ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်က အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးနေတဲ့ ပျူစောထီးတွေရှိရာကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်သတိပေးတိုက်ခိုက်ခဲ့တယ်လို့ Mother Son မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ဗိုလ်နိုင်က မောင်းကို ပြောပါတယ်။

မတ်လ ၂၀ရက်၊ ဒီနေ့ နေ့လယ်ပိုင်းမှာ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ သွားဆေးတက္ကသိုလ်အနောက်ဘက်မှာရှိတဲ့ အောင်သစ္စာလမ်းနေ စစ်အုပ်စုလက်ဝေခံတွေရှိရာကို  ပြောက်ကျားတပ်ဖွဲ့ဝင်တွေက လက်ပစ်ဗုံး ၂လုံးနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“အဲ့ဒီအောင်သစ္စာလမ်းက စစ်တပ်နဲ့ပေါင်းနေတဲ့ ဒလန်တွေ၊ ပျူစောထီးတွေကို သွားရောက်သတိပေးတဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာပါ။ အခုကာလက စာမေးပွဲလည်း ဖြေနေကြတဲ့အချိန်ဆိုတော့ အရပ်သားတွေမထိခိုက်ဖို့ စာမေးပွဲဖြေတာပြီးတဲ့အထိ အသင့်စောင့်ပြီး ခွဲခဲ့ပါတယ်။” လို့  Mother Son မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ဗိုလ်နိုင်က မောင်းကို ပြောပါတယ်။

ပုံစာ – Mother Son ပြောက်ကျားတပ်ဖွဲ့ဝင်များ အသုံးပြုခဲ့သည့် လက်ပစ်ဗုံး ၂ လုံး

လက်ပစ်ဗုံးပေါက်ကွဲသံကို ပြည်ထောင်စုလမ်းမကြီးပေါ်ကပင် ကြားရကြောင်း ဒေသခံတွေက မောင်းကို ပြောကြားခဲ့သလို ကြီးပွားရေးရပ်ကွက်အတွင်း ရှိနေတဲ့ မူခင်းရဲဌာနကနေပါ အခင်းနေရာဆီ လုံခြုံရေးယူ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

ပြောက်ကျားတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခဲ့တဲ့ ကြီးပွားရေးရပ်ကွက်၊ အောင်သစ္စာလမ်းက စစ်ကောင်စီလက်ပါးစေတွေဟာ ရပ်ကွက်နေ လူငယ်တွေ စစ်မှုထမ်းရစေဖို့အတွက် စစ်ကောင်စီထံ သတင်းပို့ကူညီတာမျိုးတွေ ဆိုးဆိုးရွားရွား လုပ်ဆောင်နေပေမယ့် သတိပေးရုံသာ တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်နိုင်က ပြောပါတယ်။

“ပြောချင်တာကတော့ မိဘပြည်သူတွေအနေနဲ့ စစ်ခွေးတွေနဲ့ မပူးပေါင်းပါနဲ့။ သူတို့အနီးမှာလည်း မနေကြနဲ့ပေါ့နော်။ စစ်တပ်နဲ့ပေါင်းပြီး ဒလန်လုပ်တာ၊ စစ်မှုထမ်းဖို့ လက်ညိုးထိုးခိုင်းစေတာ၊ အားပေးတာတွေမလုပ်ဖို့ ကျနော်တို့ သတိပေးပါတယ်။ နောက်တစ်ခါကျ  ပြတ်ပြတ်သားသား အရေးယူမှာပါ။” လို့ Mother Son မြို့ပြပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူ ဗိုလ်နိုင်က ပြောပါတယ်။

ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် နေရာကို တွေ့ရစဥ်
0 Shares:
You May Also Like
Read More

ပေါက်မှ ပခုက္ကူသို့ ပြန်လာသည့် အကြမ်းဖက်စစ်ကြောင်း ရွာ ၃ ရွာအား မီးရှို့ဖျက်ဆီး၊ ဂျက်ဖိုက်တာဖြင့် အကြောင်းမဲ့ ဗုံးကြဲသည့်အတွက် အရပ်သား ၂ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ အင်အားအလုံးအရင်းသုံး ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းက ကျေးရွာ ၃ ရွာကို မီးရှို့ဖျက်ဆီးရင်း လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၂ ယောက် သေဆုံးခဲ့ကြောင်း အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။
Read More

ကျောက်မဲမြို့တွင် အကြမ်းဖက်စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သာမဏေ (၃) ပါးနှင့် အမျိုးသား (၁) ဦး ထိမှန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀) ဗုံး (၂) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် သာမဏေ (၃) ပါးနဲ့ အမျိုးသား (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။
Read More

ပုဂံမြို့သစ်တွင် ဆက်ကြေးကောက်နေသည့် ပျူခေါင်းဆောင်နှင့် နောက်လိုက် ၈ ယောက်ကို ပစ်ခတ်ရှင်းလင်း၊ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ ပုဂံမြို့သစ်၊ ဂန့်ဂါရပ်ကွက်ရှိ ပျူစောထီးခေါင်းဆောင်နဲ့ နောက်လိုက်နောက်ပါ ပျူစောထီး ၈ ယောက်ကို ချေမှုန်းရှင်းလင်းခဲ့တယ်လို့  ထနောင်းမြေစစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အရပ်သားတွေကို ငွေညှစ်နေတဲ့ စစ်ကောင်စီဂိတ် မိုင်းဆွဲခံရပြီး တပ်ကြပ် ၁ ယောက် ပွဲချင်းပြီး သေ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ ထိုင်းကုန်ပစ္စည်းဖမ်းဆီးမှုတွေကြောင့် ပစ္စည်းအဝယ်ပါးကာ ကုန်ကားသမားတွေ အရှုံးပေါ်နေ…

အကြမ်းဖက်စစ်ကောင်စီကနေ အခုရက်ပိုင်းအတွင်းမှာ အခွန်မဲ့ ထိုင်းကုန်ပစ္စည်းတွေကို တင်းတင်းကြပ်ကြပ် ဖမ်းဆီးလာတာကြောင့် ကုန်သည်တွေက ပစ္စည်းအဝယ်ပါးကာ ကုန်တင်ကားလုပ်ငန်း လုပ်ကိုင်သူတွေ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။
Read More

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်မှု စစ်ကောင်စီ အရာရှိ ၂ ဦးအပါ ၅ ဦး သေဆုံးဟု ဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ‌၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၅ ယောက် သေဆုံးခဲ့တယ်လို့ Brave Warriors For Myanmar (BWM) ကနေ သတင်းထုတ်ပြန်လာပါတယ်။