စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ပုဒ်မ ၃၃ အရ ပိတ်ဆို့အရေးယူပြီး ဝင်ငွေရလမ်းဖြတ်တောက်ဖို့ အကြိုကနဦး ဆုံးဖြတ်လိုက်တဲ့ အပေါ် ကြိုဆိုတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) က ထုတ်ပြန်လိုက်ပါတယ်။  

၂၀၂၅ ခုနှစ်၊ မတ်လ (၁၀) ရက်နေ့ကနေ (၂၀) ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ (၃၅၃) ကြိမ်မြောက် အုပ်ချုပ်ရေးအဖွဲ့ (Governing Body) အစည်းအဝေးကနေ စစ်ကောင်စီကို အရေးယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီကို ပိတ်ဆို့အရေးယူဖို့၊ ဝင်ငွေရပေါက်ရလမ်းဖြတ်တောက်ဖို့၊ စစ်ကောင်စီနဲ့ ထားရှိတဲ့ ဆက်ဆံရေးတွေကို ပြန်လည်သုံးသပ်အရေးယူဖို့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ ၂၀၂၅ ခုနှစ် ဇွန်လ ၂ ရက်နေ့ ဂျီနီဗာမှာ  ကျင်းပမယ့် ILO ညီလာခံမှာ  အတည်ပြုသွားနိုင်ဖို့အတွက် မူကြမ်းပြင်ဆင်ပေးတဲ့ ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်။ 

(၃၅၃) ကြိမ်မြောက် အုပ်ချုပ်ရေးအဖွဲ့ (GB) အစည်းအဝေးကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ရဲ့ လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက အလုပ်သမားအစုအဖွဲ့ (Workers’ Group) ရဲ့ ဒုတိယကိုယ်စားလှယ် (Deputy member) ဖြစ်၍ အုပ်ချုပ်ရေးအဖွဲ့ (GB) အစည်းအဝေးမှာ တိုက်ရိုက်ပါဝင်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါ်ခိုင်ဇာအောင်ကလည်း ITUC ရဲ့ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ပါဝင်တက်ရောက်ခဲ့တယ်လို့ CTUM က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီကို ပိတ်ဆို့အရေးယူရေးအပြင် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကို အကာအကွယ်‌ပေးစောင့်ရှောက်ရေးအပါအဝင် အကြမ်းဖက်စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို  တာဝန်ခံမှုရှိစေရေးနဲ့ တရားစွဲဆိုနိုင်ရေးကိစ္စတွေကိုပါ အကောင်အထည်ဖော်နိုင်ဖို့ အကြိုသဘောတူညီမှုရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန်လမှာ ကျင်းပ ပြုလုပ်ခဲ့တဲ့  (၁၀၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံကစပြီး စစ်ကောင်စီကို နိုင်ငံကိုယ်စားပြု တက်ရောက်ခွင့်မပြုခဲ့တာ ဖြစ်ပါတယ်။ ILO ဟာ အကြမ်းဖက်စစ်အုပ်စုကို လက်ရှိအချိန်အထိ  မြန်မာနိုင်ငံရဲ့  အစိုးရအဖြစ် အသိအမှတ်ပြုထားခြင်းမရှိတဲ့အပြင် နည်းပညာ၊ ငွေကြေးကူညီပံ့ပိုးပေးမှုတွေကိုလည်း ရပ်ဆိုင်းထားပါတယ်။

လက်ရှိမှာ အာဏာသိမ်းစစ်ကောင်စီကို  ILO က ပုဒ်မ ၃၃ နဲ့ အရေးယူပေးဖို့ ပြည်တွင်းပြည်ပ လှုပ်ရှားမှုတွေရှိနေပြီး နိုင်ငံအနှံ့အပြားမှာလည်း အလုပ်သမားတွေ၊ ‌သပိတ်အင်အားစုတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ဆန္ဒပြတောင်းဆိုမှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

0 Shares:
You May Also Like
Read More

ကလေးဒေသတော်လှန်ရေးတပ်၏ စုဖွဲ့လေ့ကျင့်မှုအစီအစဉ် Annual Camp 2025

ကလေးဒေသတော်လှန်ရေးတပ် (K.R.F) အနေနဲ့ Annual Camp 2025 စုဖွဲ့လေ့ကျင့်မှုအစီအစဉ်ကို တစ်လကြာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မြန်မာ့တရားစီရင်ရေးကို ကမ္ဘာက လေးစားဂုဏ်ယူရတဲ့ တရားရေးစနစ်ဖြစ်အောင် လုပ်ဆောင်ဖို့ အောင်လင်းဒွေး ပြောကြား

မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးကို ကမ္ဘာက လေးစားဂုဏ်ယူရတဲ့ တရားရေးစနစ်တစ်ခု ဖြစ်လာအောင် လုပ်ဆောင်ဖို့  အာဏာသိမ်းစစ်ကောင်စီ အတွင်းရေးမှူး အောင်လင်းဒွေးက ပြောကြားလိုက်ပါတယ်။
Read More

NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ငလျင်ဘေးဒဏ်သင့် နယ်မြေဆီ သွားရောက်ကူညီဆောင်ရွက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကွန်မင်းက ငလျင်ဘေးဒဏ်သင့်​ဒေသတစ်ခုဖြစ်တဲ့ စစ်ကိုင်းမြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စိုးမိုးထိန်းချုပ်နယ်မြေကို ဧပြီလ ၃ ရက်မှာ သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်းမြို့နယ်က ငလျင် ဘေးဒဏ်သင့် အိမ်ထောင်စု (၅၀၀) ကို မြို့နယ် ပကဖ ရိက္ခာ‌ ထောက်ပံ့

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းက ငလျင်ဘေးဒဏ်သင့် အိမ်ထောင်စု (၅၀၀) ကို စစ်ကိုင်းမြို့နယ် ပကဖ က ရိက္ခာ ထောက်ပံ့သွားမယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ထီးလင်းမြို့နယ်ဘက် စစ်တပ် စစ်ကြောင်းထိုးရင်း ဒေသခံ ၁၀ ဦးဝန်းကျင်ကို ဖမ်းဆီးသွား

မကွေးတိုင်း၊ ထီးလင်းမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုဟာ ဒေသခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

လောင်းလုံးမြို့ပေါ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး မိုင်းခွဲခံရပြီး မီးလောင်ပျက်စီး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံသံမဏိလိပ်ပြာတပ်ဖွဲ့ဆီက သိရပါတယ်။ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို လက်မခံတာကြောင့် ဆန့်ကျင်တဲ့အနေနဲ့ အခုလို မိုင်းခွဲခဲ့တာဖြစ်တယ် လို့လည်း ဆိုပါတယ်။ မိုင်းခွဲခံရတဲ့ ကြံ့ခိုင်ရေးရုံးကတော့ မီးလောင်ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။