စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ စက်တပ်လေထီး အသုံးပြုတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ – CDSOM က ဒီနေ့ ထုတ်ပြန်ပါတယ်။

မတ်လ ၁၉ ရက် မနေ့က ညနေပိုင်းမှာ မြောင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းတွေကနေ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် မြောင်မြို့ရဲ့ တောင်ဘက်ရှိ လှေတင်ဦးရွာက အရပ်သား အမျိုးသား ၁ ယောက်နဲ့ မြောင်မြို့မြောက်ဘက်ရှိ ကျည်ကုန်းရွာက အမျိုးသား ၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်တာကြောင့် မြောင်မြို့ပေါ်နေ အရပ်သားပြည်သူ ၂ ယောက် သေဆုံးပြီး အမျိုးသမီး ၁ ယောက် ထိခိုက်ဒဏ်ရာရကာ နေအိမ် ၂ လုံး မီးလောင်ပျက်စီးသွားတယ်လို့ CDSOM က ဆိုပါတယ်။

မတ်လ ၂၀ ရက် ဒီနေ့ မနက်ပိုင်းမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေပြီး စက်တက်လေထီးနဲ့လည်း ပတ်ဝဲနေကာ ဗုံးကြဲဖို့ ပစ်မှတ်ရှာနေဆဲလို့ ထင်ရကြောင်း CDSOM က ဆိုပါတယ်။

မြောင်မြို့အနီးပတ်ဝန်းကျင်ရှိ ကျေးရွာတွေက အရပ်သားပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ စက်တပ်လေထီးနဲ့ လက်နက်ကြီး အန္တရာယ်ကနေ ကင်းဝေးအောင် ရှောင်တိမ်းနေဖို့ လိုအပ်တယ်လို့လည်း CDSOM က အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရေဦးမှာ ကျားမ ကြီးငယ် မရွေး စစ်တပ် ပေါ်တာဆွဲ ဖမ်းဆီးနေ၊ မြို့ပေါ် လူထက်ဝက်ကျော် တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က မြို့ပေါ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်တွေက လူကြီး၊ လူငယ်မရွေး၊ ယောက်ျား မိန်းမ မရွေး ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကို လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရန်ကုန်မြို့ အထင်ကရ နေရာများတွင် ၈ လေးလုံး ထီးသပိတ်ပြုလုပ် (ဓာတ်ပုံသတင်း)

အာဏာသိမ်းစစ်တပ်ရဲ့ လုံခြုံရေးအထပ်ထပ် တင်းကြပ်ထားတဲ့ ရန်ကုန်မြို့ရဲ့ အထင်ကရ နေရာတွေမှာ ဒီနေ့ကျရောက်တဲ့ ၃၇ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်အဖြစ် ‘၈’ သင်္ကေတစာလုံးရေးဆွဲထားတဲ့ ထီးတွေနဲ့အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး ပြုလုပ်ခဲ့ကြပါတယ်။
Read More

ကန့်ဘလူတွင် စစ်ကြောင်းဝင်စစ်အုပ်စုက အရပ်သား ၂ ဦးကို ပစ်သတ်ခဲ့၊ ကလေးငယ်နှင့် အမျိုးသမီးများအပါ အရပ်သား ၁၆ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက အရပ်သား ၂ ယောက်ကို ရွာထဲဝင်ရောက် ပစ်ခတ်သတ်ဖြတ်ရင်း ကလေးငယ်နဲ့အမျိုးသမီးတွေအပါ ၁၆ ယောက်ကို ဖမ်းဆီးခေါ်​ဆောင်သွားတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဒိုက်ဦးထောင်တွင် အကျဉ်းထောင်အလုပ်များကို ငြင်းဆန်သည့် နိုင်ငံရေးအကျဉ်းသူများ ပါဆယ်ပို့ခွင့် ကန့်သတ်ခံရ

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသူတွေဟာ အကျဉ်းထောင်အလုပ်တွေကို ငြင်းဆန်တာကြောင့် ပါဆယ်ပို့ခွင့် ကန့်သတ်ခံနေရကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) ကနေ သတင်းထုတ်ပြန်ပါတယ်။
Read More

ကြံ့ခိုင်ရေးကို မဲပေးပါက စစ်မှုထမ်းကမ်းလွတ်ခွင့်ရမည်ဟု မဲဆွယ်သည့် အုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူ ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ ကွေ့ချောင်းရပ်ကွက်က အုပ်ချုပ်ရေးမှူးနဲ့ ဇနီးဟာ စစ်အုပ်စုရဲ့ တရားမဝင် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကို မဲပေးရင် စစ်မှုထမ်းကင်းလွတ်ခွင့်ရမယ်လို့ မဲဆွယ်ခဲ့ပြီးတဲ့နောက် ပစ်ခတ်ရှင်းလင်းခံခဲ့ရတယ်လို့ သိရပါတယ်။
Read More

မြိုင်မှာ စစ်အုပ်စုစောင့်ကြည့်ခံနေရတဲ့ သရက်ကန်ရွာထဲက အရပ်သား၄၀ ကျော် ပြည်သူ့ကာကွယ်ရေးတပ်တွေဆီ ထွက်ပြေးခိုလှုံလာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ပျူစောထီးတွေ ပိတ်ဆို့စောင့်ကြည့်နေတဲ့ သရက်ကန်ရွာကနေ အရပ်သား ၄၀ ကျော် တော်လှန်ရေးအင်အားစုတွေဆီ ထွက်ပြေးခိုလှုံလာတယ်လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင် က မောင်းသတင်းဌာနကို ပြောပါတယ်။