မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်မှာ စစ်ကောင်စီအတွက် စစ်မှုထမ်း လူရှာပေးရင်း ပြည်သူ့စစ်ဖွဲ့ဖို့ လုပ်ဆောင်နေတဲ့ ရပ်ကွက်အာဏာပိုင်တွေကို သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်တပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မတ်လ ၁၇ရက် ညပိုင်းက စေတုတ္တရာမြို့နယ်၊ မြေနီကုန်းကျေးရွာမှာ နေထိုင်တဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါ ၂ယောက်ကို ပကဖတပ်ဖွဲ့ဝင်တွေက နေအိမ်အထိ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

“သူတို့က သေနတ်ပါရထားတော့ ဝင်ရှင်းတဲ့အခါ ကျည်ကွယ်တွေကနေ နေရာယူရသေးတယ်။ အဲ့ဒီလိုကနေမှ သူတို့ ထွက်ပြေးလို့ ပစ်ခတ်ပြီး ရှင်းလိုက်ရတာပါ။ ကျည် ၃၀လောက် ကုန်သွားပါတယ်။” လို့ စေတုတ္ထရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ရှင်းလင်းခံရတဲ့ အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါတွေဟာ ရပ်ရွာထဲက အရပ်သားတွေနဲ့ ရပ်ရွာပြည်သူ့စစ်ဖွဲ့ဖို့ လုပ်ဆောင်နေသလို စစ်မှုထမ်းအတွက်လည်း အတင်းအကြပ် လူသစ်စုဆောင်းတာ၊ ငွေညှစ်အနိုင်ကျင့်တာတွေ လုပ်ဆောင်နေတာကြောင့် အခုလို ရှင်းလင်းခဲ့ရတာလို့ ဆိုပါတယ်။

“သူတို့ကို ပထမတစ်ကြိမ် သတိပေးထားပြီးသားပါ။ ဒါကို ဂရုမစိုက်ဘဲ စစ်မှုထမ်းနဲ့ ပြည်သူ့စစ်ဖွဲ့ဖို့ ကြိုးစားတယ်ပေါ့။ အဲ့ဒါ ဒီရက်ပိုင်းအတွင်း ပြည်သူ့စစ်ဖွဲ့ဖို့ ကြိုးစားနေတယ်ဆိုပြီး ပြည်သူတွေကို ဖိအားပေးတယ်။ နောက်ပြီး စစ်မှုထမ်း မလိုက်နိုင်တဲ့အိမ်ဆို ငွေတောင်းတယ်။ နောက်ဆုံး အိမ်ဆောက်ပစ္စည်း ဝယ်တာကအစ သူတို့ဆီ အခွန်ချိန်ရတယ်။ အခုလည်း တစ်ရွာလုံးကို ပြည်သူ့စစ်ထဲထည့်ဖို့ ရက်ကကပ်နေပြီဆိုတော့ သူတို့အကောင်အထည်မပေါ်ခင် သွားရှင်းခဲ့တာပါ။” လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။

စေတုတ္တရာ ပကဖများ သိမ်းဆည်းရရှိသည့် ပြည်သူ့စစ်အင်္ကျီများ

ပကဖတပ်တွေ ဝင်ရောက်ရှင်းလင်းခဲ့တဲ့ မြေနီကုန်းရွာဟာ စေတုတ္ထရာမြို့နဲ့ နီးကပ်ပေမယ့် အခင်းဖြစ်နေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်ခဲ့ခြင်း မရှိဘူးလို့လည်း သိရပါတယ်။

“မြို့နဲ့ နီးတော့ စခနဲ့ ရဲတွေ ကျနော်တို့ သေနတ်သံကိုကြားမှာပါ။ သိလည်းသိနေကြတယ်။ မြို့နဲ့ ဆို ဆိုင်ကယ်နဲ့ ၁၀မိနစ်လောက်ပဲ စီးရတာ ဒါပေမယ့်ဖြစ်ဖြစ်ချင်း မလာရဲကြဘူး။ နောက်တစ်နေ့ မနက်ကျမှ နည်းနည်းပါးပါး လာကြည့်တယ်။ ဒီလူတွေက သူတို့ ဒုက္ခရောက်တာကို စကစ  လာမကယ်ဘူးဆိုတာ သိသိကြီးနဲ့ မိုက်နေတာပါ” လို့ စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်တပ်ဖွဲ့ တာဝန်ရှိသူ က မောင်းကို ပြောပါတယ်။

အဲ့ဒီနောက် သေဆုံးသွားတဲ့ စစ်အုပ်စုတွေဆီက ပြည်သူ့စစ်အကျီ ၆စုံနဲ့ စာရွက်စာတမ်းတွေသိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

စေတုတ္ထရာမြို့နယ်အတွင်း စစ်ကောင်စီထောက်ခံသူတွေက အင်အားအလုံးအရင်းနဲ့ ပြည်သူ့စစ်ဖွဲ့ဖို့ ကြိုးစားနေတာကြောင့် စစ်ကောင်စီနဲ့ ဆိုးဆိုးရွားရွား ပါဝင်ပတ်သက်နေသူတွေကို ရှင်းလင်းသွားမယ်လို့ စေတုတ္ထရာ ပကဖ က ပြီးခဲ့တဲ့ မတ်လ ၁၉ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါသေးတယ်။

 

0 Shares:
You May Also Like
Read More

နာဂဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို NUG အစိုးရ လက်နက်တပ်ဆင်ပေး

စစ်ကိုင်းတိုင်းရှိ နာဂဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တပ်ဖွဲ့ဝင်တွေကို လက်နက်တပ်ဆင်ပေးခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေကို နာဂဒေသ (ပကဖ) အထူး တိုက်ခိုက်ရေးတပ်ဖွဲ့က စက်တင်ဘာ ၁၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

၂၀၂၄ ခုနှစ်အတွင်း KNU ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများမှာ စစ်ကောင်စီတပ်သား (၃၁၃၆) ဦး သေ၊ (၂၂၂၅) ဦး ဒဏ်ရာရရှိခဲ့…

ကရင်အမျိုးသားအစည်းအရုံး - KNU နယ်မြေမှာ ၂၀၂၄ ခုနှစ်တစ်နှစ်တာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား (၃၁၃၆) ယောက် သေဆုံးခဲ့ပြီး (၂၂၂၅) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီအနေဖြင့် ၎င်းတို့လုပ်ဆောင်နေသော လေကြောင်းတိုက်ခိုက်မှုများအတွက် တာဝန်ခံရမည်ဟု NRFF ထုတ်ပြန်

စစ်ကောင်စီအနေနဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ ၄င်းတို့ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုများအတွက် တာဝန်ယူရမယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) က ထုတ်ပြန်ထားပါတယ်။
Read More

ကော့ကရိတ်မြို့နယ်ရှိ ဘလယ်ဒို စစ်ကောင်စီတပ်စခန်းကို KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းက စစ်ကောင်စီ ဘလယ်ဒိုတပ်စခန်းကို KNLA၊ KNDO နဲ့ PDF ပူးပေါင်းတပ်များက ဒီကနေ့ညနေမှာ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲမြို့တွင် တိုက်ပွဲမဖြစ်ပွားဘဲ စစ်‌ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး (၁)လုံး လာရောက်ကြဲချ တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက် (၂) မှာ တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့ ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရသေ့တောင်မြို့နယ်တွင် စစ်တပ် ဗုံးကြဲမှုကြောင့် ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်ကို အကြမ်းဖက်စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။