ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် သေဆုံးပြီး နေအိမ် (၁)လုံးနဲ့ ဂိုဒေါင် (၁) လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး – KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ကော့ကရိတ် မြို့နယ်၊ တဘလုခို့ခီးကျေးရွာအတွင်း မတ်လ (၁၉) ရက် နေ့လည်ပိုင်းမှာ တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်ကောင်စီရဲ့ နေပြည်တော် လေတပ်ကနေ Yak-130 Jet Fighter တစ်စီးနဲ့ လာရောက် ဗုံးကြဲပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိနဲ့ ဗုံးကြဲပစ်ခတ်မှုကြောင့် တဘလုခို့ခီးကျေးရွာနေ အသက် (၃၆)နှစ်နဲ့ အသက် (၃၀) အရွယ် အမျိုးသား ၂ ယောက် ဆိုးရွားစွာ ထိမှန် သေဆုံးခဲ့ပြီး နေအိမ် (၁) လုံးနဲ့ ဂိုဒေါင် (၁)လုံးပါ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဘာသာရေးအဆောက်အဦးတွေ၊ ပြည်သူ့ဆေးရုံဆေးခန်းတွေ၊ စာသင်ကျောင်းတွေနဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာ နေရာတွေကို ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ လိုက်လံဗုံးကြဲပစ်ခတ်နေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ ပြည်သူတွေနဲ့ ပြည်သူပိုင်အဆောက်အဦးများ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

ပဲခူးခရိုင်အမှတ် (၂) တပ်ရင်း စိုးမိုးနယ်မြေမှာ ဗိုလ်ချုပ် နှစ် ၁၁၀ ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်၊ အမှတ် (၂) တပ်ရင်းအနေနဲ့ စိုးမိုးနယ်မြေအတွင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် ၁၁၀ ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

နိုင်ငံတဝန်း အရပ်သားပစ်မှတ်များပါမချန် လေယာဥ်နှင့် ဗုံးကြဲနေသည့် စစ်ကောင်စီက EROs များ အပစ်ရပ်ကြေညာမှု လိုက်နာဖို့ ပြောပြန်

နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ စစ်ကြောင်းထိုးမှုတွေ အဆက်မပြတ် လုပ်ဆောင်နေတဲ့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ (EROs) အပစ်ရပ်ကြေညာမှု လိုက်နာဖို့ တိုက်တွန်းကြောင်း ပြောဆိုလိုက်ပြန်ပါတယ်။
Read More

စလင်းမြို့တွင် Grade 10 ကျောင်းသူကို Grade 12 ကျောင်းသား ၃ဦး အဓမ္မပြုကျင့်ကာ ဗီဒီယိုဖြန့်၊ သိန်း ၇၀၀ ဖြင့် ကျေအေးပေးဖို့ ညှိနှိုင်းနေ

မကွေးတိုင်း၊ စလင်းမြို့မှာ Grade 10 ကျောင်းသူ ၁ ယောက်ကို Grade 12 ကျောင်းသား ၃ ယောက်က အတင်းအဓမ္မ မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
Read More

ရိုးမပေါ် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုကို စနိုက်ပါနဲ့ ပစ်ကာ မိုင်းဆွဲတိုက်ခိုက်မှု ၁ ဦး သေ၊ ၁၀ ဦး ဒဏ်ရာရ

ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို စနိုက်ပါနဲ့ ပစ်ခတ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
Read More

မှော်ဘီလေတပ်ဌာနချုပ်ကို ဒရုန်းဖြင့် တိုက်ခိုက်၊ ဗိုလ်အပါ ၂ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့ရှိ စစ်ကောင်စီ လေတပ်ဌာနချုပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဇွန်လ ၉ ရက် မနေ့က ည ၇ နာရီလောက်မှာ အသေခံဒရုန်းနဲ့ သွားရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ Civilian Military SRDF တပ်ဖွဲ့ဆီက သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ကျိုက်ထိုမှာ ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူခဲ့ရ

စစ်ကောင်စီ က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကျိုက်ထိုခရွဲကျေးရွာဘုန်းကြီးကျောင်းက ဦးပဇ္ဇင်းတစ်ပါး ပျံလွန်ပြီး နှစ်ပါးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်လိုက်ပါတယ်။