ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ထိန်းချုပ်စိုးမိုးနယ်မြေတွေမှာ လူထုတွေ့ဆုံပွဲတွေနဲ့ လေကြောင်းရန် ကာကွယ်ရေးအသိပညာမျှဝေပွဲတွေ ပြုလုပ်ခဲ့တယ်လို့ MDY-PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ပြည်သူ့ရေးရာဌာနကြီးက တပ်ဖွဲ့ဝင်တွေဟာ လေကြောင်းရန် ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပြည်သူတွေဆီ ဝေမျှခဲ့ပြီး လက်တွေ့ သရုပ်ပြမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအသိပညာပေးပွဲတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နဲ့ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (AFCC – Mdy) တို့ ပူးပေါင်းပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီအနေနဲ့ နိုင်ငံအနှံ့အပြားမှာ ပြည်သူကို ဦးတည်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ်ပြုလုပ်နေတာကြောင့် ပြည်သူလူထုအနေနဲ့ လေကြောင်းရန် ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို လိုက်နာကျင့်သုံးဖို့ MDY-PDF က တိုက်တွန်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

နတ်တလင်း၊ မကျီးပင် စစ်ဆေးရေးဂိတ်မှ စစ်သားများ စခန်းစွန့်ခွာ ထွက်ပြေး

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်၊ မကျီးပင်စစ်ဆေးရေးဂိတ်က စစ်သားတွေဟာ စခန်းကို ထားရစ်ခဲ့ကာ စခန့်စွန့်ခွာ ထွက်ပြေးကုန်တယ်လို့ ဒေသတွင်း တော်လှန်ရေးရဲဘော်တွေထံက သိရပါတယ်။
Read More

အင်းတော်တွင် ဆိုင်ကယ်ခိုးမှု သံသယဖြင့် မြို့နယ် ပကဖ ဖမ်းဆီးခံရသည့် ဒေသခံ စစ်ဆေးမေးမြန်းချိန် သေဆုံးသွားတယ်လို့ ဆို

စစ်ကိုင်းတိုင်း ၊ အင်းတော်မြို့နယ်ရှိ ရွာသာယာကျေးရွာက ပကဖ တပ်ဖွဲ့ဟာ ဒေသခံတစ်ယောက် ဆိုင်ကယ်ခိုးမှု သံသယရှိသူအဖြစ် ဖမ်းဆီးပြီးနောက် စစ်ဆေးမေးမြန်းချိန် သေဆုံးသွားတယ်လို ဒေသခံတွေဆီက သိရပါတယ်။
Read More

နဂါးဖြူစစ်ကြောင်းမှ တပ်သားတစ်ဦး ပေါက်ကိုယ်တော် ပျူအဖွဲ့ဆီကို ထွက်ပြေးပူးပေါင်းသွားလို့ ၄င်းနှင့် အဆက်အသွယ်ရှိသူများ သိစေလိုဟု ဆို

တောင်ပိုင်းတိုင်း အမှတ် ၃ စစ်ဒေသ၊ နဂါးဖြူစစ်ကြောင်းက ရဲဘော် အောင်ဇင်ဟိန်း (ခ) အောင်ပု ဆိုသူဟာ တော်လှန်ရေးကို သစ္စာဖောက်ကာ စစ်ကောင်စီလက်အောက်ခံ ပေါက်ကိုယ်တော် ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ထံ ရောက်ရှိသွားတယ်လို့ သိရပါတယ်။ 
Read More

ငလျင်ကြီးလှုပ်မည်ဟု သတင်းဖြန့်ဝေခဲ့သူကို စစ်ကောင်စီ ဖမ်းဆီး

ဧပြီလ၂၁ ရက်မှာ ကြီးမားတဲ့ ငလျင်ကြီးထပ်လှုပ်မယ်လို့ TikTok ကတဆင့် ပြောကြားခဲ့သူ နိုင်ကျဉ်းဟောင်းတစ်ယောက်ကို စစ်ကောင်စီက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
Read More

မင်းတပ်မြို့မှာ ပြည်သူတွေကို ပြန်လည်ဝင်ရောက် နေထိုင်ခွင့်ပြု

ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မင်းတပ်မြို့မှာ ပြည်သူတွေကို ပြန်လည်ဝင်ရောက် နေထိုင်ခွင့်ပြုပြီလို့  မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ထုတ်ပြန်ပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပေါ် ငွေညှစ်နေသည့် စစ်အုပ်စု အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခံရပြီး ၃ ဦး သေ၊ ၅ ဦး ထိခိုက်

စစ်ကိုင်းတိုင်း၊ မန္တလေး-မုံရွာ လမ်းပေါ်မှာ ဆက်ကြေးကောက်ငွေညှစ်နေတဲ့ စစ်အုပ်စုတွေ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရပြီး နေရာမှာတင် ၃ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ မုံရွာခရိုင် အမှတ် (၄) တပ်ရင်း Chindwin Attack Force က ထုတ်ပြန်ပါတယ်။