တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထားဝယ်နည်းပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ် ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက်သေကာ သေနတ် ၃ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ YePhyu People Defence Force အဖွဲ့ထံက သိရပါတယ်။

မတ်လ ၁၈ ရက် နံနက်ပိုင်းက ထားဝယ်မြို့နယ် ဘုရားမဲစစ်ဆေးရေးဂိတ်အနီးရှိ ထားဝယ်နည်း ပညာတက္ကသိုလ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ စျေးဝယ်ထွက်လာချိန် လမ်းခုလတ်တစ်နေရာမှာ တော်လှန်ရေးတပ်တွေရဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၃ ယောက်သေခဲ့ တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေထံကနေ G-3 ၂ လက်၊ G-4 ၁ လက်နဲ့ ဆက်စပ်ပစ္စည်း အချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ရဲ့ ဦးဆောင်မှုနဲ့ ရေဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YePhyu People Defence Force – YPPDF)က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပုသိမ်-မုံရွာကားလမ်းအတိုင်း ထိုးစစ်ဆင်လာသည့် စစ်ကောင်စီစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပုသိမ်-မုံရွာကားလမ်းအတိုင်း တင့်ကားတွေအပါအဝင် အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် - ၅ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေးမြို့ပေါ်ရှိ စကခ ၁၉ နှင့် အမတ ၃၁၅ အမြောက်တပ်ကို ရှော့တိုက်ဒုံးများနှင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ် ရေးမြို့ပေါ်ရှိ စကခ ၁၉ နဲ့ အမတ ၃၁၅ အမြောက်တပ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့  ရာမညမွန်တပ်တော်(RMA)က သတင်းထုတ်ပြန်ထားပါတယ်။
Read More

Myingyan Black Tiger(MBT) တပ်ဖွဲ့ရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းမယ့် “ကျားမဲဟိန်းသံမြိုသိုညံ” သိန်း ၇၀၀၀ ကမ်ပိန်းပြုလုပ် (ရုပ်/သံ)

Myingyan Black Tiger(MBT) တပ်ဖွဲ့ရဲ့ လိုအပ်နေတဲ့ လက်နက်ခဲယမ်းဝတ်စုံတွေ ဖြည့်တင်းနိုင် ဖို့ "ကျားမဲဟိန်းသံမြိုသိုညံ" သိန်း ၇၀၀၀ ကမ်ပိန်းပြုလုပ်ထားတယ်လို့ တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဆိုပါတယ်။
Read More

ဆက်ကြေးကောက်ရန် အိမ်စီးကားဖြင့် ထွက်လာသည့် ရဲများ တိုက်ခိုက်ခံရပြီး ဒုရဲအုပ်အပါ ၄ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း ဆက်ကြေးကောက်ဖို့ အိမ်စီးကားနဲ့ ထွက်လာတဲ့ စစ်ကော်မရှင် လက်အောက်ခံ ရဲတွေကို တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်အပါအဝင် ၄ ‌ယောက် သေဆုံးခဲ့တယ်လို့ Budalin Mobile Team က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တောင်သာမြို့အနောက်ဘက် စစ်တပ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၂ ဦး သေပြီး ၂ ဦး ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း ‌‌တောင်သာမြို့ အနောက်ဂိတ် ‌(ခေါ်) သံလမ်းဂိတ်ကို တော်လှန်ရေးတပ်ရေး ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Scorpions People Defense Force က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

Justice Soldier Droneတပ်ဖွဲ့ နည်းပညာအင်အားဖြည့်တင်းဖို့အတွက် သင်တန်းသားအယောက် ၂၀၀ ခေါ်ယူ (ရုပ်/သံ)

Justice Soldier Droneတပ်ဖွဲ့ နည်းပညာအင်အားဖြည့်တင်းဖို့အတွက် သင်တန်းသား အယောက် ၂၀၀ ခေါ်ယူလျက်ရှိတယ်လို့ သိရပါတယ်။