တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ တပ်စွဲရာနေရာကနေ စျေးထွက်ဝယ်တဲ့ အကြမ်းဖက်စစ်သားတွေကို ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၃ ယောက်သေဆုံးပြီး သေနတ် ၃ လက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Yephyu People Defense Force က ထုတ်ပြန်ပါတယ်။

မတ်လ ၁၈ရက်နေ့ မနက်ပိုင်းက ထားဝယ်မြို့၊ ဘုရားမဲစစ်ဆေးရေးဂိတ်အနီး၊ နည်းပညာတက္ကသိုလ်ဝန်းထဲ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေ စျေးဝယ်ထွက်လာချိန်မှာ ပစ်ခတ်မှုဖြစ်ခဲ့တာလို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေက စစ်ကောင်စီတပ်သားတွေအလာကို အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သား၃ယောက် နေရာတင်​ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

သိမ်းဆည်းရမိခဲ့သည့်လက်နက်များအား တွေ့ရစဥ်

သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေထံက G-3 ၂ လက်၊ G-4 ၁ လက်နဲ့ ဆက်စပ်ပစ္စည်း အချို့ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း Yephyu People Defense Force က ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ရဲ့ ဦးဆောင်မှုနဲ့ ရေဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YePhyu People Defence Force – YPPDF)က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

တော်လှန်ရေးနဲ့ စစ်ရေးအရှိန်တွေမြင့်လာတာနဲ့အမျှ အရပ်သားတွေ စစ်ရေးသတိပြု သွားလာနေထိုင်ကြဖို့နဲ့ ပြည်သူဘက်ရပ်တည်လိုတဲ့ စစ်ကောင်စီဘက်တော်သားတွေကို ထားဝယ်အခြေစိုက်တော်လှန်ရေးအင်အားစုတွေက ဖိတ်ခေါ်နေတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မူးရူးသောက်စားနေသည့် စစ်အုပ်စုဂိတ်စခန်းကို MBT နှင့် ပူးပေါင်းတပ်များ အနီးကပ်ဝင်ပစ်၊ စစ်အုပ်စုဘက်က ၁၄ ဦး သေပြီး ၈ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သောက်စားမူးယစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အနီးကပ် သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၄ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ကြောင်း Myingyan Black Tiger (MBT)  ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကိုပြောပါတယ်။
Read More

သင်္ကြန်ကာလ ဥပုသ်သီလစောင့်တည်နေသည့် ပြည်သူများကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့ ကမ်းနီရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ယောက်ထက်မနည်းသေဆုံးပြီး ၂၀ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ရာမညစစ်ကြောင်းက အဝေးပြေးလမ်းပိုင်း တစ်နေရာမှာ စစ်ဆေးမှုပြုလုပ် (ဓာတ်ပုံသတင်း)

မွန်ပြည်နယ်မှာ အခြေစိုက်ပြီး စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတဲ့ ရာမညစစ်ကြောင်းက မွန်ပြည်နယ်အတွင်း အဝေးပြေးလမ်းပိုင်းတစ်နေရာမှာ လုံခြုံရေးအတွက် စစ်ဆေးမှုတွေပြုလုပ်နေပုံကို အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ကံမ ရေနံသာရဲစခန်းမှ ထွက်လာသည့် အကြမ်းဖက်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၇ဦးသေဆုံး

မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ် ရေနံသာရဲစခန်းကနေ ထွက်လာတဲ့ အကြမ်းဖက်ခြေလျင်စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်လို့ စစ်အုပ်စုဝင် ၇ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရှိသွားတယ်လို့ သရက်ခရိုင် အမှတ်(၄) တပ်ရင်း သတင်းတာဝန်ရှိသူ ကိုမြတ်က မောင်းကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ရက်နေ့ ညနေပိုင်းက ကံမမြို့နယ်၊ မင်းရွာနားကို ရောက်ရှိလာတဲ့အင်အား ၁၀၀ ပါ စစ်ကြောင်းရဲ့ရှေ့ပွိုင့်ကို အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၀မိနစ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီတပ်သားတွေ မိုင်းရှင်းဖို့ထွက်လာရင်း မိုင်းခွဲခံရကာ ၂ ယောက်သေ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ မိုင်းရှင်းဖို့ကြိုးစားတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ယောက်သေကြောင်း BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပေါက်ခေါင်းမှာ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။