နေပြည်တော်တိုင်းစစ်ဌာန၊ ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း (ခ) ဝင်းလှိုင်ကို သတ်ဖြတ်ခံရမှုဖြစ်စဥ်အတွက် ကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူပြီး ပွင့်လင်းမြင်သာစွာချပြသွားမယ့်အကြောင်းအပါအဝင် သဘောတူညီချက် ၅ခုကို ကယန်းပြည်သစ်တပ်မတော်ဘက်က ကတိကဝတ်ပြု သဘောတူခဲ့​ကြောင်း နေပြည်တော် PDF တာဝန်ရှိသူက မောင်းကိုလ ပြောပါတယ်။

မတ်လ ၂၀ ရက် ဒီနေ့မှာ ထုတ်ပြန်လိုက်တဲ့ နေပြည်တော်တိုင်းစစ်ဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ထုတ်ပြန်စာအရ မဟာမိတ်ညီနောင်အဖွဲ့အစည်းတွေရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုနဲ့အတူ ရဲဘော်ကိုစိုင်းဖြစ်စဉ်အတွက် ကယန်းပြည်သစ်တပ်မတော်နဲ့ သွားရောက်ဆွေးနွေးရင်း သဘောတူညီချက်တွေရရှိခဲ့တာလို့ သိရပါတယ်။

မတ်လ ၁၈ရက်နေ့က ကယန်းပြည်သစ်တပ်မတော် ရုံးစိုက်ရာ နယ်မြေကို နေပြည်တော်တိုင်းစစ်ဦးစီးရဲ့ တာဝန်ရှိသူတွေ သွားရောက်ဆွေးနွေးခဲ့ရာမှာ ရဲဘော်ကိုစိိုင်းဆီကနေ သိမ်းဆည်းထားတဲ့ 9mm ပစ္စတို၁လက်၊ လက်ကိုင်ဖုန်း၁လုံးနဲ့ Icon ဖုန်း၁လုံးတို့ကို ကယန်းပြည်သစ်တပ်မတော်က ပြန်လည်ပေးအပ်ခဲ့သလို နှစ်ဖက် သဘောတူညီချက် ၅ခုကိုလည်း အပြန်အလှန် ကတိကဝတ်ပြုခဲ့တယ်လို့ သိရပါတယ်။

ပထမဆုံး သဘောတူညီမှုအချက်အရ ရဲဘော်ကိုစိုင်း (ခ) ဝင်းလှိုင်ကိုရဲ့ ဖြစ်စဥ်အတွက် ပြစ်မှုနဲ့သက်ဆိုင်တဲ့ ကျူးလွန်သူတွေအားလုံးကို နှစ်ဖက်အဖွဲ့အစည်းတွေနဲ့ မဟာမိတ်တပ်ပေါင်းစုတွေရှေ့မှာ ဖော်ထုတ်အရေးယူပြီး ပွင့်လင်းမြင်သာစွာ ချပြသွားမယ်လို့ ကယန်းပြည်သစ်တပ်မတော်က ပြောပါတယ်။

အသတ်ခံရသည့် ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော် ကိုစိုင်း (ခ) ဝင်းလှိုင်ကို၏ ဂူ (ဓာတ်ပုံ Karenni People’s Voice)

နောက်တစ်ချက်ကတော့ စစ်မြေပြင်အတွင်း နယ်မြေဝင်ရောက်ရှင်းလင်းရာကနေ ကယန်းပြည်သစ်တပ်မတော်ရဲ့တပ်စုမှူး ၁ယောက် မတော်တဆမိုင်းနင်းမိကာ ကျဆုံးသွားခဲ့ရတဲ့အပေါ် ဝမ်းနည်းရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာနဘက်ကပြောကြားထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ရှေ့ဆက်ပြီးတော့လည်း အလားတူဖြစ်ရပ်မျိုးတွေ မဖြစ်ပေါ်စေဖို့ အောက်ခြေတပ်မှူးတွေအထိ ခိုင်မာတဲ့ယုံကြည်မှု ရှိစေရေး ဆောင်ရွက်ရန်၊ နှစ်ဖက်အဖွဲ့အစည်းတွေကြား လက်နက်အသုံးပြု ပဋိပက္ခမဖြစ်ရေးအတွက် အပြည့်အဝတာဝန်ယူ ကတိပြုရန်အချက်တွေကိုလည်း သဘောတူညီမှုရရှိခဲ့တယ်လို့သိရပါတယ်။

နောက်ဆုံးအချက်ကတော့ တော်လှန်ရေးအကျိုးစီးပွားကိုရှေးရှုကာ အသေးအဖွဲ့ကိစ္စတွေကအစ အလျင်အမြန် ညှိနှိုင်းဆောင်ရွက်ရင်း စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နိုင်တဲ့အထိ ယုံကြည်မှုတည်ဆောက်သွားမယ်လို့လည်း ဆိုထားတာဖြစ်ပါတယ်။

ဒီဖြစ်စဥ်အတွက် ကယန်းပြည်သစ်တပ်မတော်နဲ့သွားရောက်ဆွေးနွေးခဲ့တဲ့ နေပြည်တော်စစ်ဦးစီးအဖွဲ့ဝင် ၁ယောက်ကတော့ “လက်ရှိတော့ စာထုတ်ထားတဲ့ သဘောထားအတိုင်း ကိုစိုင်း ဖြစ်စဥ်အတွက် ကျူးလွန်သူတွေကို တရားမျှတမှုရှိရှိ ထိထိရောက်ရောက် အရေးယူပေးနိုင်ဖို့နဲ့ အမှုပြီးဆုံးတဲ့အထိ ကြိုးစားသွားမှာပါ။ သီးခြားတော့ ပြောစရာမရှိသေးပါဘူး။” လို့ မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ပထမပတ်အတွင်း ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်မှာ စစ်ကောင်စီနဲ့ ​ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက် မတ်လ  ၃ ရက်နေ့မှာ ပျဥ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း (ခ) ဝင်းလှိုင်ကို ကို  ကယန်းပြည်သစ်တပ်မတော် ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီးသိန်းဟန်က ခေါ်ဆောင်ခိုင်းတယ်ဆိုပြီး ကယန်းပြည်သစ်နယ်မြေ၊ အမှတ်(၆)မြို့နယ် ဒုတပ်မဟာမှူး ဖိုးခွားက လာရောက်ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ ရဲဘော်ကိုစိုင်း ရက်အတန်ကြာ ပျောက်ဆုံးနေခဲ့ပြီး မတ်လ ၁၃ရက်နေ့မှာ ကယန်းပြည်သစ်နယ်မြေ တစ်နေရာကနေ ညှင်းပန်းနှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့အတူ သေဆုံးနေကြောင်း ပြန်လည် ရှာဖွေအတည်ပြုနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ စစ်ဘေးရှောင်ပြည်သူ ၅ ဦးအထိ ရှိလာ

ရခိုင်ပြည်နယ်ရှိ ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် သေဆုံးသူ စစ်ဘေးရှောင်ပြည်သူ ၅ ယောက်အထိရှိလာပြီလို့ ဒေသခံတွေနဲ့ ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြမှုအရ သိရပါတယ်။
Read More

ထန်တလန်အခြေစိုက် ခလရ ၂၆၉ တပ်ရင်းက စစ်ကောင်စီတပ်သား ၁ ယောက် လက်နက် ၂ လက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာ…

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၂၆၉ တပ်ရင်းက တပ်သား ၁ ယောက် လက်နက် ၂ လက်၊ ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ PDF Zoland က ဒီနေ့…
Read More

CDM ကျောင်းဆရာမနှင့် ခင်ပွန်း အသတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး လုပ်ဆောင်သွားမည်ဟု မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း ထုတ်ပြန်

တနင်္သာရီတိုင်း၊ ပုလောမြို့မှာ နေထိုင်တဲ့ CDM ဆရာမ ဒေါ်အေသီအောင်နဲ့ ခင်ပွန်းဖြစ်သူတို့ အသတ်ခံမှုအပေါ် အမှုမှန်ပေါ်ပေါက်ရေးအတွက် လုပ်ဆောင်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

မန္တလေးမှာ စစ်သားသစ် စုဆောင်းခံရသူ စစ်ကောင်စီတပ်သားသစ်တစ်ဦး စလင်း ပကဖ ထံ ခဲယမ်းများနှင့် အလင်းဝင်

မကွေးတိုင်း၊ စလင်းမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ကနေ စစ်မှုထမ်းဆင်း စစ်ကောင်စီတပ်သားသစ် ၁ ယောက် ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်း (စလင်း ပကဖ)က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သီတာယုမွန်စစ်ကြောင်းထံမှ သိန်း ၁ ထောင်ကျော် တန်ဖိုးရှိ တိုက်ခိုက်ရေး ဒရုန်း ၁ စီးကို နွားထိုးကြီး ပကဖ သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ ပျူခေါင်းဆောင် သီတာယုမွန် ရဲ့ အကြမ်းဖက်စစ်ကြောင်းထံက ၆ လက် ဒရုန်း ၁ စီးကို သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နိုင်ငံကာကွယ်ရေးအတွက် စစ်တပ်ဘတ်ဂျတ်ကို ပိုမိုအသုံးပြုနေရသည်ဟု မတရား အာဏာဖက်တွယ်ထားသည့် မင်းအောင်လှိုင် ပြော

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကာကွယ်ရေးအတွက် ဘတ်ဂျက် ပိုမိုအသုံးပြုနေရတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဝန်ခံပြောကြားလိုက်ပါတယ်။