စစ်ကောင်စီထံ လက်နက်ရောင်းချနေတဲ့ အိန္ဒိယစစ်လက်နက်ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံထားမှုတွေကို  ဆွီဒင်ပင်စင်ရန်ပုံငွေအဖွဲ့က ပြန်လည်ထုတ်ယူလိုက်ခြင်းအပေါ်  Justice For Myanmar (JFM) က ကြိုဆိုကြောင်း ထုတ်ပြန်လိုက်ပါတယ်။

အိန္ဒိယစစ်လက်နက်ကုမ္ပဏီ Bharat Electronics Limited (BEL) ဟာ မြန်မာအကြမ်းဖက် စစ်တပ်ထံ စစ်လက်နက်တွေ ရောင်းချမှုအတွက် အဆိုပါ ကုမ္ပဏီကို ရင်းနှီးမြှုပ်နှံမှုစာရင်းကနေ ဖယ်ထုတ်ဖို့ ဆွီဒင်နိုင်ငံ AP Pension Funds ရဲ့ ကျင့်ဝတ်ဆိုင်ရာကောင်စီကို JFM က တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

ဆွီဒင်ပင်စင်ရန်ပုံငွေအဖွဲ့ဟာ ၂၀၂၄ ခုနှစ်စာရင်းတွေအရ BEL ကုမ္ပဏီမှာ ဆွီဒင်ခရိုနာ ၃၅၉ သန်းကျော် (အမေရိကန်ဒေါ်လာ ၃၃.၈ သန်း) ရှယ်ယာပိုင်ဆိုင်ထားပြီး အဲ့ဒီရင်းနှီးမြုပ်နှံမှုတွေကို ရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။ 

Bharat Electronics Limited (BEL) ဟာ မြန်မာစစ်အုပ်စုရဲ့ တရားမဝင်အာဏာသိမ်း ကြိုးပမ်းမှုမတိုင်မီနဲ့ နောက်ပိုင်း ကာလနှစ်ခုလုံးမှာ စစ်ရေယာဉ်တွေအတွက် ရေဒါစနစ်တွေ၊ လေကြောင်းရန် ကာကွယ်ရေး စစ်လက်နက်အထိုင်စခန်းတစ်ခု၊ ရေဒီယိုစနစ်တွေနဲ့ စက်ပစ္စည်းကိရိယာတွေကို အကြမ်းဖက် မြန်မာစစ်တပ်ထံ ရောင်းချပေးခဲ့တယ်လို့ JFM က ထုတ်ပြန်ပါတယ်။

BEL ဟာ ၂၀၂၃ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၅ သန်းကျော် တန်ဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေကို မြန်မာစစ်တပ်ထံ လွှဲပြောင်းရောင်းချခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လမှာလည်း  မြန်မာစစ်တပ်အတွက် သုံးဘက်မြင်စောင့်ကြည့် ထောက်လှမ်းရေး ရေဒါတစ်ခုအတွက် ထိန်းချုပ်ရေးကိရိယာတစ်စုံကို  BEL က ရောင်းချထားပါသေးတယ်။  

ဒီဆုံးဖြတ်ချက်က အိန္ဒိယအစိုးရအနေနဲ့ အကြမ်းဖက် မြန်မာစစ်တပ်ကို စစ်လက်နက်နဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ လွှဲပြောင်းရောင်းချမှုအားလုံး အဆုံးသတ်ရပ်တန့်ပြီး နိုင်ငံတကာဥပဒေအရ သူတို့ရဲ့ တာဝန်ဝတ္တရားတွေကို လေးစားလိုက်နာဖို့ လှုပ်နှိုးလိုက်တာမျိုး ဖြစ်သင့်တယ်လို့ JFM က ထောက်ပြပါတယ်။

“မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို နှစ်ပေါင်းများစွာ အားပေးကူညီလာခဲ့တဲ့ BEL ကုမ္ပဏီကို ရင်းနှီးမြှုပ်နှံမှုစာရင်းက ဖယ်ထုတ်ခဲ့တဲ့ ဆွီဒင် ပင်စင်ရန်ပုံငွေရဲ့ လုပ်ဆောင်ချက်ကို ကျမတို့ ကြိုဆိုပါတယ်”လို့ Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။

ဒီဆုံးဖြတ်ချက်က အကြမ်းဖက် မြန်မာစစ်တပ်နဲ့လုပ်တဲ့ စီးပွားရေးလုပ်ငန်းတွေဟာ နိုင်ငံတကာဥပဒေတွေကို ဆန့်ကျင်ရုံသာမက ဆိုးရွားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေလည်း ဖြစ်တယ်လို့ BEL ကုမ္ပဏီကို ပြတ်သားတဲ့ သတင်းစကားပါးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ကျားဖြန့်တွေကို အင်တာနက်၊ လျှပ်စစ်မီးနဲ့ လောင်စာဖြတ်တောက်မှု ထိရောက်တယ်လို့ ထိုင်းဒုဝန်ကြီးချုပ်ပြော

မြန်မာနယ်စပ်တလျှောက် လည်ပတ်နေတဲ့ ကျားဖြန့်ဂိုဏ်းတွေအပေါ် ပစ်မှတ်ထားတဲ့ ထိုင်းအစိုးရရဲ့ မကြာသေးမီက အစီအမံတွေဟာ ထိရောက်မှုရှိတယ်လို့ ထိုင်းဒုဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးက ကြာသပတေးနေ့မှာ ပြောပါတယ်။
Read More

စစ်အာဏာသိမ်းခံထားရသည့် မြန်မာနိုင်ငံတွင် တရားစီရင်ရေးစနစ်အပေါ် ယုံကြည်မှု ပြိုလဲသွားပြီဟု ကုလ ထုတ်ပြန်

မြန်မာနိုင်ငံက လူငယ်တွေဟာ စစ်အာဏာသိမ်းပြီး ၄ နှစ်ကျော်အကြာ ဒီနေ့အချိန်မှာ တရားစီရင်ရေးစနစ်အပေါ် လုံးဝယုံကြည်မှု မရှိတော့ကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP Myanmar က ဒီနေ့ အောာက်တိုဘာလ ၁၄ ရက်မှာ ထုတ်ပြန်လိုက်လာပါတယ်။
Read More

ထိုင်းအစိုးရက ရွေ့ပြောင်းမြန်မာအလုပ်သမားများအတွက် နေထိုင်လုပ်ကိုင်ခွင့်ကာလ ၆လ ထပ်တိုးဟုဆို

“အရင်ကတော့ ၈လပိုင်းထိ ယာယီသက်တမ်းတိုးပေးတယ်။ အခုက ၈လပိုင်းကျော်တော့ ထပ်ပြီး ယာယီ သက်တမ်းတိုးပေးတာပေါ့နော်။ အမှန်က အခုလက်ရှိ သက်တမ်းတောင် မကုန်သေးပါဘူး။ ရှေ့လဆိုရင် CI ထုတ်ပေးမယ့် စခန်းတွေ လာဖွင့်မယ်လို့ ကြေညာထားတယ်။ ဒါပေမယ့် လူသစ်တွေ အတွက်ပဲဖြစ်ပါမယ်။ အဲဒီစခန်းမှာ လူအဟောင်းတွေကို သက်တမ်းတိုးပေးမပေးကတော့ သေချာမသိရသေးပါဘူး။ ဒါပေမယ့် ထိုင်းဘက်ကနေတော့ သူတို့ မလုပ်ပေးလည်း နေထိုင်အလုပ်လုပ်ခွင့်ရအောင် ယာယီ လုပ်ထားပေးတဲ့ သဘောပေါ့ ” လို့ FED အလုပ်သမားရေးဌာနက ဦးမင်းဦးက မောင်းကို ပြောပါတယ်။
Read More

မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေရဲ့ လျှောက်ထားမှု နိုင်ငံတကာသတင်းဌာနကြီးတွေမှာ အထူးသတင်းအဖြစ် ဝေဝေဆာဆာ ဖော်ပြကြ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ဖို့ ICC ရှေ့နေရဲ့ လျှောက်ထားမှုအပေါ် နိုင်ငံတကာသတင်းဌာနတွေမှာ ခေါင်းကြီးပိုင်းသတင်းတွေအဖြစ် ဝေဝေဆာဆာ ဖော်ပြခဲ့ကြပါတယ်။
Read More

မြန်မာနိုင်ငံဟာ ရွေးကောက်ပွဲလုပ်ဖို့ မသင့်တော်တဲ့ အခြေအနေဖြစ်လို့ နိုင်ငံတကာက ကန့်ကွက်ပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆို

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ မသင့်တော်တဲ့ အခြေအနေမျိုးမှာ စစ်ကောင်စီက ရွေးကောက်ပွဲကို မဖြစ်မနေပြုလုပ်ဖို့ အားစိုက်လုပ်ဆောင်နေလို့ နိုင်ငံတကာက အပြင်းအထန် ကန့်ကွက်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။
Read More

အစ္စရေးနှင့် အီရန် တိုက်ပွဲဖြစ်ပွားမှု ၅ ရက်မြောက်မှာ အပစ်ရပ်ဖို့ အီရန် တောင်းဆို၊ အစ္စရေး၏ ပစ်ခတ်မှုကြောင့် အီရန်ရှိ အကြီးဆုံး ယူရေနီယံသန့်စင်ရေးစက်ရုံ ထိခိုက်ပျက်စီး

အစ္စရေးနိုင်ငံနဲ့ အီရန်နိုင်ငံတို့ကြား နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ၅ ရက်မြောက်မှာတော့ အီရန်နိုင်ငံက အပစ်ရပ်ဖို့ တောင်းဆိုခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။