ရခိုင်ပြည်နယ်ရှိ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် မြောက်ဦးမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရခိုင်ဒေသတွင်း သတင်းဌာနတွေ ဖော်ပြမှုနဲ့ ဒေသခံတွေဆီက သိရပါတယ်။

မြောက်ဦးမြို့၊ သကျမာရ်အောင်ဘုရား၊ ဘုန်းကြီးကျောင်း အနားတဝိုက်ကို မတ်လ ၁၈ ရက် မနက်အစောပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက် စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာဟာ Cluster(ပဒေသာဗုံး) ၁၀ လုံးတွဲ ၂ လုံးနဲ့ စုစုပေါင်းဗုံးသီး ၂၁ လုံးခန့် ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သားပြည်သူ နှစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျွဲနှစ်ကောင်လည်း ဗုံးစ ထိမှန် ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ် ကြဲချခဲ့တဲ့ ဗုံးသီးတချို့က မပေါက်ကွဲဘဲ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ Arakan Princess Media)

0 Shares:
You May Also Like
Read More

အရက်ထွက်ဝယ်သည့် စစ်သားများ အနီးကပ်ပစ်ခတ်ခံရပြီး နေရာမှာတင် ၂ ဦး သေ၊ ၁ ဦး ဒဏ်ရာဖြင့် ထွက်ပြေး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ အရက်ထွက်ဝယ်တဲ့ အကြမ်းဖက်စစ်သားတွေကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ယောက် သေဆုံးပြီး ၁ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Special_Task_Force (NGAZUN) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဟားခါးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး လက်နက် ၂ လက်နှင့်အတူ အလင်းဝင်လာ

ချင်းပြည်နယ် မြို့တော် ဟားခါးကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ခိုလှုံလာတယ်လို့ Senthang Revolution Force - SRF က ထုတ်ပြန်ထားပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်ကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၄ ဦး သေဆုံး

အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ကို ဒီနေ့ နေ့လယ်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၄ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ပါတယ်။
Read More

ပုသိမ်-မုံရွာလမ်းပိုင်းမှာ ကင်းပုန်းဝပ်ရာက ပြန်တဲ့စစ်​အုပ်စုတွေ ပစ်ခတ် တိုက်ခိုက်ခံရပြီး ၂ ယောက် သေ၊ ၄ ယောက် ဒဏ်ရာရ

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းမှာ စစ်အုပ်စု ကင်းပုန်းနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့မှုဖြစ်ပြီး စစ်ကောင်စီဘက်က ၂ ယောက်သေကာ ၄ ယောက် ဒဏ်ရာရသွားတယ်လို့ သရက်ခရိုင် အမှတ် ၄ တပ်ရင်း၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကို ပြောပါတယ်။
Read More

ရွှေကျင်မြို့နယ်ရှိ စစ်အုပ်စု ပြန်လည်တည်ဆောက်နေသည့် ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြိီးဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်တပ်က ၂ ဦး ပြင်းထန်ဒဏ်ရာရ…

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ အကြမ်းဖက် စစ်အုပ်စုရဲ့ ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြိီးနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်က ၂ ယောက် ပြင်းထန်ဒဏ်ရာရတယ်လို့ ပဲခူးခရိုင် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်က ရွှေကျင်မြို့နယ် တပ်ရင်းပြန်လည်တည်ဆောက်နေတဲ့ စစ်ကော်မရှင်ရဲ့ ခမရ ၅၉၈ တပ်ရင်းကို သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
Read More

ပြည်သူကို ပြန်သတ်နေသည့် စစ်တပ်က NLD ဖျက်ဆီးခဲ့သည့် ဒီမိုကရေစီလျှောက်လမ်းကို ပြန်တည်ဆောက်နေခြင်းဖြစ်ဟု ဇော်မင်းထွန်း ပြော၊ ရွေးကောက်ပွဲအတုကို မည်သူမှ နှောင့်ယှက်လို့မရဘူးဟု ကြုံးဝါး

အာဏာသိမ်းစစ်တပ်က လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို ဘယ်သူမှ နှောင့်ယှက်လို့မရဘူးလို့ စစ်တပ်ရဲ့ ရှေ့ထွက်ပြောကြားသူ ဇော်မင်းထွန်းက ကြုံးဝါးလိုက်ပါတယ်။