အောက်ခြေမှာ ဥပဒေကို ကျော်လွန်ပြီး စစ်မှုထမ်းဆင့်ခေါ်မှုတွေရှိနေလို့  ပြဿနာအမြောက်အမြားကို ဖြေရှင်းနေရတယ်လို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။ 

ဥပဒေနဲ့အညီ မလုပ်ဆောင်တာကြောင့်  နိစ္စဓူဝ ပြဿနာတွေ ဖြေရှင်းနေရပြီး အခက်အခဲတွေ ရှိနေတယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက မတ်လ ၂၀ ရက်နေ့မှာ ကလောတပ်နယ် အရာရှိ၊ စစ်သည်၊ မိသားစုတွေနဲ့ တွေ့ဆုံစဉ် ထည့်သွင်းပြောကြားလိုက်တာပါ။ 

ပေါ်တာဆွဲခြင်း၊ စာရင်းမပါဝင်သူတွေကို ထည့်သွင်းခြင်း အစရှိတဲ့ ဥပဒေနဲ့အညီ မလုပ်ဆောင်မှုတွေရှိနေတာကြောင့် စစ်မှုထမ်းကိစ္စအတွက် ဖြေရှင်းနေရတယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက ဝန်ခံပြောကြားလိုက်ပါတယ်။

“ငွေကြေးမသမာမှုတွေကြောင့် စုဆောင်းခံရတဲ့ ပြည်သူ့စစ်မှုထမ်းတချို့ အခက်အခဲ အကျပ်အတည်း ဖြစ်ပေါ် လာပြီး ဒီပြဿနာကို ဖြေရှင်းနေရပါတယ်။ ဒါကြောင့် တပ်မတော်သားတွေအနေနဲ့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့တွေရဲ့ မှားယွင်းတဲ့လုပ်ဆောင်ချက်တွေ တွေ့ရင် အချိန်နဲ့တပြေးညီ တင်ပြဖို့လိုပါတယ်” လို့ ဒုစစ်ခေါင်းဆောင်က ဆိုပါတယ်။ 

အောက်ခြေမှာ စစ်မှုထမ်းကိစ္စရပ်ကို ဗန်းပြပြီး အုပ်ချုပ်ရေးမှူး၊ ပျူစောထီးနဲ့ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အကျိုးအမြတ် များစွာရရှိနေတဲ့အပေါ်ကိုတော့ ထည့်သွင်းပြောကြားသွားခြင်း မရှိပါဘူး။

အာဏာသိမ်း ဒုစစ် ခေါင်းဆောင်က စစ်မှုထမ်းဥပဒေအသက်သွင်းပြီးနောက် ဆင့်ခေါ်ရေးအဖွဲ့အဆင့်ဆင့် ဖွဲ့စည်းကာ သတ်မှတ်အရည်အချင်းရှိသူတွေကိုသာ ဥပဒေနဲ့အညီ သင်တန်းတွေဖွင့်ပြီး သင်ကြားပေးနေတယ်လို့လည်း ဝါဒဖြန့် ပြောဆိုပါတယ်။

၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်မှာ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အမျိုးသား စစ်မှုထမ်းတွေကို ခေါ် ဆောင်နေတာဟာ လက်ရှိမှာ အပတ်စဉ် (၁၁) ကို ရောက်ရှိလာပြီဖြစ်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ  အဓမ္မစုဆောင်းခြင်းခံထားရသူ နိုင်ငံတစ်ဝန်း ၁၅၀၀၀ လောက်ရှိနေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

0 Shares:
You May Also Like
Read More

ကော့ကရိတ်မှာ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင် ၁ ဦး သေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မြောက်ကမ္မရိုက်ရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ယောက် သေဆုံးခဲ့ပြီး ကလေးငယ်တွေ အပါအဝင် ၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ Mon Liberation Army က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တရုတ်ကောင်စစ်ဝန်ရုံးချုပ် တိုက်ခိုက်ခံရမှုကို NUG က ကန့်ကွက်ရှုံ့ချ

မန္တလေးမြို့က တရုတ်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံခဲ့ရမှုဖြစ်စဉ်ကို ကန့်ကွက်ရှုံ့ချတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ  NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
Read More

နမ့်ခမ်းတွင် အမျိုးသမီး (၁) ဦး ခြံရှင်းရာမှ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ သာယာကုန်းရပ်ကွက်မှာ နေထိုင်တဲ့ ဒေသခံအမျိုးသမီး (၁) ယောက် ခြံရှင်းရာမှာ မိုင်းတစ်လုံးကို ပေါက်မိပြီး ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နမ္မတူမြို့တွင် အကြမ်းဖက်စစ်တပ် လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီး‌ကျောင်း‌ဆောင် (၄) ဆောင် ထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း‌ဆောင် (၄)ဆောင် ထိမှန်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကုလသမဂ္ဂနှင့် အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံကြီး ၁၀ နိုင်ငံမှာ NUG အစိုးရ ကိုယ်စားလှယ်များ ခန့်အပ်တာဝန်ပေးနိုင်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ၄ နှစ်အတွင်း နိုင်ငံခြားရေးနည်းလမ်းအရ ကမ္ဘာ့နိုင်ငံကြီး ၁၀ နိုင်ငံမှာ ကိုယ်စားလှယ်တွေ ခန့်အပ်ထားရှိပြီးဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။