စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် မြို့ပြင်မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က စက်တပ်လေထီး၊ လက်နက်ကြီးတွေ အသုံးပြု တိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ်တွေကို ပျက်စီးမှုကာ ပြည်သူ ၂ ယောက်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

မတ်လ ၁၉ ရက် မနက်ပိုင်းက မြောင်မြို့ပြင်မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြား ထိခိုက်မှုရှိခဲ့ပြီး မြို့ထဲရှိ ရဲစခန်းသို့ ပြန် လည်ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီးနောက် ညနေပိုင်းမှာ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ စက်တပ်လေထီးဖြင့် မြောင်မြို့ တောင်ရပ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၄ လုံး မီးလောင်ပျက်စီးခဲ့ပြီး အမျိုးသမီး ၁ ယောက် ဦးခေါင်း ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါ တယ်။

အဲဒီနောက် မတ်လ ၂၀ ရက် မနက်ပိုင်းမှာ မြောင်ရဲစခန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် အရပ်သားအမျိုးသား ၂ ယောက်သေဆုံးခဲ့ရပြီး အမျိုးသမီး ၁ ‌ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် မြောင်မြို့ပေါ်နဲ့ အနီးဝန်းကျင် ကျေးရွာနေပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးရှောင်တိမ်းခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိ  မြောင်မြို့ဝင်ပေါက်တွေဖြစ်တဲ့ မြောင်လမ်းခွဲအထိုင်စခန်းကနေ အင်အား ၁၅၀ ဝန်းကျင်နဲ့ မြောင်မြို့ပေါ်သို့ ဝင်ရောက်နေပြီး‌ ခြေတော်ရာကျေးရွာမှာလည်း စစ်ကြောင်းတစ်ခု တပ်စွဲထား တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြင်းမူမှာ PDF စခန်းတစ်ခုကို စစ်ကောင်စီ ဝင်ရောက်စီးနင်း၊ ၁၈ နှစ်အရွယ် ရဲဘော် ဘိုမင်းချီ ကျဆုံးခဲ့ရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း PDF တပ်ဖွဲ့စခန်းတစ်ခုကို စစ်ကောင်စီက ဝင်ရောက်စီးနင်းစဉ်  အပြန်အလှန်တိုက်ပွဲဖြစ်ပွားရာ PDF တပ်ဖွဲ့ဝင်တစ်ယောက် ကျဆုံးခဲ့ရပါတယ်။
Read More

Y-12 လေယာဥ်များ အတက်အဆင်း လုပ်နေသည့် ပခုက္ကူလေဆိပ်ကို တော်လှန်ရေးတပ်များ ရော့ကတ်များ၊ လက်နက်ကြီးများဖြင့်တိုက်ခိုက် (ရုပ်/သံ)

စစ်ကောင်စီက တိုက်ခုက်ရေးနဲ့ ထောက်ပို့အတွက် အသုံးပြုနေတဲ့ Y-12  လေယာဥ်များ အတက်အဆင်းပြုလုပ်နေတဲ့ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းက လေဆိပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ရော့ကတ်ကြီးများ၊ ၆၀မမ လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Pakokku Special Task Force က ယမန်နေ့က ထုတ်ပြန်ပါတယ်။
Read More

လွိုင်ကော်မြို့အနီးတိုက်ပွဲမှာ ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်သား သုံ့ပန်းများ

''အိမ် ၂ လုံး ၃ လုံး မီးရှို့တာ မြင်ဖူးပါတယ်။ လူကြီးတွေက ကြီးကြပ်တဲ့ သူတွေက ရှို့ဆိုတော့လည်း ရှို့ရတာပေါ့။ ပစ်ကွင်းမလွတ်တဲ့ အိမ်တွေဆို ရှို့ရတယ်။ အဝတ်အစားတွေ့တဲ့ အိမ်တွေ‌ဆို ရှို့ရတယ်။ ဒီလိုမျိုးလုပ်ခဲ့မိတာတွေ ခွင့်လွတ်ပေးပါလို့ ပြည်သူတွေကို တောင်းပန်ပါတယ်။အကြောင်းကြောင်းကြောင့် လုပ်ခဲ့ရတာပေါ့။ လုံးဝ လွန်ဆန်လို့ မရလို့ ဗိုလ်ကြီးတွေ အထက်အရာရှိရဲ့ စကားကို လွန်ဆန်လို့မရလို့ လုပ်ခဲ့ရတာ ''
Read More

အမှတ် (၁) စစ်ဒေသ ရဲ့ ကွန်မန်ဒိုလေ့ကျင့်ရေးသင်တန်းသို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် တက်ရောက်အမှာစကားပြောကြား (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) စစ်ဒေသရဲ့ ကွန်မန်ဒိုလေ့ကျင့်ရေးသင်တန်းသို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်သွားရောက်ကြည့်ရှုပြီး အမှာစကားပြောကြားခဲ့တဲ့ ရုပ်သံမှတ်တမ်းကို အမှတ် (၁) စစ်ဒေသမှ ယနေ့ နံနက်ပိုင်းမှ သတင်းထုတ်ပြန် လိုက်ပါတယ်။
Read More

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွင် အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI) ဗျူဟာမှ ဗျူဟာမှူး ကိုနွယ်နီ၏ သတိပေးပြောကြားချက် (ရုပ်/သံ)

''ခင်ဗျားတို့ စစ်ကောင်စီတပ်ကို လုံးဝ ပျက်သုန်းသွားတဲ့အထိ ကျနော်တို့ ​ချေမှုန်းမယ်။ သုတ်သင်မယ်။ ပြီးတော့ ခင်ဗျားတို့ စစ်ကောင်စီတပ်ကို တစ်ယောက်ချင်းစီ စစ်ခုံရုံးကို ဂုတ်စွဲပြီး ခေါ်တဲ့အဆင့်ထိရောက်အောင် ကျနော်တို့ ကြိုးစားသွားမယ်လို့ အသိပေးသတိပေးချင်တယ်"
Read More

ရွာသစ်ကျေးရွာအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချပြီး မြေပြင်မှာ ဝန်းရံတိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို စက်တင်ဘာ ၂၃ ရက် မနေ့က မနက် ၆ နာရီဝန်းကျင်ခန့်က တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့တယ်လို့ စစ်တောင်းမြစ်ဝှမ်း - ရေတာရှည် ပူးပေါင်းစစ်ဆင်ရေးထံက သိရပါတယ်။