၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ အရပ်သားပြည်သူ ၃၄ ယောက်အထိ ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ မတ်လ ၂၀ ရက်အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုက သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အမျိုးသမီး (၃) ယောက်နဲ့ အမျိုးသား (၃၁) ယောက် စုစုပေါင်း (၃၄) ယောက် သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အသက် ၁၈ နှစ်အောက်ကလေးငယ် (၁) ယောက်နဲ့ အသက် ၉၃ နှစ်အရွယ် အမျိုးသမီး (၁) ယောက် အပါအဝင် အသက် ၆၀ နဲ့အထက် သေဆုံးသူ (၈) ယောက် ပါဝင်တယ်လို့ AAPP က ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ မကွေးတိုင်းက (၁၄) ယောက်နဲ့ သေဆုံးမှု အများဆုံးဖြစ်ပြီး ပဲခူးတိုင်းကတော့ (၆) ယောက် သေဆုံးမှုနဲ့ ဒုတိယအများဆုံးဒေသဖြစ်တယ်လို့ သိရပါတယ်။

မတ်လ ၁၁ ရက် နေ့လယ်ပိုင်းကလည်း တနင်္သာရီမြို့နယ်ကို ဆိုင်ကယ်နဲ့ ပစ္စည်းဝယ် ထွက်လာတဲ့ မြိတ်မြို့နယ်နေ ရမ်ဇာန်ခန်းနဲ့ သားဖြစ်သူတို့ဟာ ရေဖြူကျေးရွာအနီးရှိ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းချိန် သေနတ်နဲ့ ပစ်ခတ်ခံရပြီး ဖခင်ဖြစ်သူ သေဆုံးခဲ့ပါသေးတယ်။

AAPP ၏ ထုတ်ပြန်ချက်
AAPP ၏ ထုတ်ပြန်ချက်
0 Shares:
You May Also Like
Read More

စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေက CDM စစ်အရာရှိတွေကို အကူညီတောင်းခံပြီး စုံစမ်းနေ

ရှေ့တန်းမှာ ဖမ်းဆီးခြင်းခံလိုက်ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်တပ်ဘက်က တာဝန်ယူမှု လုံး၀မရှိဘဲ မိသားစုဝင်တွေက မိမိအစီအစဉ်နဲ့သာ မိမိမေးမြန်းစုံစမ်းနေရတယ်လို့ တပ်တွင်း သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး CDM ဗိုလ်ကြီးထက်မြက်ကပြောပါတယ်။
Read More

KNU ရဲ့ မြိတ်−ထားဝယ်ခရိုင်ဌာနချုပ်နှင့် တပ်မဟာ ဌာနချုပ်ဟောင်း တည်ရှိရာ ထီးခီးဒေသကို အလုံးစုံ ပြန်လည်သိမ်းပိုက်ကြောင်း KNU တရားဝင်ထုတ်ပြန်

တနင်္သာရီတိုင်း၊ မြိတ်−ထားဝယ်ခရိုင်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) ရဲ့ ခရိုင်ဌာနချုပ်နဲ့ တပ်မဟာဌာနချုပ်ဟောင်း တည်ရှိရာ ထီးခီးဒေသတစ်ခုလုံးကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU က ဒီနေ့ မွန်းလွဲပိုင်းမှာ တရားဝင်ထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်းစစ်အုပ်စုကို ထောက်ခံသူများ ပါဝင်မည့် အမည်ခံ ငြိမ်းချမ်းရေးဆွေးနွေးပွဲ နေပြည်တော်မှာ ပြုလုပ်မည်

စစ်အာဏာသိမ်းစဉ်ကပင် လက်ရှိအချိန်အထိ စစ်ကောင်စီကို ထောက်ခံအားပေးသူတွေနဲ့ စစ်ကောင်စီ အဓိက ထိန်းချုပ်ထားသူတွေသာ ပါဝင်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲလို့ အမည်တပ်ထားတဲ့ပွဲကို နေပြည်တော်မှာ ၃ ရက်တာ ကျင်းပမယ်လို့ သိရပါတယ်။
Read More

မိုင်းလုံမြို့နယ်တွင် စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် အပါအဝင် ရွာခံ ၁၀ ဦး သေဆုံးခဲ့

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့နယ်ကို အကြမ်းဖက်စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ဦး အပါအဝင် ရွာခံပြည်သူ ၁၀ ယောက် သေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) ထံက သိရပါတယ်။
Read More

နမခတွင် ပေါ်တာဆွဲ ဖမ်းဆီးခံထားရသည့် စစ်မှုထမ်း‌ တပ်သားသစ် ၄ ဦး သေနတ် ၃ လက်နှင့်အတူ ထွက်ပြေးလွတ်မြောက်လာ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာ ပေါ်တာဆွဲ ဖမ်းဆီးခံထားရတဲ့ စစ်မှုထမ်း‌ တပ်သားသစ် ၄ ယောက် သေနတ် ၃ လက်နဲ့အတူ ထွက်ပြေးလွတ်မြောက်လာတယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

ကနီ ပအဖ ညမထွက်ရအမိန့် ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကနီမြို့မှာ လုံခြုံရေးအားနည်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ညမထွက်ရ အမိန့်ကို ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) က ထုတ်ပြန်ကြေညာလိုက်ပါတယ်။