စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် ခမရ ၃၀၉ ကနေ အင်းတော်မြို့သို့ စစ်ကူလာတဲ့ အကြမ်းဖက်စစ် ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ ၃၃ ဘောက်သေပြီး ၃၁ ယောက် ဖမ်းဆီးမိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားပါတယ်။

ဗိုလ်မှူး လင်းထက် ဦးစီးတဲ့ ခမရ ၁၀၆၊ ၃၀၆၊ ခလရ ၆ ပူးပေါင်းအင်အား ၁၅၀ ခန့်ကို KIA၊ KPDF၊ ကသာခရိုင်တပ်ရင်း ၁၊ မိုးတားတိုက်နယ် ပကဖနဲ့ ကသာမြို့နယ် ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ MA-1 ၂၉ လက်၊ MA-2 ၆ လက်၊ MA-3 ၁၂ လက်၊ MA-4 ၃ လက်၊ MA-11 ၁ လက်၊ MA-15 ၁ လက်၊ Anti Drone Gun ၁ လက်၊ MA-10 ဗုံးသီး ၃၇ လုံး၊ MA ကျည် ၈၀၀၀ တောင့်၊ MA-15 ကျည် ၂၀၀၀ တောင့်၊ ၆၀ မမ ဗုံးသီး ၁၇ လုံး၊ ကျည်အိမ် ၁၁၃ ခု၊ ကျောပိုး Jammer ၁ ခု၊ ဆက်သွယ်ရေးစက် ၁ လုံး၊ အထိုင်ဖုန်း ၁ လုံးနဲ့ ကျည်ကာဦးထုပ် ၁၂ လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းကို အုပ်ကြီးက ပြစ်မှုကင်းကြောင်းထောက်ခံစာ ဘီယာဆိုင်မှာ လာယူခိုင်းလို့ အချင်းများ (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မယ့် အမျိုးသမီး ကိုယ်စားလှယ်လောင်းကို အမှတ် (၁၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာ ဘီယာဆိုင်မှာ လာယူခိုင်းတဲ့အတွက် နှစ်ဖက်အချင်းများခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ရေနံချောင်းကနေ ချောက်ကို ထွက်လာတဲ့ စစ်ယာဥ်တန်း မိုင်းဆွဲခံရပြီး အရာရှိအပါ စစ်သား ၁၂ ဦး သေ

မကွေးတိုင်း၊ ရေနံချောင်းကနေ ချောက်မြို့နယ်ကို စစ်ကူလာတဲ့ စစ်ကော်မရှင်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်အရာရှိအပါအဝင် ထိခိုက်‌သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ဆိုပါတယ်။
Read More

ဖားကန့်မြို့နယ်အတွင်း စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး သေဆုံး (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့ရာ ပြည်သူ ၃ ယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က ရဟတ်ယာဉ်နဲ့ ချပေးတဲ့ Starlink

ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က ရဟတ်ယာဉ်နဲ့ ချပေးတဲ့ Starlink အင်တာနက်စက်အပါအဝင် စက်ဘက်သုံးပစ္စည်းတွေနဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိ (ရုပ်/သံ)အောက်တိုဘာ ၂၆၊ ၂၀၂၄စစ်ကိုင်းတိုင်း ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က ရဟတ်ယာဉ်နဲ့ ချပေးတဲ့ Starlink အင်တာနက်စက်အပါအဝင် စက်ဘက်သုံးပစ္စည်းတွေနဲ့ ခဲယမ်းတွေကို တော်လှန်ရေးပူးပေါင်း တပ်တွေက သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

လင်းကတောရဲစခန်းမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များ ခုခံတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောရဲစခန်းကနေ ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဧပြီ ၁ ရက်က တော်လှန်ရေးတပ်ဖွဲ့တွေ ခုခံတိုက်ခိုက်ခဲ့ တယ်လို့ ပခုက္ကူခရိုင် တပ်ရင်း-၁၅ ထံက သိရပါတယ်။