခဲ့တယ်လို့ စလင်းပကဖက ပြောပါတယ်။

၁၂ရက်ကြာဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်ကြောင်းကို  စလင်းမြို့နယ် ပြည်သူ့ကာကွယ်အဖွဲ့နဲ့အတူ မင်းဘူးခရိုင် အမှတ် ၁တပ်ရင်း၊ ဒေါင်းစစ်အောင် (LPDF) ၊ မကွေးခရိုင် အမှတ် ၁တပ်ရင်း၊ မကွေးမြို့နယ်ပကဖ၊ ဆိပ်ဖြူမြို့နယ် ပကဖနဲ့ CGF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီထိတွေ့မှုတွေထဲ စစ်ကောင်စီဘက်က အင်အား ဆယ်ဂဏန်းပမာဏသေဆုံးပြီး အများအပြားထိခိုက်ခဲ့သလို တော်လှန်ရေးတပ်တွေလည်းထိခိုက်ဒဏ်ရာရရှိမှု များခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကြောင်းဟာ စလင်းမြို့နယ်ကို ပထမဆုံးအကြိမ်အဖြစ် အင်အားအလွန်အကျွံသုံးပြီး စစ်ကြောင်းထိုးဝင်ရောက်နေတာလို့လည်း စစ်အုပ်စုထောက်ခံသူ​တွေက​ ပြောပါတယ်။

ဒါ့အပြင် မတ်လ ၂၀ရက်၊ မနေ့ညနေပိုင်းမှာလည်း အကြမ်းဖက်စစ်ကောင်စီက စလင်းမြို့နယ်၊ ကင်မွန်းချုံရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ၁ယောက် သေဆုံးပြီး ၃ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီကြောင့် စလင်းမြို့နယ်အတွင်းက ကျေးရွာများ မီးလောင်ပျက်စီးခဲ့စဥ် (ဓာတ်ပုံ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့)

0 Shares:
You May Also Like
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် Local တပ်ရင်း (၁) ၏ အပတ်စဥ် (၂) သင်တန်းဆင်းပွဲ

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ တော်လှန်ရေးတပ်တွေ စိုးမိုးနယ်မြေတစ်နေရာမှာ ပခုက္ကူခရိုင် Local တပ်ရင်း (၁) - PDLB ရဲ့ အပတ်စဥ် (၂) သင်တန်းဆင်းပွဲကို သြဂုတ်လ ၄ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ Earthquake People's Defence Force က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အရက်မူးကာ သွေးသစ္စာသီချင်း မြို့ပတ် အော်ဆိုခဲ့သည့် ကျောင်းအုပ်ဆရာကြီးအပါ ၃ ဦးကို စစ်တပ် ဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ပေါ်မှာ အရက်မူးပြီး သွေးသစ္စာသီချင်းအော်ဆိုခဲ့တဲ့ ကျောင်းအုပ်ဆရာ ကြီး ၁ယောက် အပါအဝင် ပညာရေးဝန်ထမ်း ၃ယောက်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စစ်ကောင်စီ ဖမ်းဆီးထားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကျောက်မဲကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို  စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ဗကသများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး ပြန်လည်လွတ်‌မြောက်လာ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲချုပ်၊ ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌာဖြစ်သူ ကိုဝေယံဖြိုးမိုးဟာ သာယာဝတီအကျဉ်းထောင်မှာ အဓမ္မထောင်သွင်းအကျဥ်းကျခံထားရာမှ ဧပြီလ ၂ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာတယ်လို့ ဗကသများအဖွဲ့ချုပ်က ယနေ့ညမှာ ထုတ်ပြန်ထားပါတယ်။
Read More

မြို့သိမ်းဖို့ထက် မြို့ထိန်းဖို့ခက်လို့ တပ်သားသစ်တွေ ခေါ်ယူနေကြောင်း MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲ ပြော

မြင်းခြံခရိုင်ထဲက နွားထိုးကြီး၊ မြင်းခြံနဲ့ ဝမ်းတွင်းမြို့နယ်၊ ရေစကြိုမြို့နယ်တွေမှာ အဓိက စစ်ရေးလှုပ်ရှားနေတဲ့ Myingyan Black Tiger (MBT) တပ်ဖွဲ့ဟာ တပ်ဖွဲ့ဝင်အသစ်တွေ ခေါ်ယူနေပြီး မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲဖို့ စိုင်းပြင်းနေပါတယ်။ 
Read More

မတ်လတစ်လတာအတွင်း စစ်ကောင်စီတပ်က အလင်းဝင် (၆၈) ဦးနှင့် စစ်သုံ့ပန်း (၅၉) ဦးရှိဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း မတ်လတစ်လတာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အလင်းဝင်လာသူ (၆၈) ယောက်နဲ့ ဖမ်းဆီးရမိသူ (၅၉) ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။